Showing posts with label မှတ်တမ်း-Shan. Show all posts
Showing posts with label မှတ်တမ်း-Shan. Show all posts

Thursday, August 1, 2013

မိုင်းနောင်စော်ဘွားကြီး စ၀်အုံးမောင်



မိုးအစ မိုင်းနောင်ကလို့   မြန်မာ့ရာဇာဝင် တွင်ခဲ့ဘူးသော မိုင်းနောင်မြို့သည် သျှမ်းသမိုင်းရာဇာဝင် မြို့တော်ဟောင်းများဖြစ်သော မိုးပါသော သျှမ်း မြို့တော်များသည် မိုးနောင်မြို့စား၏ သားသမီးများမှ ဆက်စပ်ပေါ်ပေါက် ခဲ့သည်ဟု   မြန်မာ့ရာဇာဝင် သမိုင်းတွင် လျှက်ရှိခဲ့သောကြောင့်   မိန်းနောင်သည်
တချိန်က မြို့အပြ လက်နက်နိုင်ငယ်ထိ ကျယ်ပြန့်ခဲ့ဘူးသော သျှမ်းရာဇာဝင် မြို့တမြို့ဖြစ် ထင်ရှားသည်။   စော်ဘွားဆက် မည်မြရှိသည်ကို စီစစ်ဆဲဖြစ်၍ ပဒေရာဇ်သျှမ်းပြည် ဟုခေါ်တွင်သော သျှမ်းစော်ဘွားနယ်ပေါင်း ၃၂ နယ်တွင်ပါဝင်သော မိုင်းနောင် စော်ဘွား ဆက်ဖြစ်တဲ့ မိုင်းနောင်စော်ဘွားကြီး စ၀်အုံးမောင် အကြောင်းကိုတင်ပြလိုပါသည်။

စ၀်မန်ဖှနှင့် ရေကြည်အိုင်


မိုင်းရှူး မိုင်းရှူး ဟုပြောကြလျှင် လွယ်လွယ်နှင့်ပင် ကျောက်နီ ထွက်တဲ့နေရာ  ကျောက်တွင်းတွေ ရှိတဲ့နေရာလို့ပဲ ယနေ့ သျှမ်း လူငယ်တွေ သိကြဖြေကြပေလိမ့်မည်။ မိုင်းရှူးကျောက်ကို သိလျှင် မိုင်းရှူးစော်ဘွား အကြောင်းလေးကိုတော့ သိဖို့တော့ လိုပေမည် …

အတိတ်မှအရိပ်ကို မိုင်းရှူးစော်ဘွား စ၀်မန်ဖှစမြုံ့ပြန် တွေးတောနေစဉ်၊ အီတလီပြည်လုပ် Fiat မီးခိုးရောင် ကားကလေးတစင်း ခြံဝင်းအတွင်းသို့   ဖြည့်ညှင်းစွာ ၀င်လာလေသည်။ ကားကလေးပေါ်မှ ချောမောလှပသည့်၊ မိချောင်းသားရေ ပိုက်ဆံအိတ်ကို ကိုင်ဆောင်ထားသော အမျိုးသမီးတဦး ကားပေါ်မှ ဆင်းလာသည်။ ထိုအမျိုးသမီးကာ မိုင်းရှူး   စော်ဘွားကြီး၏ လက်သစ်ကတော် Benny Tip ခေါ် နန်းဗိုးတစ်ပ် တယောက်ပင်ဖြစ်သည်။

