Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Monday, July 29, 2013

ဖုန်းမှရှမ်းစကား သင်ကြားနိုင်

ရှမ်းဘာသာစကားကို iPhone, iPod touch နှင့် iPad တို့မှတဆင့် သင်ကြားနိုင်ပြီဖြစ်ကြောင်း Nagaraja Rivers မှ Speak Shan 1.0 အမည်ရှိ application တခုကို ထုတ်လုပ်လိုက် ပြီးနောက် ကြေညာလိုက်ခြင်း ဖြစ်သည်။ ၎င်း application တွင် ရှမ်းဘာသာ စာလုံးပေါင်း ၄ ရာကျော်နှင့် စကားစုများ အပြင် အသံထွက်များကိုပါ ရှမ်းအသံစစ်စစ်ဖြင့် နားထောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

၎င်း application တွင် အခြေခံနှင့် နှုတ်ဆက်ခြင်း ကဏ္ဍ၊ မိသားစုနှင့် လူအများ၊ ကိန်းဂဏန်းများ၊ အချိန်၊ ရာသီဥတု၊ ခံစားမှုအမျိုးမျိုး၊ တိရစ္ဆာန်၊ အရောင်၊ ဈေးဝယ်ခြင်း၊ အစားအစာ စသည်ဖြင့် အခန်းကြီး ၁၇ ခန်း ခွဲခြားထားသည်။

အသုံးပြုရန်အတွက် iOS 3.2 or later ရှိ iPhone, iPod touch, and iPad နှင့် memory 5.9 MB ရှိရန် လိုအပ်သည်။ Shan 1.0 ကို US$ 1.99 ဖြင့် ရောင်းချပြီး ဤနေရာ တွင် ဒေါင်းလုဒ် ရယူနိုင်ပါသည်။




                                                     (ဧရာဝတီဆိုက်မှ) ဖော်ပြထားသည်။