Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, August 5, 2013

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသော သေတမ်းစာ


*ဘဝ ဟူသည်

တိုတောင်း လှပေစွ.

ကန်ရေပြင်၌ တက်သော

ရေပွက်မျှသာ ဖြစ်တယ်။*

*ကွေးသောလက်များ

ဆန့် မသွားမီ

မတည် သော အသက်

ခန္ဓာ ဟူသည်

ဇာတိ ဇရာ မရဏ

သောက ပရိဒေ၀ အနိစ္စ

အမြဲမှန်ကန်သော အရာ

မမြဲခြင်းသာ ဖြစ်တယ်။

ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.

အနိစ္စ သေဆုံးခြင်း၏ တရား။*

 *တနေ့ တချိန်

လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်

ကျွန်မ သေဆုံးပါလိမ့်မယ်။

ကျွန်မ အသက် လူကြီးအရွယ်

သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။*

*ကျွန်မ ကိုယ် ကျွန်မ

ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။

အမှန်တရားနဲ့ တရားဥပဒေသာ

မြတ်နိုးပါတဲ့ သာမန်လူ

မြန်မာအမျိုးကောင်းစားရေးကို

ရှေးရှူသူသာဖြစ်တယ်။*

*အကယ်၍ ကျွန်မ သေလွန်တဲ့အခါ

မငိုပါနဲ့  မပူဆွေးကြပါနဲ့ 

ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။

ကျွန်မ ကိုချစ်သူ မချစ်သူ

မည်သူမဆို လာရှူနိုင်တယ်

ပုပ်ပွ ဖူးယောင် လူသေကောင်၏

မျက်မြင်မုချ အသုဘ ကမ္မဌာန်း..

အိုနာ သေခြင်း၏ မမြဲသောလမ်း။*

*ကျွန်မ သေဆုံးပြီးနောက်

ချန်ထားခဲ့ပါရစေ။

ကျွန်မ၏ အထွဋ္ဋ်မြတ်သော ဆံပင်

ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။

ကျွန်မ၏ မျက်ကြည်လွှာ..

အလင်းမရသူကို လှူဒါန်းပေးပါ။

ကျွန်မ၏ နှလုံးသား..ကျောက်ကပ်

အသည်း ကလီဇာများ

ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။*

*မသာတစ်ခေါက် ကျောင်းဆယ်ခေါက်

နာရေးကူညီသော စေတနာရှင်

စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ

ကျွန်မ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။

ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။*

*ပုပ်ပွလာမဲ့ ခန္ဓာအား

မီးသင်္ဂြိုလ်ပြီး..

ရလာသောခန္ဓာ၏ ပြာမြေဇာ

အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။*

*နောင်လာနောက်သားများအတွက်

ကျွန်မ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်

အင်းစိန် ထောင်ခွဲ

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း

အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်

ကျွန်မ၏ အသုံးအဆောင်..စာအုပ်

တီးသူမဲ့သော စန္ဒယား

ကျွန်မ၏ မြန်မာ အ၀တ်အစား

ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.

နောင်လာနောက်သားများရှူမြင်စေ။*

*ကျွန်မ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။

ကျွန်မ၏ ဈာပန စရိတ် နှင့်

ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး

ဇီဝိတဒါန ဆေး အလှု

ကွယ်လွန်သူ မိဘများ အမှုထား၍

ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်

သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။*

ကျွန်မ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား

$1.3 million အား

ကိုယ်ကျိုး အတွက် မသုံးစွဲ

တပြားမချန် မြန်မာပြည်သူများအတွက်

ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ

လှုဒါန်းခဲ့ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။

ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။*

*အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို

နားလည် ပါရမီဖြည့်ပေးသူ သားများ

အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။

အမေ့ဘ၀အတွက်အကောင်းဆုံး

ဘုရားပေးသောဆုလာဒ်

ဒီသားများသာ ဖြစ်ပါတယ်။*

*ဒီ သားများ အတွက်..

အမေ မွေးခဲ့သောဇီဝိတ အသက်

အဖေပေးခဲ့သော ပညာ မှတပါး

အခြားပေးရန် စည်းစိမ် အမွေ မရှိ။

စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ

အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။*

*အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ

ကျွန်မအား စောင့်ရှောက်သောကျေးဇူး

အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။*

*ဆေးဝါး ကုသပေးသော

မောင်ငယ် ဒေါက်တာတင်မျိုးဝင်း

သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..

ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ

ဦးချပြီး.ဆပ်ပါရစေ။*

*ပြည်တွင်းပြည်ပ..

ကျွန်မကို ချစ်ခင်ကြသော

ကျွန်မကို အားပေးကြသော..

မိတ်ဆွေ သင်္ဂဟ

သိသူ မသိသူ မှန်သမျှ

ကျွန်မပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။

ရွှင်လမ်းကြစေ။*

*ကျွန်မ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.

သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..

ကျွန်မ အဖေ၏ ပန်းချီတချပ်..

သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။*

*အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်

အဝေးရောက် ၀န်ကြီးချုပ်

ကျွန်မ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..

ကျွန်မရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း

ကျွန်မ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်

မျက်နှာပြ ဖော်ရပေးတာ

အထူးကျေးဇူး တင်ပါတယ်။*

*ဖေဖေ့မျက်နှာနဲ့ 

ကျွန်မအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်

အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့

အတုယူ ချီးမွမ်းထိုက်ပါသော

မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ

မှတ်ကျောက် စာထိုးခဲ့ပါတယ်။

ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။*

*ကျွန်မ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.

ကျွန်မ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။

မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ

ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ

တကယ်မှန် မှန် မမှန် မှန်..

ဟုတ်သော်ရှိ မဟုတ်သော်ရှိ

ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်

သူ၏ ထားရှိသော ဂရုဏာ စေတနာ

ကျေးဇူးတင်ပါထိုက်ပါတယ်။*

*ကျွန်မ သွားတဲ့အခါ..

တရား သံဝေဂရ..

မျက်ရည် မကျုကြပါနဲ့ ။

မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရား

ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။

ကျွန်မ အတွက်ထားတဲ့ ချစ်မေတ္တာ

တိုင်းပြည်အမျိုးအတွက်

လက်ဆင့်ကမ်းကြိုးစားပေးပါ။

အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး

ကျွန်မ လက်ထက်မှာ မရသေးခင်

ကျွန်မ သေလွန်ခဲ့ပါလျှင်

ကျွန်မ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.

တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်

ပြန်ခေါင်းထောင်ထကြပါစေ

ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။

အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။*


Credit from @facebook

ပြည်သူထံသို့ ဒုတိယပင်လုံတမ်းချင်း


အမှန်အမှားသစ္စာတရားကို ဖောက်ပြားလိမ်လည် 
သူတို့မြူဆွယ်လည်း
သံမဏိလိုမယိမ်းယိုင် စိတ်မဏ္ဍိုင်က
ကြောက်စိတ်မပွား သွေဖီမသွားပဲ အမှန်တရားအတွက်
ရင်ဆိုင်ရှေ့ထွက်ကာကွယ်ခဲ့၍
ဂျူလိုင်ဆဲဗင်း သမိုင်းမှန်ရှင်းရင်းနဲ့
မုန်တိုင်းတစ်ကြိမ်တိုက်ခဲ့တယ်။။

အမှန်တရားကိုမြတ်နိုး မှန်ဖို့ကြိုးစားလည်း
အာဏာကို ကိုးကွယ် အမှားဆိုးကိုတွယ်သမှူ့လူတစုက
ချုပ်ချယ်မြစ်တား ဖိနှိမ့်ထားလဲ
လွဲမှားမယူ -(မျိုး)-ချစ်စိတ်အတူဖြင့်
မပြောင်းလွဲတဲ့ရည်ရွယ်ချက် လွတ်လပ်ခြင်းဟာပြည်သူအတွက်မို့
အနှိမ်မခံတွန်းလှန် ၀ံသာနုနှင့်ရှေ့ဆက်ရန်အတွက်
ရှစ်လေးလုံးတွင် သမိုင်းဝင်
မုန်တိုင်းတစ်ကြိမ်တိုက်ခဲ့တယ်

ဖောက်ပြန်ခဲ့တဲ့လောဘ အစွန်းရောက်နေဆဲဒေါသ
မိုက်မဲတဲ့မောဟကိုအဖော်ပြုပြီး
အားဖြည့်လို့မင်းပြုစဉ် ဒို့မြန်ပြည်တခွင်မှာ
ဖြေဆည်းစရာရှာမတွေ့ မေတ္တာဓါတ်တွေခြောက်သွေ့သွေ့နဲ့မို့
ရှေ့ဆက်ဖို့အရေးရင်တလေးလေးနဲ့
ညီညွတ်တဲ့ သံဃာ ပြည်သူအတွက်စာနာကာဖြင့်
အမှားမကျွံခင် အမှန်ပြင်ဖို့ ငြိမ်းချမ်းစွာတောင်းဆို
ဘုရားအလိုကိုမပယ် ၀ိနယကံဆောင်စဉ်ဝယ်
၂၀၀၇ တွင် မော်ကွန်းတင်
မုန်တိုင်းတစ်ကြိမ်တိုက်ခဲ့တယ်