သီပေါမြို့ရဲ့ နောက်ဆုံးစော်ဘွား



သီပေါမြို့လို့လူသိများတဲ့ မြောက်ပိုင်းသျှမ်းပြည်နယ်ရဲ့  မောသျှမ်းတောင်တန်းများ ပတ်လည်ဝန်းရံ အလှဆင်ထား သဖွယ် နံဘေးက တစိမ့်စိမ့် တလိမ့်လိမ့်နဲ့ ဒုတ္ဘ၀တီမြစ် ကလေးတစ်စင်းက ပတ်ချာ လည့်ကာ စီးဆင်းနေပြီး သာယာလွမ်းမော ဘယ်ကောင်းတဲ့ မောသျှမ်းလူမျိုးတို့ရဲ သမိုင်းအထင်ကရမြို့   လေးတမြို့ပါ ဒီသီပေါမြို့  လေးဟာ     မြန်မာ့သမိုင်း တလျှောက်မှာ နေရယူလျှက် ရှိနေပါတယ် သီပေါမြို့လေးဟာ   မောကိုး   ပြည်ထောင်    မှာ ပါဝင်ခဲ့သလို့ ရှေးယခင် မြို့တည်ပြီးချိန်မှ စ၍ သျှမ်းစော်ဘွား အဆက်ဆက် ကနေ  အဆင့်ဆင့် အုပ်ချုပ်လာခဲ့တဲ့မြို့လေးလည်းဖြစ်ပါတယ်။

မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်း


မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥတို့၏သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်၊ စော်ဘွားကြီး ဖွားမြင်ချိန် ဟင်းဖိုင်း သျှမ်းအခေါ် မီးဖွား အိမ်အောက်သို့ ကျားတကောင် ၀င်လေသည် သောကြာနေ့ ညဥ့် -၃ ချက်တီးကျော်ချိန် အဓိပတိဖွား စ၀်သာထွန်း မည်၏နောင်မှ မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်းဟူ၍ ထက်ရှားလာကာ ပြည်ထောင်စု   ခေတ်ဦးကာလ၀ယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ကျဆုံးခဲ့သော သျှမ်းအမျိုးသား ခေါင်းဆောင်ကြီး   တဦးလည်းဖြစ်သည်။

၅-နှစ်သားအရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-နှစ်သင်ယူပြီး တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားရာ ထိုကျောင်းမှ ၁၀-တန်းအောင်မြင်လေသည်။ မန္တလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။

ဝန်းသိုစော်ဘွားကြီး စ၀်အောင်မြတ်

မြန်ပြည်မြောက်ပိုင်း သျှမ်းလူမျိုးများ သျှမ်းနီ၊ ခန္တီး၊ ကဒူး၊ ကဏန်းတို့၏ ခေါင်းဆောင်ကြီး
သူ့ကျွန်မခံလိုသော မောရိယမဟာဝံသ သီရိသုဓမရာဇာ သိုဟုံဘွား မျိုးချစ် ဝန်းသို စော်ဘွားကြီး စ၀်အောင်မြတ်။ ။

ဝန်းသို့ စော်ဘွားကြီး စ၀်အောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပိုတွဲလဆန်း ၁၁ ရက်၊ (ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်) တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် ဝန်းသိုမြို့၌ ဖွားမြင်သည်။ အဘ အမည် မှာ မင်းလှ သမန္ဈရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ ဦးရွှေသာ ဖြစ်ပြီး၊ မိခင်မှာ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ ဒေါ်ဒွေးဖြူ ဖြစ်သည်။ မွေးချင်း ညီအစ်ကို   မောင်နှမ ခုနစ်ဦး ရှိရာ မောင်အောင်မြတ်၊ မသူဇာ (သောင်သွတ်   စော်ဘွားကတော်)၊ မောင်ရွှေသိုက်၊ မယ်မူ၊ မယ်ဖန်၊ ခွန်ကျယ်၊ ခွန်ဆိုင်တို့ ဖြစ်ကြသည်။

