Monday, July 29, 2013
မိုးကောင်း သပိတ်တိုက်ပွဲ (၂)
စစ်တပ်နဲ့ ထိပ်တိုက်တွေ့ကြပြီ သပိတ် သပိတ် မှောက်မှောက် မီးဒုတ် မီးဒုတ် ရှို့ ရှို့ လို့ 
ကျနော်တို့ရဲ့ ကြွေးကြော်သံကို အော်လိုက်သည်နှင့် တပြိုင်နက်တည် တမြို့လုံးမှာရှိတဲ့
 ဈေးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်၊ ပန်းဆိုင်တွေပါမကျန် အကုန်ပိတ်သွား သည်ကို
 တွေ့မြင်လိုက်ရပါတယ်။ လမ်းသွားလမ်းလာတွေလည်း မတွေ့ရတော့ပါ အိမ်တွေကို
 ကြည့်လိုက်တော့ တံခါးတွေပိတ်ပြီး တချို့ကချောင်းကြည့်နေကြတာကိုတွေ့ရပါတယ်။
 မိုးကောင်းတမြို့လုံး သုတ်ဿန် တစပြင် ကဲ့သို့တိတ်ဆိတ် ငြိမ်သက်သွားတော့တယ်။
 ကြွေးကြော်သံကို တိုင်ပြီးချီတက်ခဲ့ရာ ချီတက်ရာ လမ်းကြောင်း တွင်
 ကျနော်တို့ဆွဲထည့်ရမည့်သူ ခွေးတကောင် ကြောင်တမြီးမှမတွေ့ မြို့တပါတ်ရသွားသော်လည်း 
ဝင်လာ သူမရှိ။ နောက်မှ ကျနော်သိလိုက်သည်တာက ကျနော်တို့ရဲ့ မီးဒုတ် မီးဒုတ် ရှို့ရှို့
 လို့တိုင်လိုက်တဲ့ ကြွေးကြော် သံကြောင့် လူတွေအားလုံးကြောက်လန့်ကုန်ကြတယ်လို့ 
သိလိုက်ရပါတယ်။
 ကျနော်တို့ အထက(၂) ကျောင်း ဖက်ကို ဆက်ချီတက်လာခဲ့ပြီး ကျောင်းက
 မြို့ထဲဖက်ပြန်အ၀င်မှာ လက်နက်အပြည့်အစုံနဲ့ စစ်ကားတစီး ကျနော်တို့ချီတက်လာရာလမ်းကို
 ပိတ်ရပ်လိုက်ပါတော့တယ်။ ကားပေါ်မှ စစ်သားများဆင်းလာပြီး ပစောက်
 ပုံစံနေရာယူလိုက်ကြကို တွေ့လိုက်ရပါတယ်။ သူတို့ပါလာတဲ့ G.3
 သေနတ်အသစ်စက်စက်များကို (ဖြောင်းးးဖြောင်းးးဖြောင်း) မောင်းတင်လိုက်သော
 အသံများကြောင့် ကျနော့်ရဲ့ နှလုံးခုန်နှုန်းမှာ မီးရထားအစင်း တရာ
 ခုတ်မောင်းသွားသည့်အလား တဒိတ်ဒိတ်နဲ့ ခုန်နေပါတော့တယ်။ ကျနော်တို့
 သပိတ်စစ်ကြောင်း သည်လည်း ခေတ္တမျှရပ်ဆိုင်းသွားပါတယ်။ အရေးကြုံရင်
 ပြာယာခတ်တတ်သော ကျနော့်အကျင့်ကြောင့် ကျနော်ဘာမှမလုပ်တတ်တော့ပါ
 အားလုံးကိုတော့ ဘယ်သူမှထွက်မပြေးနဲ့ မကြောက်ကြနဲ့ လို့တော့ အော်နေမိပါတယ်။
 အမှန်တော့ ကျနော်ကြောက်သောကြောင့် အော်နေခြင်းဖြစ်ပါတယ်။ ကျနော့်အနားကို