ဆဲဗင်းဂျူလိုင် အငွေ့အသက် ရှစ်လေးလုံးတွင်ကူးစက်ခဲ့အပြီး
ခေါင်းပါးမေတ္တာထွန်းကားလာဖို့ ၂၀၀၇တွင်ကံဆောင်စဉ်လည်း
ကိုးကွယ်ရာဘာသာ သိလျက်နှင့်သာဖြိုခွင်တာမို့
နောက်တကြိမ်စစ်တမ်း ထုတ်နိုင်စမ်းဖို့
နာဂစ်အမည်တွင် ၂၀၀၈တွင်လည်း
မုန်တိုင်းတစ်ကြိမ်တိုက်ခဲ့တယ်။။

ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် နှင့်ရှမ်း ...
ရှစ်လူမျိုးနဲ့ဝန်းရံချယ် ပြည်မြန်မာလည်း တင့်တင့်တယ်ခဲ့ပေါ့
ကြွေးကြော်ထားတဲ့ပြည်ထောင်စု လှစ်လျူရှူ့၍နေရာလုသော်
မုန်တိုင်းငယ်တွေအမြဲတစေ ရှင်သန်ခဲ့စေ ဒို့မြန်ပြေလေး...
တိုင်းရင်းညီအကိုသွေးကွဲလိုက တရုတ်ကုလားမရပ်မနားပဲ
ကုတ်ကုတ်သွားရာကနေ -- ပေါ်တင်မန္တလေး တရုတ်ဈေးလည်းဖြစ်နေရောပေါ့
သွေးခွဲရန်တိုက် တရုတ်အကြိုက်ဖြစ်မဲ့
မနောမြေစစ်ပွဲ ယခုတိုင်မစဲတဲ့အပြင်
မညီညွတ်ခြင်းရဲ့အဖြေ စစ်တွေမြေမှာ
ဒို့သွေးဒို့သား ပြည်ထောင်စုဖွား
ရခိုင်သားတို့ကို ကုလားတို့(တိုင်းတပါး)နှိပ်စက်
ကျူးကျော်ချက်ကြောင့်
မလုံခြုံတဲ့ဘ၀ သွေးမြေခခဲ့ရတဲ့
ရှစ်ဂျွှန်တဆယ့်နှစ် အမျိုးစစ်စစ်အတွက်
မုန်တိုင်းပြင်းစွာ သတိရှိပါလော့။

ကြိမ်ဖန်းများများ မုန်တိုင်းသွားကို
သမိုင်းတစ္ဆေအဖြစ်ထင်ကျန်ရစ်စေ
မော်ကွန်းနေလည်း
မုန်တိုင်းအပြီးသတ်
လေပြေလေညင်းတွေခေါ်လာကြမို့
မုန်တိုင်းရဲ့ဒါဏ်ကြံ့ကြံ့ခံပြီး
လေပြေအလှည့်ကျ ဒို့မရလည်း
နောင်လာမျိုးဆက်ကောင်းစေဖို့အတွက်
ဒို့များညီညာလက်တွဲခါခွင့် ဖန်တီးသင့်၏
လေပြေအလှည့်ကျ မျိုးဆက်လှဖို့
ပြည်ထောင်စုနဲ့အတူလက်တွဲထူ
ပြည်သူတွေက၀ိုင်းရံကူ
မုန်တိုင်းတွေကိုအဆုံးသတ်
“ပင်လုံဒုတိယ” တောင်းဆိုကြလော့ နိုးထလော့။။။။။။