မောင်အောင်မြတ်အား ငယ်စဉ်က ဝန်းသို ဆရာတော် ဦးဂုဏထံ စာပေ သင်ကြားစေရန် အပ်နှံထားခဲ့ရာ အခြေခံ မြန်မာ စာပေများကို အတော်အတန် တတ်မြောက်ပြီး သာမဏေဘောင်သို့ ဝင်ခဲ့သည်။   မောင်အောင်မြတ် သက်တော် နှစ်ဆ်ာကျော်သား အရွယ် ၁၂၂၈ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ဖခင်ဖြစ်သူ ဦးရွှေသာအား မြို့လက်ရှိအတိုင်းနှင့် ၀န်းသိုမြို့ မင်္ဂလါ စော်ဘွားကြီးဟု အဆောင်အရောင် အစီးအနှင်း များနှင့်တကွ စော်ဘွား အဖြစ်သို့ တိုးမြင့်ခန့်ထားပြန်သည်။

သျှမ်းနီသမိုင်းဝင် ဖလားစန့်ခေါဖိတ်



 မြန်မာ့သမိုင်း ဆရာ အချို့တို့သည် မြောက်ဘက် တလွှား မောသျှမ်းများကို ဗုဒ္ဓဘာဝါဒီ များဖြစ်အောင် ဘုရင့်နောင် မင်းတရားကြီးက သွတ်သွင်း ခဲ့လေသည်ဟု အာဘောင် အာရင်း သန်သန်ဖြင့် အမြဲရေးလေ့ ရှိကြသည်။ သမိုင်း အခိုင်အလုံ ရှိသော ဌာနေ သျှမ်းနီတို့  ဖလား စန့်ခေါဖိတ် စေတီတော် တည်ထား ကိုယ်းကွယ် နေချိန် ဘုရင်နောင် မင်းတရား လူဘ၀တောင် မရောက် ရှိသေးသည်ကို သမိုင်းက ပြဆိုပေသည်။

AD-11 ရာစုတွင် သျှမ်းညီနောင် သုံးဦး ဖြစ်သည့် ခွန်ကံ ခေါ်(ဆေကော်ဖှ) ခွန်ရံ ခေါ် (ဆေတုံဖှ) ခွန်အွန် ခေါ် (ဆေကျန်ဖှ) တို့သည်။ မိန်းမိတ် ခေါ် (မိုးမိတ်-ဓါး) မိန်းကောင်း ခေါ် (မိုးကောင်း- အိုးစည်) မိန်းယမ်း ခေါ် ( မိုးညှင်း-ဗျိုင်း) စသည့် လက်နက် တိုင်းနိုင်ငံ အသီးသီးကို သက္ကရာဇ် (၃၀၀၊ ၃၀၁၊ ၃၀၂၊) ထူထောင်လေသည်။ ဆေကျန်ဖသည် ဗျိုင်းကို အတိတ် နမိတ်ယူပြီး မိန်းယမ်း (ဗျိုင်းမြို့)သည် ရှေးအခါက တိုင်းဆယ်တိုင်း အနက် မှုးလွင်ပြင် အာဠ၀ီတိုင်း၏ မြို့တော်ဟုခေါ်သည်။ မိမ်းယမ်းသည် အရန်မြို့ငယ် ၃၇-မြို့ (ဆမ်ဆစ်ကျစ်-မိန်း) ရှိခဲ့သည်၊