 မင်းသူရောက်လာပြီး “တပ်မတော်သည်” လို့ တိုင်လိုက်တော့ ကျနော်လည်းအလိုက်သင့်
 “တို့တပ်မတော်” လို့ လိုက်အော်လိုက်ပါတယ်။ နောက်တော့ ကျနော်နဲ့ မင်းသူကတိုင် 
လိုက်တော့ ကျန်တဲ့သူတွေက လိုက်ကြပါ တယ် “တပ်မတော်သည်…………တို့တပ်မတော်”
 ဆိုပြီး သုံးလေးခေါက်သံပြိုင်ဟစ်အော်ပြီး စစ်တပ်ကို စည်းရုံး လိုက်တော့ စစ်တပ်က 
ချိန်ထားတဲ့ သေနတ်ပြောင်းတွေ အောက်ကိုချသွားပါတယ်။ ကျနော်တို့လည်း 
စစ်သားတွေကို အော်ပြောလိုက်တယ်။ ကျနော်တို့ ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒပြနေခြင်းဖြစ်တယ် 
သွားခွင့်ပြုပါလို့ ပြောလိုက်တော့ သူတို့ဖက်က တုံ့ပြန်ပြောဆိုသံ မကြားရပါဘူး ။ ဒါကြောင့်
 စစ်သားတွေကြားကပဲ ကျနော်တို့ သပိတ်စစ်ကြောင်းကို ဖြတ်ပြီး ဆက်ထွက်လာခဲ့တယ်။
 လမ်းတလျောက်တွင် လက်နက်ကိုင်ပြည်သူ့စစ်တွေက 
ရပ်ကွက်လုံခြုံရေးယူထားကြတာကိုတွေ့လိုက်ရပါတယ်။ ထိုအချိန်ကကျနော်တို့မြို့မှာ
 မာရှယ်လေ ဥပဒေ ၁၄၄ ထုတ်ထားပါတယ်။ ကျနော်တို့နောက်မှ စစ်ကားတစီးနဲ့ 
အသံချဲ့စက်နဲ့
လိုက်အော်နေသော ပါတီကောင်စီကား တစီး လိုက်နေသည်ကိုတွေ့ရပါတယ်။
 မြို့နှစ်ပါတ်ပြည့်ခါးနီးတွင် “ပါတီကောင်စီတိုက်ဆောက် ပြည်သူတွေက ဗိုက်မှောက်”
 ဆိုတဲ့အသံတွေကိုကြားလိုက် ရတော့ အသံလာရာကို ကျနော်တို့အားလုံး ကြည့်လိုက်မိပါတယ်
 ကိုရင်လေးပါး ကျနော်တို့ သပိတ်နဲ့လာရောက်ပူးပေါင်း အင်အားဖြည့်လိုက်ပြီ်။ 
ထိုကိုရင်လေးပါးကို ဦးဆောင်ခဲ့ သူမှာ ကိုရင်ဝတ်နေသော အောင်ကို (Rambo-4 တွင်နအဖ
 ဒုတိယ စစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့သူ) ဖြစ်ပါတယ်။ လာရောက်ပူးပေါင်းလာသော
 ကိုရင်လေးပါးမှာ ရဲဒင်းငယ် တခုပါလာသဖြင့် ကိုရင်တွေဆီမှာ လူကိုသေစေနိုင်တဲ့ 
လက်နက်တွေ ပါနေပါတယ်လို့ လက်နက် အပြည့်အစုံနဲ့စစ်ကားမှ လှမ်အော်ပါတယ်။
 ကျနော်တို့ဟာ ငြိမ်ချမ်းစွာ ဆန္ဒပြတာဖြစ်တယ် ဒါကြောင့် ဒီရဲဒင်းကိုလည်း
 ကျနော်တို့မယူသွားဘူးဆိုပြီး ရဲဒင်း ငယ်ကို ကားလမ်းတွင်ချထားပေးခဲ့ပြီး
 ကျနော်တို့ဆက်ထွက်လာခဲ့တယ်။ သို့သော်လည်း စစ်ကားက ကပ်လိုက် နေသောကြောင့်
