Showing posts with label မိုးကောင်း. Show all posts
Showing posts with label မိုးကောင်း. Show all posts
Monday, July 29, 2013
သမိုင်းထဲက မိုးကောင်း ' နန့်ကောင်းမြစ် လွင်ပြင်ဒေသ ' (၁)
  • ကချင်ပြည်နယ် အတွင်းရှိ မိုးကောင်းမြီု့သည် ရှေးဟောင်း မြန်မာ သမိုင်းတွင် 
  • မကြာခဏ တွေ့ရှိရသဖြင့် အရေးပါသော မြီု့တစ်မြီု့ဖြစ်သည်။
  •  မည်သို့အရေးပါခဲ့သနည်း၊ မိုးကောင်းဟုဆိုလျှင် မိုးညှင်းပါ တွဲပါလာတတ်သဖြင့် 
  • ထိုနှစ်မြီု့ကို မြီု့ညီနောင်ဟုပင် သမှတ်နိုင်ပေးသည်။ မိုးကောင်းသည်
  •  နှစ်စဉ်ရွာသွန်းသော မိုးရေကောင်းသဖြင့် ထိုအမည် ဖြစ်ပေါ် လာလေသည်လောဟု 
  • ဗမာ(မြန်မာ) တွေး တွေး၍ ရရှိသော်လည်း ဗမာ ( မြန်မာ) အမည် မဟုတ်ချေ၊
  •  ရှမ်းအမည်ကို ဗမာ ( မြန်မာ) သံထွက်၍ လွယ်သလို့ခေါ်ဆိုထားခြင်းသာ ဖြစ်သည်။
  •  အနီးစပ်ဆုံး အသံထွက်မှာ( မွောင်းကောင်း)- ( Mong Kawng ) ဟူ၍ 
  • အသံဖလှယ်နိုင်သည်။ မြန်မာ အဓိပ္ပယ်မှာ ( စည်မြီု့ ) ဟူ၍ဖြစ်သည်။ ဂီတ ( တူရိယာ )
  •  ပစ္စည်းတစ်မျိုးဖြစ်သော (စည်) သို့မဟုတ် (ဗုံ)ဟု အဓိပ္ပယ် တိုက်ရိုက်မယူပဲ
  •  မြီု့တည်ရာသည် စည်(ဗုံ) မျက်နှာပြင်ကဲ့သို့ ပြန့်ပျုးသောကြောင့် 
  • ထိုအမည်ဖြစ်လာဟန်ရှိကြောင်းလည်း တွေးဆကြည့်မိသည်။
  မိုးကောင်း သမိုင်းကို ရေးသာရာတွင် ဒေသပညာရှင်များ၏ အယူဝါဒ၊ အတွေးအခေါ်နှင်
 ဒေသပညာရှင်များ ရေသား ပြုစုခဲ့သည် မှတ်တမ်းတင်ခဲ့သည်တို့တွင်
၁။ ။ ဟေမာမြိုင် တောကျောင်းဆရာတော် အရှင်ကောဝိဒ၊ ( မိုးကောင်း သမိုင်း အကျဉ်းချုပ် ) ၊
 မြီု့ ၊ ပုံနိပ်တိုက် မပါ၊ ပုံနှိပ်နှစ်မပါ ၊  (၁၉၉၄)
၂။ ။ ဦးဘအေး ( မိုးကောင်းမြီု့ သူကြီးဟောင်း ) မိုးကောင်းမြီု့ သမိုင်း အကျဉ်း၊ မြီု့ ၊ 
ပုံနှိပ်တိုက်မပါ ၊ ပုံနှိပ်နှစ်မပါ ၊
၃။ ။ ဦးသိန်းလွင် ( ပြန် ) မိုးကောင်းမြီု့ ရာဇာဝင် ၊ မန်းလေး ၊ ကျား ပုံနှိပ်တိုက် ၊ ( ၁၉၃၈ ) 
တို့ဖြစ်သည်။
      ထို မိုးကောင်း သမိုင်းစာအုပ်တွင် နောက်ဆုံး စာအုပ်သည်၊ ပုံနှိပ် သမိုင်းနှင့်ပါ အပြည့်အစုံ
 ဖော်ပြထားပြီး ခေတ်ပြိုင် မှတ်တမ်းများကို ထည့်သွင်းနိုင်ခဲ့သဖြင့် သမိုင်းဝင် 
