လုံးခင်း ဖားကန့် ကျောက်စိမ်း ရတနာနယ်မြေ သမိုင်းမှတ်တမ်း မော်ကွန်း ကမ္ပည်းကျောက်စာ
သမိုင်းအစမှ ၁၈၈၅ ခုနှစ်ထိ
ဖားကန့်မြို့သည် မြစ်ကြီးနား ခရိုင်အတွင်း မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် မိုင်(၁၂၀)ခန့်
အကွာ ပင်လယ်ရေမျက်နှာပြင် အထက်(၁၀၀၇)ပေတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံတွင်
မြောက်လတ္တီတွဒ် ၂၅ ဒီဂရီနှင့်၂၆ ဒီဂရီအကြား အရှေ့ဥရုမြစ်ရိုး၊ အနောက် ချင်းတွင်းမြစ်ရိုး
အတွင်းသည် ကျောက်စိမ်းနယ်မြေ အဖြစ် ထင်ရှားခဲ့...သည်။
ဗဒုံမင်းလက်ထက် ဥရုဆယ်ရွာ စစ်တမ်းတွင် ကသိုဏ်းတောင်ထိပ်မှ အရှေ့ကိုလားသော်
ခရီးသုံးသောင်းခန့် အကွာတွင် မိုးကောင်းနှင့် နယ်မြေအစပ်၊ တောင်ကိုလားသော်
နမ့်လေချောင်း အထိ မိုးညှင်းနယ်နှင့် မြေအစပ်၊ အနောက်တောင်ကို လားသော် ခရီး
နှစ်သောင်းခန့် အကွာ နိမ့်ဟိန်ကျော် နမ့်ရုပ်ချောင်းအထိ ရေပေါ်မီးနှင့် နယ်မြေအစပ်
အနောက်ကို နမ့်ပလုပ်ချောင်း၊ နမ့်ကောင်းချောင်းထိ ရေပေါ်မီးနှင့် နယ်မြေအစပ်။
အနောက်မြောက်ထောင့်ကို လားသော် ခရီးနှစ်သောင်းခန့်ကွာ နွဲ့ခေါင်တိုက်တောင်
အထိတဘက် ၊ ကျွန်းပင်ရွာနှင့် နယ်မြေအစပ်၊ မြောက်ကိုလားသော် ခရီးလေးသောင်းခန့်ကွာ
သလာဝတီ ချင်းတွင်းမြစ်ကမ်းရပ် ဖသောင်ရွာနှင့်နယ် စပ်ဟူ၍ ဖော်ပြထားသည်။
ဥရုဆယ်ရွာတွင် ကုန်း ၄ရွာ၊ ကြည်း ၆ရွာ၊ ပါဝင်သည်။