 ကျနော်တို့နဲ့ လာရောက်ပူပေါင်းလိုသူများ ၀င်မလာရဲဖြစ်နေကြပါတယ်။ ဒါကြောင့်ကျနော်
 လူ(၃၀)ကျော်သာပါတဲ့ သပိတ်စစ်ကြောင်းကို စစ်ကားမ၀င်နိုင်တဲ့ လမ်ကြောင်းကို
 ပြောင်းလိုက်ကြပါတယ်။ သံလမ်းရဲ့ အရှေ့ဖက် လမ်းကျဉ်းအတိုင်း ၀င်သွားလိုက်ပြီး
 ပြန်ထွက်လာတဲ့အခါမှာ လူတရာလောက် ဖြစ်သွား တယ်။ မျက်နှာဖုံးတပ်ပြီး
 စကားပြောဖို့စောင့်နေတဲ့ ကျနော်တို့ကျူရှင် ဆရာကိုမျိုးလွင်ကိုလည်း တွေ့လိုက်ရ တယ်။
 လမ်းမကြီးဖက် ဆက်ထွက်လာတော့ သံလမ်းအနောက်ဖက်မှာ လူ ၁၅၀ လောက် လက်ခုပ်တီး
 အားပေးရင် ကျနော်တို့ရဲ့ သပိတ် စစ်ကြောင်းကိုကြိုဆိုနေကြတာကိုတွေ့လိုက်ရပါတယ်။
 လူတွေ များလာတော့ လမ်းဆုံလမ်းခွတွင် ကျူရှင်ဆရာ ကိုမျိုးလွင် တရားဟောတော့လူတွေ
 တက်တက်ကြွကြွ ရဲရဲတင်းတင်း ထောက်ခံလာကြပြီး လက်ခုပ်သြဘာ
 များနဲ့အားပေးကြပါတယ်။ အဲဒီအခါမှာကျနော့်စိတ်ထဲတွင် ပူပင် ကြောင့်ကြမှု
 တ၀က်လျော့ကျသွားပါတော့တယ်။ မိုးကောင်း ၈ လေးလုံးနိဒါန်း 
လမ်းဆုံလမ်းခွလူစည်းကားတဲ့နေရာတိုင်းမှာ ကျောင်းသားတွေ 
ဘာကြောင့်သပိတ်မှောက်တိုက်ပွဲဝင်ရသ လဲ ဆိုတာကို ဆရာမျိုးလွင်ကရှင်းပြပြီး
 နိုင်ငံရေးတရားဟောပါတော့တယ်။ ထိုအခါကြမှ လူထုက ကျနော်တို့ ကို
 အစားအသောက်များလာရောက်ပေးကမ်းကြပါတယ်။ ပြည်သူလူထုများမှလဲ သူတို့ 
မကျေနပ်ချက်တွေ၊ ခံစား ချက်တွေကို ရင်ဖွင့်ပြောဆိုလာကြပါတယ်။ ညနေရောက်တော့ 
လူစည်းကားတဲ့ ရုပ်ရှင်ရုံလမ်းဆုံမှာ လူထုကို တရားဟောပြီး နားထောင်နေကြတဲ့ 
လူထုကြားထဲကို ကျောင်းသားများ ၀င်ရောက်ပြီး ပြည်သူ့ရင်ကို ခိုလုံကာ 
လူစုခွဲလိုက်ကြပါတော့တယ်။ ကချင်ပြည်နယ်မိုးကောင်းမြို့ရဲ့ ပထမဦးဆုံး
 ကျောင်းသားသပိတ်တိုက်ပွဲကို ၁၃.ရက် ၈ လ ၈၈ ခုနှစ်မှာ အစနိဒါန်းချီခဲ့ကြပါတယ်။
 စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲတိုင်းမှာ ကျောင်းသားဆိုတာ တက်ကြွတဲ့ စိတ်ဓါတ်တွေ
 စွန့်လွတ် အနစ်ခံမူတွေကို အခြေတည်ပြီး လူမျိုး၊ ဘာသာ၊ မခွဲခြားပဲ ညီညီညွတ်ညွတ်
 တိုက်ပွဲဝင်ခဲ့ကြသည်ကို ကျနော် မျက်ဝါးထင်ထင်မြင်တွေ့ရပါပြီ။
