- ကချင်ပြည်နယ် အတွင်းရှိ မိုးကောင်းမြီု့သည် ရှေးဟောင်း မြန်မာ သမိုင်းတွင်
- မကြာခဏ တွေ့ရှိရသဖြင့် အရေးပါသော မြီု့တစ်မြီု့ဖြစ်သည်။
- မည်သို့အရေးပါခဲ့သနည်း၊ မိုးကောင်းဟုဆိုလျှင် မိုးညှင်းပါ တွဲပါလာတတ်သဖြင့်
- ထိုနှစ်မြီု့ကို မြီု့ညီနောင်ဟုပင် သမှတ်နိုင်ပေးသည်။ မိုးကောင်းသည်
- နှစ်စဉ်ရွာသွန်းသော မိုးရေကောင်းသဖြင့် ထိုအမည် ဖြစ်ပေါ် လာလေသည်လောဟု
- ဗမာ(မြန်မာ) တွေး တွေး၍ ရရှိသော်လည်း ဗမာ ( မြန်မာ) အမည် မဟုတ်ချေ၊
- ရှမ်းအမည်ကို ဗမာ ( မြန်မာ) သံထွက်၍ လွယ်သလို့ခေါ်ဆိုထားခြင်းသာ ဖြစ်သည်။
- အနီးစပ်ဆုံး အသံထွက်မှာ( မွောင်းကောင်း)- ( Mong Kawng ) ဟူ၍
- အသံဖလှယ်နိုင်သည်။ မြန်မာ အဓိပ္ပယ်မှာ ( စည်မြီု့ ) ဟူ၍ဖြစ်သည်။ ဂီတ ( တူရိယာ )
- ပစ္စည်းတစ်မျိုးဖြစ်သော (စည်) သို့မဟုတ် (ဗုံ)ဟု အဓိပ္ပယ် တိုက်ရိုက်မယူပဲ
- မြီု့တည်ရာသည် စည်(ဗုံ) မျက်နှာပြင်ကဲ့သို့ ပြန့်ပျုးသောကြောင့်
- ထိုအမည်ဖြစ်လာဟန်ရှိကြောင်းလည်း တွေးဆကြည့်မိသည်။
့မှတ်တမ်းများကိုယူပြီး ခေတ်ပြိုင် အထောက်အထား တို့ဖြင့် ညှိကာ ရေးသားတင်ပြပါမည်။
ဒေသပညာရှင်များ ရေသား ပြုစုခဲ့သည် မှတ်တမ်းတင်ခဲ့သည်တို့တွင်
၁။ ။ ဟေမာမြိုင် တောကျောင်းဆရာတော် အရှင်ကောဝိဒ၊ ( မိုးကောင်း သမိုင်း အကျဉ်းချုပ် ) ၊
မြီု့ ၊ ပုံနိပ်တိုက် မပါ၊ ပုံနှိပ်နှစ်မပါ ၊ (၁၉၉၄)
၂။ ။ ဦးဘအေး ( မိုးကောင်းမြီု့ သူကြီးဟောင်း ) မိုးကောင်းမြီု့ သမိုင်း အကျဉ်း၊ မြီု့ ၊
ပုံနှိပ်တိုက်မပါ ၊ ပုံနှိပ်နှစ်မပါ ၊
၃။ ။ ဦးသိန်းလွင် ( ပြန် ) မိုးကောင်းမြီု့ ရာဇာဝင် ၊ မန်းလေး ၊ ကျား ပုံနှိပ်တိုက် ၊ ( ၁၉၃၈ )
တို့ဖြစ်သည်။
ထို မိုးကောင်း သမိုင်းစာအုပ်တွင် နောက်ဆုံး စာအုပ်သည်၊ ပုံနှိပ် သမိုင်းနှင့်ပါ အပြည့်အစုံ
ဖော်ပြထားပြီး ခေတ်ပြိုင် မှတ်တမ်းများကို ထည့်သွင်းနိုင်ခဲ့သဖြင့် သမိုင်းဝင်
အထောက်အထား
တစ်ရပ်လည်းဖြစ်ပါသည်။ ထိုစာအုပ်တွင် ခေါင်းစဉ်သုံးမျိုး ပါရှိပြီး အပြည့်အစုံ ဖော်ပြရသော်