အထောက်အထား 
တစ်ရပ်လည်းဖြစ်ပါသည်။ ထိုစာအုပ်တွင် ခေါင်းစဉ်သုံးမျိုး ပါရှိပြီး အပြည့်အစုံ ဖော်ပြရသော်
သမိုင်းထဲက မိုးကောင်း ' နန့်ကောင်းမြစ် လွင်ပြင်ဒေသ ' (၂)
ယနေ့မိုးကောင်းကို ကျောက်စိမ်းမြီု့တော်အဖြစ် ကောင်းစွာသိကြသော်လည်း ရှေးက
 သမိုင်းဝင်မိုးကောင်းမြီု့အကြောင်းကိုကား အထင်းအရှား မသိရချေ။ သိသူများကလည်း
 ရှေးဟောင်းမြီု့များကဲ့သို့ အနည်းဆုံး အုတ်မြီု့ရိုးရာမျှမကျန်သဖြင့်
 မြီု့ဖြစ်ခဲ့ဖူးသည်ဆိုလျှင်ပင် ယုံကောင်းမှယုံကြမည် ဖြစ်သည်။ မိုးကောင်းမြီု့ဟေယင်းကလည်း
 ယနေ့မြီု့သစ်နေရာနှင့် တခြားစီဖြစ်ပေသည်။ ရာဇာဝင်ကျမ်းများတွင် မြီု့၊ ပြ၊
 ကျုံးမြောင်းများနှင့် တည်ဆောက်ကြောင်းဆိုသည်။ အုတ်မြီု့ရိုး၊ သစ်မြီု့ရိုးဖြစ်သည်ကို 
အပီအသ မဆိုချေ။ မိုးကောင်းသည် သစ်တောထူထပ်သောနေရာတွင် တည်ရှိသဖြင့် 
အုတ်မြီု့ရိုးထက် သစ်တပ်မြီု့ရိုးကို အလေးထားတည်ဆောက်ခဲ့သော မြီု့ဖြစ်ခဲ့ဟန်ရှိသည်။ 
ဘုရင့်နောင်မင်းတရားကြီး  တပ်များချီလာစဉ်က လမ်းခုလတ်မှ သစ်တပ်ဖြင့် ခုခံခဲ့ကြောင်း
 တွေ့ရသည်။
သမိုင်းထဲက မိုးကောင်း ' နန့်ကောင်းမြစ် လွင်ပြင်ဒေသ ' (၃)
 မိုးကောင်းသို့ အပို့ခံရသော စစ်ရှုံးမင်း 
            အနောက်ဘက်လွန်မင်းတရားကြီးသည် ၁၂ ဇူလိုင် ၁၆၀၈ ခုနှစ်တွင် ပြည်မြီု့ကို 
သိမ်းပိုက်နိုင်ခဲ့သည်။ ပြည်ဘုရင် ရန်နိုင်မင်းကို ခေါ်ဆောင်လာခဲ့ပြီး တဲတော်ဆိပ်တွင်
 တဲနှင့်ထားတော်မူခဲ့သည်။ တစ်နေ့တစ်၌ ဆင်တော်အမှုထမ်းများ ဆင်များရေချလာသည်တွင် 
ရန်နိုင်မင်းလည်း သူ့ဆင်ကိုမြင်တော်မူသောအခါ '' ငါ့ဆင်ကိုရပါပြီးကား၊ သူ့ဆင် အစီး ၃၀၊ 
၄၀ ပင် ၀ိုင်းရံသော်လည်း ငါမကြောက် '' ဆိုသည်ကို အစောင့်တို့ကြားသဖြင့် 
အနောက်ဘက်လွန်မင်းသို့ လျှောက်ထားသောအခါ '' ရန်နိုင်စားငယ်သည် နှလုံးမချချေသေး၊
 မိုးကောင်းသို့ ပို့လေတော့ '' အမိန့်တော်ရှိ၍ မောင်နံနှစ်ပါးကို 
အလုပ်အကျွေးနှင့်မိုးကောင်းသို့ ပို့ထားရသည်။ မိုးကောင်းတွင် စံနေရပြီး 
ကာလအတော်ကြာမှ ကံကြမ္မာ  အလျှောက်နတ်ရွာစံခဲ့သည်။ ထိုမင်းသည် မိုးကောင်းသို့ 