မိုးကောင်းသပိတ်တိုက်ပွဲ ရာစု ကားတစီးနဲ့ လူ သုံးယောက် မနေ့က ဆန္ဒပြရာမှာ ဇောနဲ့
 ဘယ်လောက်ထိ အော်လိုက်မိသည်မသိပါ၊ ကျနော် အိပ်ယာကထလိုက်တော့
 တကိုယ်လုံးအရိုက်ခံထားရသလို နာနေပါတယ်။ စကားပြောတော့ လည်း ထွက်လာတဲ့ အသံက
 အဆိုတော် ဇော်ဝင်းထွဋ်လိုလို အဆိုတော်ရဲသွင်လိုလိုနဲ့ အသံက ကွဲရှရှ ဖြစ်နေပါတယ်။
 စီးပွားရေး သမားနဲ့ ဆေးသမားများတဲ့ ကျနော်တို့ မြို့ ဘယ်တော့မှ ဆန္ဒပြမှုတွေ မရှိနိုင်ဘူးလို့
 ထင်ထားတဲ့မြို့ အခုတော့ လူတွေရဲ့ထင်မြင်ချက်ကို ကျနော်တို့ ပြောင်းပြန်လှန်ပစ်လိုက်ကြပြီ
 ဘာတွေဖြစ်လာမယ် ဆိုတာ ရင်ခုန်စွာနဲ့ စောင့်နေချိန်ပေါ့။ အခြေအနေ စုံစမ်းရန် ထုံးစံအတိုင်း
 စိမ်းဝါ လ္ဘက်ရည်ဆိုင်လေးကို ကျနော်ထွက်လာခဲ့ပါတယ်၊ ကျနော့် ဆီးကြိုနေ သူကတော့
 ကျနော့် သူငယ်ချင်း သန်းဝင်း(ဖက်တီး)နဲ့ အောင်နိုင်သူ (ကျောင်းအုပ်ဆရာကြီးသားအငယ်)
 ပေါ့၊ ရောက်တာနဲ့ “ဘယ်လိုလဲ မင်းတို့တော်တော်မောသွား လားတဲ့” 
“တကိုယ်လုံးကိုနာနေတာပဲကွာ” လို့ပြောတော့ မနေ့က “မင်းရုပ်ဖျက်ထားလဲ ဘိုးတော်
 (ဆရာကြီး) သိတယ်တဲ့ ဘယ်သူတွေပါလဲဆိုတာ ထောက်လှမ်းရေးတော့ စုံစမ်းနေတယ်တဲ့
 သတိတော့ထားတဲ့” သတိပေးတော့ ကျနော်နဲနဲတော့စိုးရိမ်သွားပါတယ် ကျနော်လည်း
 ကျနော့်ရဲ့ ကြောက်စိတ်ကို ဖျောက်တဲ့ အနေနဲ့ “မင်းတို့က မနေ့က ဘယ်ရောက်နေကြတာလဲ”
 လို့အတည်ပေါက်နဲ့ မေးလိုက်တော့၊ အောင်နိုင်သူက “မင်းကိုမြင်တာနဲ့ ငါတို့ ဒီ 
လ္ဘက်ရည်ဆိုင်နောက်မှာ လာပုန်းနေတာ” “တော်တော်အားကိုးရတဲ့ သူငယ်ချင်းတွေ” 
လို့ပြောပြီး တဖက်ဝိုင်းမှာထိုင်နေတဲ့ ကျနော့်တို့အသိ ရှေ့နေကြီးကို 
ကျနော်သွားမေးကြည့်လိုက်ပါတယ် “ဆန္ဒပြတယ်ဆိုတာဘယ်ဥပဒေနဲ့ငြိလဲ” 
လို့မေးကြည့်လိုက်ပါတယ် “ပြည်သူပိုင်ပစ္စည်းမဖျက်ဆီးရင် ဘယ်ဥပဒေမှ မငြိစွန်းဘူး
 ဘယ်ဥပဒေနဲ့မှ ဖမ်းလို့မရဘူး”လို့ပြောတော့ ကျနော် 
လူထုဖက်ကို ရပ်တည်လာကြသော မိုးကောင်း ပြည်သူ့စစ်များ နဲနဲအားတက်သွားပါတယ် 
ကျနော်ပြန်ထွက်လာခဲ့တယ်၊ ကျနော် ခါတိုင်းလို့ လ္ဘက်ရည်ဆိုင်တွင် ကြာကြာ မထိုင်ရဲတော့ပါ 