Monday, July 29, 2013

ရှမ်း" နှင့် "တိုင်း" ဝေါဟာရရှင်းလင်းချက်

"ရှမ်း"ဟူသောဝေါဟာရမှာ အခြာလူမျိုးများကရှမ်းလူမျိုးများကိုခေါ်သော ဝေါဟာရဖြစ်ပါသည်။ ရှမ်လူမျိုးတို့က မိမိကိုယ်ကို"တိုင်း" (Tai) ဟုခေါ်ကြသည်။ ယိုးဒယားနိုင်ငံသားများကမူ “ထိုင်း” (Thai) ဟုခေါ်ကြသည်။ “ရှမ်း” ခေါ် “တိုင်း ” ၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထား ကြောင်းတွေရပါသည်။ ရှေမြန်မာကျောက်စာတို့တွင် “သျမ်” (သို့) “သျံ” ဟုရေးသားကြသည်။
ရှေးယခင်က “ရှမ်း” ကို “သျှမ်း” ဟုရေးသားကြသည်။ ရှမ်းလူမျိုးများသည် “ရှမ်း”ဟုရေးသားခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဟုသိရသည်။ “ရှမ်း” ဟူသောအရေးအသားမှာ ယခုခေတ်သစ်ရှမ်းစာပေတွင် “ဖွဲနု”ဟူ၍လည်းကောင်း၊ “ချသည်၊ တိုက်ခိုက်သည်၊ ရိုက်နှက်သည်”ဟူ၍လည်းကောင်း အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။

မိုးညင်းစလုံ (စ၀်လုံ) အင်းဝ ကို တိုက်ခိုက်ခြင်း

မိုးညင်း (မိုင်းယန်း)သည် မွန်ဂိုတို့လက်ထက် ၁၂၈၉ ခုနှစ်မှစ၍ ရှိနေကြောင်းသိရသည်။ တရုတ်မင်မင်းခေတ် (၁၄၀၃) ခုနှစ်တွင် ရှေးဦးစွာဖော်ပြထားသည်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်နှစ်သွယ်အကြားတွင် ကျယ်ဝန်းလှသော နယ်ကြီးတစ်ခုဖြစ်ခဲသည်။ အေဒီ ၁၄၁၆ ခုနှစ်တွင် မိုးညှင်းနှင့် ကလေးမြို့တို့ စစ်ဖြစ်ကြရာ မင်းကြီးစွာကဲက နှစ်နယ်လုံးကို သိမ်းပိုက်ခဲ့သည်။ အေဒီ ၁၅၀၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် ဆင်မြင်းအလုံးအရင်းနှင့် ဒီပဲယင်းမြို့ကို 
တိုက်ခိုက်သိမ်းယူတော်မူသည်။ အေဒီ ၁၅၂၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် မင်းကင်းမြို့ကို ဝန်းရံတိုက်ခိုက်သည်။ အင်းဝဘုရင်နရပတိတို့လည်း မြေတူးသို့ချီတက်၍ ခုခံသည်။ နရပတိတို့ မခုခံနိုင်၍ မြေတူးမြို့ကို မိုးညှင်းတို့ရလေသည်။ အေဒီ ၁၅၂၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် စစ်ကိုင်းသို့ ချီတက်လေသည်။

ပြည်ဘုရင်သတိုးမင်းစောသည် မိုးညှင်းစဝ်လုံ နှင့်ပူးပေါင်း၍ အင်းဝကိုတိုက်ခိုက်လေသည်။ အင်းဝဘုရင်နရပတိနှင့် အုန်းပေါင်ခွန်ငယ် တို့ပူးပေါင်း၍ ခုခံလေသည်။ ပြည်ဘုရင် သတိုးမင်းစောသည် ရေကြောင်းမှနေ၍ အင်းဝကို ချီတက်တိုက်ခိုက်ပြီး မိုးညှင်းစဝ်လုံတို့က ကြည်းကြောင်းဖြင့် ဝန်းရံတိုက်ခိုက်သောကြောင့် အင်းဝဘုရင်နှင့် အုန်းပေါင်းခွန်မိန်းငယ် တို့သည် မခံနိုင်သဖြင့် အရှေ့ဆင်ခေါင်းသို့ ဆုတ်ခွာ၍ နေရချေ၏။ မိုးညှင်းစဝ်လုံသည် ပြည်သတိုးမင်းစောကို အင်းဝနန်းတင်လေသည်။ ဆင်ကောင်းမြင်းကောင်းကို သိမ်းယူပြီး စစ်ကိုင်းဘက်သို့ကူး၍ မိုးညှင်းသို့ ပြန်လေ၏။ဲပည်ဘုရင်သတိုးမင်းစောလည်း မိုးညှင်းစဝ်လုံ ပြန်လျှင် အင်းဝတွင်ရှိသော လူကြီးတို့ကိုသိမ်းယူ၍ စုန်တော်မူ၏။ ပြည်ဘုရင်သတိုးမင်းစော ပြည်သို့စုန်လျှင် နရပတိ နှင့် အုန်းပေါင်းခွန်မိန်းငယ်သည် အင်းဝသို့ပြန်ဝင်လေ၏။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းတို့တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူလေသည်။ အင်းဝဘုရင်နရပတိ နှင့်အုန်းပေါင်းခွန်မိန်းသည်လည်း လူအင်အားစုရုံး၍ တောင်ငူမြို့အထိပြန်လည်တိုက်ခိုက်ခဲ့သည်။ သို့သော် တောင်ငူမြို့ကိုကား မသိမ်းနိုင်ခဲ့ချေ။

