Showing posts with label ဆောင်းပါး-K. Show all posts
Showing posts with label ဆောင်းပါး-K. Show all posts

Friday, August 16, 2013

ဟူးကောင်းတောင်ကြားဆီက ကျားထိန်းသိမ်းရေး စခန်း








    လွန်ခဲ့သော နှစ်တစ်ရာခန့်က အာရှနိုင်ငံများတွင် ကျားပေါင်း တစ်သိန်းကျော် ရှိခဲ့သော်လည်း ယခုအခါ ကျားကောင်ရေ ၃ဝဝဝ ခန့်သာ ရှိတော့သည်ဟု သိရသည်။ ဤကိန်းဂဏန်းသည် အာရှနိုင်ငံများတွင် ပေါက်ဖွားရှင်သန်နေသည့် တောဘုရင် ကျားတို့၏ နောက်ဆုံးကိန်း ဂဏန်းဖြစ်ပြီး ကျားမျိုးမတုံးရေးအတွက် အလျင်အမြန် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေကြောင်း ဖော်ပြလျက်ရှိသည်။

    ဒုတိယ ကမ္ဘာစစ်အတွင်း ကချင်ပြောက်ကျား စစ်သည်များ၏ ဖက်ဆစ် ဂျပန် တော်လှန်ရေး

    ကချင်လူမျိုးများသည် ပထမတန်းစား စစ်သည်များ (Kachins were the first class warrior) ဖြစ်သည်ဟု ကမ္ဘာကျော် သမိုင်းဆရာ ဂျေဂျီစကော့တ်က Burma and beyond အမည်ရှိ စာအုပ်တွင် ရေးသားလေသည်။ ထို့အတူ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်အတွင်း အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့သော ဖလက်ချာ ကလည်း ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက်  ရေးသမားများ (Unmatch jungle fighters) ဟူ၍ လည်းကောင်း၊ ဗြိတိသျှ ကချင်လေဗီးစ်တပ်မှူး ဗိုလ်မှူးကြီး အီယန်ဖဲလိုး ဂေါ်ဒွန်ကလည်း (Amicable assassins) အမည်ရှိ သူ၏ စာအုပ်တွင် (The best guerrillas in the world) ကမ္ဘာ့အတော်ဆုံးသော ပြောက်ကျား စစ်သည်များဟု ရေးသားလေသည်။ ထို့ပြင် ကိုလိုနီခေတ် ရန်ကုန် တက္ကသိုလ် နောက်ဆုံး ပါမောက္ခချုပ် Hugh Tinker ကလည်း ဗိုလ်ချုပ်အောင်ဆန်း ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရာတွင် တရုတ်နယ်စပ်အရေး အတွက် လိုအပ်သော စစ်သည်များအဖြစ် အကူအညီ ရယူနိုင်ရန် ကချင်များအား ဖက်ဒရယ် ပြည်ထောင်စုတွင် ပါဝင်ရန် အတွက် စည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု …… အမည်ရှိသူ၏ စာအုပ်တွင် ရေးသားလေသည်။