အိမ်ပြန်လာ ပြီး အိမ်တွင်းပုန်း လုပ်နေပါတယ်။ ညနေ ရောက်တော့ ဆရာမျိုးလွင်ကို 
ကားတစီးနဲ့ အရပ်ဝတ် ဝတ်ထားတဲ့ လူသုံးယောက် လာခေါ်သွားတယ်လို့ 
သတင်းကြားရပါတော့ တယ်။ ကိုမျိုးလွင် ငှါးနေသောအခန်း နဲ့ ကျနော့် အိမ်ကသိပ်မဝေးလှပါ။
 ည(၈)နာရီလောက် ရောက်တော့ ကိုမျိုးလွင် စိတ်တိုပြီး ပြန်ရောက်လာပါတယ်။ 
ဒီမြို့မှာဆက်နေရင် နိုင်ငံရေး မလုပ်ရဘူးလို့ ဝန်ခံလက်မှတ်ထိုးခဲ့ ရတယ် တဲ့ ။ ဒါဆို 
“ကျနော်တို့ဘယ်လို့လုပ်ကြမလဲ” မေးလိုက်တော့ “လုပ်စရာ ရှိတာဆက်လုပ်မယ်လို့”
 ပြောပါတယ် ဒါနဲ့ ကျနော်လည်း အိမ်ပြန်လာခဲ့ပါတယ် ။ လူမသိလိုက်တဲ့ စစ်ဆင်ရေး
 သြဂုတ်လ(၁၅) ရက် ရောက်တော့ မြစ်ကြီးနားကောလိပ်တွင် ဒုတိယနှစ် တက်နေတဲ့ ကျနော်ရဲ့
 ညီမနှစ်ဝမ်းကွဲတော်စပ်သူ ခင်ညို(ခ)မိတုတ်က (မိတုတ်သည် ၁၉၈၉ ခုတွင် 
ဖားကန့်ဝှေခါလမ်းတွင် လူထုစည်းရုံးရေးတာဝန်ယူစဉ်ကျဆုံးသွားသူ) အိမ်နောက်
 ဖက်မှလှမ်းခေါ်ပြီး သူ့အိမ်မှာကျနော့် ကိုတွေ့ချင်တဲ့ သူ့သူငယ်ချင်းတွေနဲ့အတူ
 ဆရာမတယောက်လဲရောက်နေတယ် နောက်လုပ်မဲ့ အစီအစဉ်ကို တိုင်ပင်ချင်လို့
 သူအိမ်ကိုလာဖို့ပြောပါတယ်။ သူ့အိမ်နဲ့ ကျနော်အိမ်က သိပ်မဝေးပါ ၊ ဒါနဲ့ကျနော်လည်း
 ရေမိုးချိုးပြီး အများအမြင်မှာ လမ်းသူရဲ ဟုထင်အောင် သနပ်ခါးကိုပါကွက်ကျား
 ကွက်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက ကျော်ဟိန်း လမ်းသူရဲအဖြစ် သရုပ်ဆောင်ထားတဲ့
 ကျီးယောင်ဆောင်သောဒေါင်းက နယ်တွေမှာနှစ်ကြော့ပြန် ရုံတင်ပြီးချိန်ပေါ့။
 အရောင်တောက်ပနေဆဲဖြစ်နေတဲ့ ကျော်သူပုဆိုး(ရခိုင်ပုဆိုး)အဟောင်း တထည် ကို ကပျာ 
ကယာဝတ်ပြီးထွက်လာခဲ့ပါတယ်။ လမ်းရောက်မှ သတိထားမိလိုက်တာက ကျနော် အတွင်းခံ
တို့အိမ်ရောက်တော့ ဧည့်ခန်းတွင် ခင်းထားသော သင်ပျူဖျာ တွင်ထိုင်နေကြတဲ့ မိန်းကလေး
 သုံးယောက်ကိုတွေ့ရပါတယ်။ ကိုယ့်နဲ့မရင်းနှီးတဲ့ မိန်းကလေးကို စကားပြောဖို့ ကျနော်
 နဲနဲတော့ ရှိုးတိုးရှန့်တန့်ဖြစ်နေမိပါတယ် ဒါနဲ့မိန်းကလေး သုံးယောက် မျက်နှာချင်းဆိုင်တွင်