ရှမ်း (သျှမ်း) သမိုင်း နှင့် ရှမ်း (သျှမ်း) လူမျိုးအကြောင်းတစ်စေ့တစ်စောင်း

တာချီလိတ်မြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် တည်ရှိသောကြောင့် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြရာတွင် ယခုတင်ပြမည့် အချက်အလက်မှာ တိုင်းရင်းသားအများစုမှာမှ ရှမ်း(သျှမ်း) လူမျိုးအကြောင်းဖြစ်ပါသည်။ တာချီလိတ်မြို့တွင် နေထိုင်သူဦးရေ အများဆုံးမှာ ရှမ်း(သျှမ်း)လူမျိုး ဖြစ်ပြီး၊ အခါလူမျိုးနှင့် လားဟူ လူမျိုးတို့သည်လည်း တာချီလိတ်တွင် အများအပြားနေထိုင်လျှက်ရှိကြသည်။


ရှမ်း လူမျိုး

ရှမ်းလူမျိုးများသည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် တိုင်းလူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နှင့် နီးစပ်သည့် တရုတ်၊ ထိုင်းနယ်စပ်များတွင်လည်း ရှမ်းလူမျိုးများကို နည်းများမဆို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်သည့် ရှမ်းလူမျိုး ၆ သန်းခန့်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ 

သျှမ်းတိုင်းဌာနေများကို တည်ထောင်ခြင်း

ရှမ်းတိုင်းဌာနေများ တည်ထောင်ခြင်းနှင့် ပတ်သက်၍ သမိုင်း အထောက်အထားများစွာ ရှိခဲ့ရာ 

ယ္ခု ကျွန်တော်သည် ကချင်ပြည်နယ် မိုးညှင်းမြိုနယ် ဘီလူမြို့သမိုင်း စာအုပ်မှ မောရှမ်း နှင့်

 ရှမ်းမြန်မာခေါ် တိုင်းလိုင်း ရှေ့ဟောင်း ရှမ်းသမိုင်း စာအုပ်များမှ ထုတ်နုတ်၍ မြန်မာဘာသာသို

 ပြန်ဆိုထားသော သမိုင်းဝင် ရွှေဘုံသာ ဘုရားသမိုင်း စာအုပ်တွင် ပါဝင်သော ရှမ်းသမိုင်း 

မှတ်တမ်း အကျဉ်းကို ထုတ်နုတ် တင်ပြ လိုက်ပါတယ်။ ရှမ်းဘာသာ စကားကို မြန်မာသို့

 ပြန်ဆိုရာတွင် အသံထွက် မှန်ကန်စွာ ပြန်ဆိုရန် မှာ မလွယ်ကူသောကြောင့် လွဲချော်မှုများကို

 မေတ္တာရှေ့ထား၍ ပြင်ဆင်ဖတ်ရှုပေးပြီး လိုအပ်သည်များ ကိုလည်း ကူညီပြု့ပြင်ပေးနိုင်ပါတယ် ။