အပို့ခံရသော အဦးဆုံးရာဇာဝတ်သားပင်ဖြစ်သည်။ ပင်းတလဲမင်းလက်ထက်
 ညီတော်မင်းရဲသီဟသူကို အိမ်ရှေ့ပေးခဲ့သည်။ စလင်းမြီု့ကိုလည်း အစားပေးခဲ့သည်။
 ထိုအိမ်ရှေ့မင်း နတ်ရွာစံသောအခါ သားတော် ( ပင်းတလဲမင်း တူတော် ) နရာဇေယျကို
 အိမ်ရှေ့အိမ်တော်နှင့်ဝေါပလာပေးခဲ့သည်။ စလင်းမြီု့ကိုလည်း ဆက်လက်မြီု့စားပေးခဲ့သည်။
 ပြည်မင်း နန်းလုတက်ခဲ့ပြီးနောက် တူတော်စလင်းမင်းသားကို အရာမှရှုပ်ချလျက် မိုးကောင်းသို့
 ပို့ခဲ့သည်၊ နောက်ကွပ်မျက်ခဲ့သည်။ မိုးကောင်းသို့ အပို့ခံရသောမင်းမျိုး 
ရာဇာဝတ်သားဖြစ်သည်။
သမိုင်းထဲက မိုးကောင်း ' နန့်ကောင်း မြစ်လွင်ပြင်ဒေသ ' (၄)
 မိုင်းလုံသခင်မဘွဲ့ အမည်ကား နန်းရွက်ဘွတွန်စွံ့ဆိုင်မိုင်းတို့နှင့် သားတော်သမီးတော် ၎
ပါးရှိသည်အနက် သားတော်တစ်ပါးမှာ နံတော်စနေသားတည်း၊ '' ခြေရင်းတော်မှာ နေစေ ''
အသနားတော်မြတ်ခံရသည်။ ကျောက်ရစ်ရွာကို စားရသည်။ သမီးတော် ၃ ပါးမှာ ၂ ပါး
အပါးတော်မှာ ခစားလျက်နေသည်။ ၎င်း အကြီးတစ်ယောက်မှာ '' သီရိသူဇာ မဟေသီ '' 
ဘွဲ့တော်ပေး၍ သာယာဝတီမြီု့ကို စားစေသည်။ အလပ်တစ်ပါးမှာ '' မြတ်စောဒေ၀ီ '' ဘွဲ့ပေး၍
 ရွှေရေးဆောင်မှာ အကြည်သံရွာကို စားစေသည်။ ၎င်း အိခွန် မြီု့တော်ပတ်လည် ဧရာဝတီ
ကောက်ကောက်စင်း၊ အညာကောင်းတုံထိ၊ အောက်သို့ ရေနံချောင်းထိ
အသနားတော်မြတ်ခံရသည်။ သမီးတော်အငယ် နှင်းစမ္ပာယ်၊ ငယ်ရွယ်သူဖြစ်၍
မိဘထံသို့ပြန်နေစေသည်။ ၎င်းသမီးတော်တွင် မြတ်နိုးတော်မူပေးသည်။ သမီးတော် နှစ်ပါးမှာ
အရှင်စော်ဘွားကြီး စောဆိုဆိုင်ခက်ဘွတို့ စုံစမ်း၊ မိုင်းလုံသခင်မဘုရားကြီး 
နန်းရွက်ဖွတွန်စွန်ဆိုင်းမိုင်းဘွဲ့ သနားတော်မြတ်ခံ၍ '' မိုင်းမော်စည်တိုင် ဆာတောင်ခန့်'' ဟူ၍
အမည်ရှိသောမြီု့ကို အုပ်စိုးသည့်နေ့က မိုးကောင်းစီရင်စု ကျေးလက်အစုစု ၎င်းသက္ကရာဇ်
(၁၁၅၇)ခု၊ အမရပူရနေပြည်တော် ဥမင်းတြားကြီးဘုရား သနားတော်မူသည်။
၎င်းဘုရားကြီးအမိန့်တော်နှင့် သိမ်းယူသည့် ကျေးရွာခရိုင်တို့ကို ရှေးထုံစံရှိသည်အတိုင်း
 ကျေးရွာဟောင်းသစ် အသီးသီးရွေးသစ်ခန့်၍ စာရင်းတော်ဆက်သွင်းပြီးလျှင်
အုပ်စိုးတော်မူသည်။