 ကျနော် လည်း ယောင်္ကျားတို့ ရဲ့ အိနြေ္ဒ နဲ့ အညီ ပုဆိုးစ အောက်ပိုင်း သိမ်းရင်း ကျုံ့ကျုံ့လေး 
ဝင် ထိုင်လိုက်ပါတယ်။ ဝင်ထိုင်လိုက်တဲ့အချိန်မှာပဲ “ဗြစ်”ဆိုတဲ့အသံတခု ကြားလိုက်ရတာပါ။
 ကျနော့် မျက်နှာမှာ မီးတောင်တခု ပေါက်ကွဲ သည့်အလား ထူပူသွားပါတယ်။
 အခုဖြစ်နေတာကတော့ မီးတောက်ပေါက်ကွဲတာ မဟုတ်ပါ ပုဆိုးပြဲသွားတာ ဖြစ်တယ်။ ကျနော်
 ထိုင်လိုက်တဲ့ အချိန်မှာ ကျနော့် ရဲ့ အရောင်တောက်ပြီး ဆွေးမြေ့နေတဲ့ ပုဆိုး က 
တင်ပါးနေရာမှာ ကွဲထွက်သွားတာပါ။ ပါတ်ဝန်းကျင် ကို အကဲခတ်လိုက်တာ့ သူတို့ သိဟန်မတူ။
 ချော်လဲရောထိုင်တော့ကြားဖူးသည် အခုကျနော့်အဖြစ်က ပုဆိုးပြဲရောထိုင်ပေါ့၊ “ ဒါက 
ငါ့သူငယ်ချင်း တွေပဲ ဘော့တနီက ငါနဲ့တမေဂျာထဲပဲ သူက
 မာမာ(ယခုABCသတင်းဌာနချင်းမိုင်)၊ သူက အေးအေးမြင့်(ဂျစ်တူး) သူကတော့ မူလတန်းပြ
 ဆရာမ မီမီခိုင်(ယခု USA)တဲ့ အခု မင်းကိုတွေ့ချင်တာသူပေါ့လို့” ခင်ညို ကပဲ စတင်
 မိတ်ဆက်ပေးပါတယ်။ သူတို့က နောက်လုပ် မဲ့ အစီအစဉ်ကိုမေးလာတော့
 ကျနော်အရမ်းစိတ်ပူနေမိနေပါတယ် ဘာမှ မပြောနိုင်ပါ ၊ စိတ်ပူတာ ထောက်လှမ်းရေး
 ရောက်လာမှာကြောင့်လဲ မဟုတ်သလို သူတို့ကိုမယုံကြည်လို့လဲ မဟုတ်ပါ ထိုင်တဲ့နေရာမှာ
 ပုဆိုးကပြဲသွားတယ် ဖြစ်ချင်တော့ အတွင်းခံဘောင်ဘီက ဝတ်မလာမိဘူး ပုဆိုးဖင်ကွဲကို သူတို့ 
မမြင်အောင် ဘယ်လိုပြန်ရမလဲ ဆိုတွေးပြီးစိတ်ပူ နေတာပါ။ (၁၃)ရက်နေ့က သူတို့ 
သပိတ်ထဲဝင်လာလို့ မရတဲ့အကြောင်း၊ ဒီတခါလုပ်ရင်သူတို့ ပါမယ်ဆိုတဲ့အကြောင်း စသဖြင့်
 စကားစမည်ပြောကြပါတယ်၊ နောက်ရက်မှာ ဒီကိုပြန်ခဲ့ဖို့ ဆရာမျိုးလွင် ကိုပါခေါ်လာပြီး
 မိတ်ဆက်ပေးမယ်ပြောတော့ ပြောလက်စ စကားများလဲပြတ်သွားကြပါတယ်။ 
သူတို့လည်းပြန်ဖို့ထ ကြ ၊ ကျနော် နောက်နံရံကို အကာအကွယ်ယူထကာ စကားရောဖောရောနဲ့
 နောက်ပြန်ဆုပ်ပြီး နောက်တံခါးပေါက်ဆီ နောက်ပြန်လာခဲ့ပါတယ်။ ခင်ညိုအိမ်
 နောက်ဖက်နားမှာ ရှိနေတဲ့ အိမ်သာ ထဲ အမြန်ဝင်ပြီး ကွဲနေတဲ့ ကျနော့် ပုဆိုးကွဲကို လှည့်ဝတ်
 ပြီး ပြန်လာခဲ့ပါတယ် ၊ ထိုအခါကြမှပဲ ရင်ထဲက အပူလုံးကြီးလဲ ကျသွားပါတော့တယ်။ 