ရှမ်းနိုင်ငံတော်(ရှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ)

ရှမ်းအမျိုးသားတို့ ဖြစ်ပေါ်လာပုံ (ရှေးရိုးစဉ်လာ)

ရှမ်းအမျိုးသားများက မိမိတို့သည် ကမ္ဘာဦး အစကပင် ရှိနေပြီးသော လူမျိုးများ ဖြစ်သည်ဟု

 ယုံကြည်ကြသည်။ ရှမ်းဆိုသော စကားလုံးသည် ပါဠိစကားမှ သက်ဆင်းလာသော

 ပါဠိပျက်စကား ဖြစ်သည်ဟု အဆိုရှိသည်။ရှမ်းအမျိုးသားတို့က မိမိတို့ကိုယ်ကို မိမိတို့ တိုင်း ဟု

 ခေါ်သည်။ တိုင်း အဓိပ္ပာယ်မှာ တောက်ပခြင်း ဖြစ်သည်။ ရှမ်းရှမ်းဆောက်ပသည်။ မီးခိုးမီးလျှံ 

(ရှမ်း) စသော စကားများတွင် ရှမ်းစကားလုံးမှာ တောက်ပခြင်း ပြည့်ဝခြင်း

 သဘောအဓိပ္ပာယ်ကို ဆောင်သည်။ရှမ်းပြည်ကို မိန်းတိုင်း၊ ရှမ်းလူမျိုးကို ကွန်းတိုင်း၊

 ရှမ်းစကားကို ကွမ်းတိုင်းဟု ရှမ်းဘာသာဖြင့် ခေါ်သည်။

နွားဝန်တင် နှင့် ခေါင်းလောင်းသံ


လူတို့သည် လူမှုရေးအတွက် နေ့စဉ်အမျှ

 လှုရှားသွားလာလျက် စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ 

ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များ၊ အမျိုးအနွယ်အလိုက်

 အပေါင်းအသင်း ဆက်ဆံရေးနှင့် ယုံကြည်ကိုးကွယ်မှု 

ကိစ္စရပ်များ၊ တဦးနှင့်တဦး ရေမြေ တောတောင်

 ဘယ်လိုပင်ခြားသော်လည်း တောတောင်

 ရှိုမြောင်များအကြား အခက်အခဲ အမျိုးမျိုးဖြင့်

 ဖြတ်ကျော်သွားလာခဲ့သည်မှာ လွယ်ကူသည့်

 ကိစ္စမျိုးမဟုတ်ပါချေ။

အခက်အခဲကြားမှ ကျော်လွှားဖြေရှင်းခဲ့သည့် ရှေးယခင်က 

အပြုအမူ လိမ္မာယဉ်ကျေးမှု (Civilization) အဆင့် အတန်းကို

 ဆိုလိုခြင်းဖြစ်သည်။

သျှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်

 လုပ်ကိုင်စားသောက်လျက်ရှိကြကုန်သော တိုင်းရင်းသား လူမျိုးများသည် ခေတ်စဉ်ကိုလိုက်၍ 

၎င်းတို့ သုံးစွဲခဲ့သော လူသုံးပစ္စည်းအမျိုးမျိုးမှ သုတေသနပြုလုပ်လျက်တွေ့ရှိသော 

အချက်အလက်များအရ မှတ်တမ်းတင်ခဲ့ပေသည်။ ထိုကဲ့သို့ သုတေသန ပြုလုပ်ခဲ့ရာမှ

 တွေ့ရှိချက်များ၊ လှည်းလမ်း၊ ကားလမ်း မရှိသေးသည့်ခေတ် သမယ၌ အသုံးပြုခဲ့သော

 နွားဝန်တင် နှင့်ခေါင်းလောင်းသံ အကြောင်းကို ဖောက်သည်ချရသည်သာလျှင်--