ဒါဟာလည်း အသက်(၂၀) ကျော်သာ ရှိသေးတဲ့ ကျနော့်အတွက်တော့ စစ်ဆင်ရေး တခုကို
 ဆင်နွဲလိုက်ရသလိုပါပဲ အခုတော့ ဘယ်သူမှမသိတဲ့ စစ်ဆင်ရေးကို ကျနော်
 အောင်နိုင်လိုက်ပါပြီ။ ချိတ်မိလိုက်တဲ့ကွင်းဆက်များ နောက်ရက်မှာ ဆရာမျိုးလွင် နဲ့ သူတို့ နဲ့
 တွေ့ကြပါတယ်၊ ကိုမျိုးလွင်ရဲ့ အစီစဉ်နဲ့ ရပ်ကွက်လိုက် အုပ်စုလိုက်ဖွဲ့ အုပ်စုလေးတွေ
 လျိုဝှက်စွာ ဖွဲ့ကြပါတယ်။ ဒီတခါတော့ ကျနော်အရမ်း မပင်ပမ်းတောပါ။
 လုပ်မဲ့သူတွေပေါ်လာကြပြီ တာဝန်ခွဲဝေမှုတချို့ ပါလုပ်ထားနိုင်ပြီဖြစ်ပါတယ်၊ အုပ်စုတခုတွင်
 ခေါင်း ဆောင်တယောက် ထား၍ စနစ်တကျ ဖွဲ့ထားကြပါတယ်၊ ကွင်းဆက်တွေ အားလုံး 
ချိတ်မိလိုက်ကြပြီပေါ့၊ လာမယ့်(၁၇)ရက်နေ့မှာ အားလုံးပါဝင်လာမဲ့ 
သပိတ်ဖြစ်လာဖို့စီစဉ်ကြပါတယ်။ ကျနော်က ခေါင်းစည်းတာဝန်ယူ ထားတာကြောင့်
 သူငယ်ချင်းတယောက်ရဲ့ အထည်ဆိုင်မှာ အနီရောင်ပိတ်အုပ် တအုပ်ကို အကြွေးယူပြီး
 ခေါင်းစည်း တွေကိုဖြတ်နေပါတယ်၊ အလယ်တည့်တည့် တွင် သဘောင်္ဆေး၊ မြေဖြူတို့ကို
 သုံးပြီး “သွေး” ဆိုတဲ့ စာလုံးလေးကို ရေးရင်းအလုပ်ရှုပ်နေပါတယ်။ သြဂုတ်လ(၁၆)နေ့ ညအထိ
 ခြေချင်းလိမ် နေတဲ့ ထောက်လှမ်းရေးတွေ ကြားက ဆိုင်ရာဆိုင်ရာ အုပ်စု အစည်းအဝေးတွေ ၊
 အုပ်စုခေါင်းဆောင် အစည်းဝေး တွေကို လုပ်ဆောင်နေကြတာဟာ သဲထိပ်ရင်ဖို
 ဇာတ်ကားတကား ကြည့်နေရ သလို ပါပဲ။ အဲဒီတုန်းက အစည်း တခုသွားဖို့ ပေးခဲ့တဲ့
 စကားဝှက်ကို ကျနော် အခုထိမှတ်မိနေတုန်း ပါ။ သူငယ်ချင်းတယောက် ကျနော့်ဆီရောက်ပြီး
 ဒီည အစည်းဝေးရှိတယ် စကားဝှက် က “ဗုဒ္ဒ” 
၁၃ရက်နေ့ သပိတ်စတင်ထွက်တဲ့အချိန်ပါခဲ့တဲ့ ရဲရဲတောက်ကျောင်းသူ သက်သက်ခိုင် 
မျက်စိတမှိတ် လျှပ်တပြက် သြဂုတ်လ(၁၇) ရက်နေ့ တွင် ကျောင်းသား တွေ 
သပိတ်ပြန်မှောက်မယ် ဆိုတဲ့သတင်း ထွက်နေပါတယ်၊ ဒီတခါတော့ မြို့ခံလူထုဟာ
 အကြောက်အရွံ့မရှိ သူတို့အလုပ် သူတို့လုပ်နေကြ သောကြောင့် မြို့ကလေးမှာ
 ပုံမှန်စည်းကားနေပါတယ်။ ထောက်လှမ်းရေး တွေကလည်း ကျောင်းသားတွေစုကြမဲ့
 စုရပ်လိုက်ရှာနေကြပါတယ်။ မိုးကောင်းမြို့ အိုးတန်းရပ်ကွက် မှာ လ္ဘက်ရည်ဆိုင် သုံးဆိုင်ဟာ
 တဆိုင်နဲ့တဆိုင် မနီးမဝေးတွင်ရှိနေတဲ့နေရာမှာဖွင့်ထားကြပါတယ်။ (၁၃) ရက်နေ့
 အတွေ့အကြုံအရ စု ရပ်ကို တနေရာထဲမှာ မထားတော့ပါဘူး ၊ မိုးကောင်းမြို့ ရဲ့ လ္ဘက်ရည်
 တိုင်းကို စုရပ်အဖြစ်လုပ်လိုက်ကြပါတယ်။ အပြင်ပန်းက ကြည့်လိုက်ရင်တော့ 
လ္ဘရည်လာသောက်တဲ့ သူတွေပဲပေါ့၊ မနက်(၇)နာရီလောက်ထဲက လက်ဖက်ရည်ဆိုင်တွေမှာ
 ကျောင်းသား တော်တော်များများ ရောက်နှင့် နေကြပြီး ထောက်လှမ်းရေးတွေက လဲ 
ဆိုင်တိုင်းမှာ သတင်းအစ အန ရဖို့ နားစွင့်နေကြပါတယ်။ ကျနော်တို့ (၈) နာရီ မှာ စထွက်ဖို့ 
တိုင်ပင်ထားကြတာပါ ဒါပေမဲ့ စိတ်လှုပ်ရှားနေတဲ့ ကျော်စိုးက (၈) နာရီမထိုးခင် ၁၀
 မိနစ်အလိုမှာ လ္ဘက်ရည်ဆိုင်ထဲကနေ ရုတ်တရက်ပြေးထွက်သွားပြီး ကားလမ်းမပေါ်
 အရောက်တွင် သူ့တွင် အသင့်ပါလာသော whistle ခရာ ကိုစတင် မှုတ်လိုက်ပါတော့တယ်
 … ခရာသံကြားသော အခါ လ္ဘက်ရည်ဆိုင်တွင်ထိုင်နေကြသော ကျောင်းသား များဟာ
 ကားလမ်းမ ဆီသို့ ရောက်ရှိလာကာ မိုးပေါ်မှကျ လာသည့်အလား ဆန္ဒပြ
 ကျောင်းသားသပိတ်ဟာ မျက်စိရှေ့တွင်ပဲ ဘွားကနဲ့ပေါ်ပေါက်လာပါတော့တယ် ။ ရန်ကုန်နဲ့ 
မျြိ့ကြီးတော်တော်များများမှာ ကျဆုံးသွားတဲ့ ကျောင်းသားတွေ အတွက် ဝမ်းနည်းခြင်း
 အထိမ်းအမှတ်အနေနဲ့ ပါလာသောအလံအနက်ကို လေပေါ်သို့လွှင့်တင်လိုက်ကြပြီး
 သပိတ်……….သပိတ် မှောက်………မှောက် ဆန္ဒ……ဆန္ဒ ပြ ပြ ဟုကြွေးကြော်သံကို စတင်
 အော်လိုက်တော့ လ္ဘက်ရည်အတွင်းမှာ သတင်းထောက်လှမ်းဖို့ ရောက်နေတဲ့
 ထောက်လှမ်းရေးတွေ အံ့အားသင့်သွားကြပါတယ် မျက်စိ တမှိတ် လျှပ်တပြက်အတွင်းမှာ ပဲ
 တရာနည်းပါး ဖြစ်သွားပါတယ် ။ တခဏအတွင်းမှာ စုစည်းလိုက်တဲ့ ကျောင်းသားတွေရဲ့ 
အင်အား ကိုကြည့်ရင်း ဘာလုပ်ရမှန်း မသိဖြစ်သွားကြသော ထောက်လှမ်းရေးများ 
အံသြငေးမောနေရုံကလွဲလို့ တခြားလုပ်စရာမရှိတော့ပါ။ (ရာစု)
                                                            facebook မှကူးယူတင်ပြထားသည်
No comments :
Post a Comment
Note: Only a member of this blog may post a comment.