သျှမ်းတို့သည် လှည်းလမ်း ပေါ်သေးခင် ကုန်ကူးရာ၌ ရှေ့ဆောင်နွား၊ ရှေ့သွားဥဿဖ မှာ

 နွားဝန်တင်များအထဲမှ ရှေ့ဦးဆုံး အမြဲသွားတတ်ကြသော နွားအရွယ်ကောင်း ရုပ်ကောင်း

 အင်အားကောင်းတစ်ကောင်မှ သုံးကောင်အထိရွေးချယ်၍ ၄င်းတို့အား အသိအလိမ္မာရှိအောင်၊

 အထူးသဖြင့် ခရီးသွားနေစဉ် ဘယ်ရှောင် ညာရှောင်၊ ရှေ့သွား နောက်ဆုတ်၊ အသွား အလာ

 အရပ် အနား အတွက် သူ့နည်းသူ့ဟန်နှင့် သုံးနှုံးသည့် လူ့စကားလုံးကို 

လိုက်နာအောင်သင်ကြားလေ့ကျင့်ပေးရ၏။

ရှမ်းလူမျိုးများ

တိုင်းမောဝ်(Tai Mao)


ရွှေလီမြစ်ကို ရှမ်းလူမျိုးများက နမ့်မောဝ် (Nam Mao) ဟုခေါ်သည်။ ထိုမြစ်ဝှမ်း 


တစ်လျှောက်တွင် နေထိုင်သော ရှမ်းများကို တိုင်းမောဝ် (မောရှမ်း) ဟုခေါ်သည်။

 တိုင်းမောဝ်တို့သည် တာပိန်မြစ်ဝှမ်းတွင်လည်း နေထိုင်ကြသည်။ အေဒီ ၁၂၃၅ ခုနှစ်

 နန်ချောင်းနိုင်ငံတော်ကြီး ပျက်စီးခဲ့ရပြီးနောက် တိုင်း (ရှမ်း) လူမျိုးတို့သည် 

အာရှအရှေတောင်ဘက်သို့ အစုလိုက်ဝင်ရောက်နေထိုင်လာကြသည်။ မဲခေါင်မြစ်၊ မဲနမ်မြစ်၊

 သံလွင်မြစ်၊ ရွှေလီမြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဗြဟ္မပုတြမြစ် အတိုင်းစုန်ဆင်း၍ 

လုပ်ကိုင်စားသောက်ရန် လွယ်ကူသော နေရာများတွင် အခြေချနေထိုင်ပြီး အိုးအိမ်မြို့ရွာများ 

တည်ထောင်ကြသည်။


အေဒီ ၁၂-၁၃ ရာစုတွင် တိုင်းမောဝ်များသည် မောအင်ပါယာ (Mao Empire) 

ကိုတည်ထောင်ခဲ့သည်။ တိုင်းတုမ်း၊ တိုင်းဝမ်း ၊တိုင်းခွမ်၊ တိုင်းဆာ တို့သည်လည်း

 တိုင်းမောဝ်းလူမျိုးများပင်ဖြစ်သည်။ ၄င်းတို့သည် နန်ချောင်မင်းဆက်ကို တည်ထောင်သော

 ရှမ်းအုပ်စုများဖြစ်သည်။ တရုတ်လူမျိုးများနှင့် အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်သော်လည်း

 ကြံကြံခံ၍ ခုခံတိုက်ခိုက်ခဲ့သဖြင်ယင်းတို့ကို တိုင်းခေ ဟုခေါ်သည်။ ရှမ်းခြောက်ပြည်တောင်စု

 ဟုလဲခေါ်သည်။ အေဒီ ၁၂၃၅ ခု တွင် မောရှမ်းတို့သည် မွန်ဂိုတို့ကို ခုခံတိုက်ခိုက်ခြင်းမရှိပဲ

 ပြေလည်အောင် ဆက်ဆံခဲသဖြင့် မောအင်ပါယာ မပျက်စီးခဲ့ပေ။