NY Hein

ငါတို့ရဲ့ အိမ်


ခေါင်မလုံ အမိုးကစုတ်

ဒုက္ခတွေဖျန်းဖျန်းပြေး

သောကတွေထန်တဲ့

ငါတို့ရဲ့ အိမ်။

ကောက်ကျစ်မှုတွေအားပြိုင်

နိုင်ရာစားဝါဒီတွေကြီးစိုး

ခေါင်းပြတ်တွေဖန်ဆင်းတဲ့

ငါတို့ရဲ့ အိမ်။

အမှန်တရားတွေလမ်းပျောက်

မီးထွန်းရှာရမဲ့သစ္စာ

ကိုယ်ကျင့်သိက္ခာက ခြကိုက်

အနင်းခံကြမ်းတွေ

မျက်ရည်နဲ့တသားတည်းဖြစ်နေတဲ့

ငါတို့ရဲ့ အိမ်။

အတိတ်မှာအိမ်မက်ဆိုး

ပစ္စုပ္ပန်ကအကျည်းတန်

အနာဂတ်စောက်ထိုးဖြစ်နေတဲ့

ငါတို့ရဲ့ အိမ်။

ပတ်ဝန်းကျင်ကောင်း ငတ်မွတ်

ဆာလောင်မှုတွေအမောဖြေ

မှိန်ပြပြနံနက်ခင်းမှာ

ဂုတ်သွေးစုတ်ဘီလူးတချို့ရဲ့

ချောင်းမြောင်းခြင်းခံနေရတဲ့

ငါတို့ရဲ့ အိမ်။   ။



MSMA ကျောင်းသား 

အမေ့ခြေသံ

အသက်ထောက်ပေမဲ့
တစ်ရက်မကြောက်လေခဲ့တဲ့
တစ်သက်တစ်ယောက်သာ ပေါ်ထား
သားတို့ရဲ့အမေ
ကိုယ်နေဟန်ကြွကြွ
ခြေသံဖွဖွက
ကမ္ဘာ့လူမျိုး အစုံစုံကို ရင်ခုန် ကစေခဲ့တယ်။
အေးမြစွတ်စိုတဲ့
စိမ်းကားတတ်တဲ့
အထီးကျန်တတ်တဲ့
အင်္ဂလန်ရဲ့ ဇွန်လဟာ
အမေ့ခြေသံတွေနဲ့ ယိမ်းက
သာယာလှပလို့ နေခဲ့ပြီ။မခံချိအောင်
အတိတ်မှာနှောင်ခဲ့ သော်လည်း
သံမဏိလို မာ
လိပ်ပြာတစ်ကောင်လို လှ
ထာဝရ အမေဟာ
ရာဇ၀င်မှာ
အမှောင် မရိုင်းပြဘဲ
ကမ္ဘာတခွင်မှာ
အောင်သမိုင်း လှခဲ့တယ်။

 (၁)
အမေ့ဦးခေါင်းကား
သွေးများနဲ့ ရဲရဲ နီခဲ့သော်ငြား
အမေ...တရားမလွတ်
ဦးမညွတ်ခဲ့၊
အမေ...ခွင့်လွှတ်နိုင်ပေမယ့်
သားတို့... မေ့မရနိုင်တဲ့ နှစ်တွေ၊ နှစ်တွေ... ခမောက်ကိုယ်စီ
ခွပ်ဒေါင်းနီတို့
ဂန္ဒီ ခန်းမကအပြန်
အသံတွေပိတ်သမို့
အံတွေကြိတ်လို့
မာန်တွေ သိပ်ခဲ့ရတဲ့ နှစ်တွေ။
ကျည်ရွာ နံဘေးက
မသဒီစရာ အရေးမှာ
ဒီတခါ ဝေးကြပြီလား
ပြည်မြန်မာ ကမ္ဘာတလွှမ်းမှာ
အမေ့ကိုတမ်း
ညီညီညာညာ လွမ်းခဲ့ရတဲ့နှစ်တွေ။ အမေတစ်ခါ ကိုယ်ယောင်ပြခဲ့တဲ့
ရွှေဝါရောင် ထိုအရေးမှာ
မနေသာအောင် ငိုအတွေးတွေနဲ့
ပြည်မြန်မာထူထောင်ဖို့အရေး
မျှော်တိုင်းဝေးလို့သွား
စိတ်အားငယ် ခဲ့ကြရတဲ့နှစ်တွေ။
စုအမေ မနေသာ နာဂစ်အရေးမှာ
လူ့ပြည်ဟာ သေရွာဖြစ်ခဲ့
သူ့ဥပဒေသာ အခြေမာမြစ်ခဲ့လို့
ကမ္ဘာမကြေစရာ ညစ်ထေးခဲ့တဲ့
ဧရာမြစ်နံဘေးက
ရာဇ၀င်ထဲက အညစ်အကြေးတွေနဲ့နှစ်တွေ။ ဆက်ပြောရင်တော့
ဖက်မပြောချင်တော့တဲ့
ယက်တောဆင်ကွက်
တစ်သက်မျောရင်အခက်လို့
တက် တခေါက်ခေါက်နဲ့
ဆက်၊ ဆက် ကြောက်ခဲ့ရတဲ့နှစ်တွေ။

(၂)
ဒီလိုနဲ့ ...အနှစ်နှစ်ဆယ်မက
ရင်မောခဲ့ရတဲ့ ရက်တွေ ကုန်ဆုံး
အမေ့အပြုံးတွေဝေတော့
သူများမြေမှာနေ
မောတော့မောပေမယ့်
အမေလာပြောတော့
အမောပြေတယ်အမေ။ ဆယ်လ်မွန်ငါး
သားတို့တတွေဟာ
ပြည့်သံတမန် အစစ်ပါလို့
အမေ့အသံ မေတ္တာမို့
အဝေးရောက်လို့ပမ်းပေမယ့်
သားတို့လန်းဆန်း
စိတ်နွမ်းတွေ ပြေခဲ့ရတယ် အမေ။
အမေလာမှာကြို
ဒေါင်းပျိုဟန်အပြည့်နဲ့
ဒီလိုနေ့မှာ မြန်း
ယူကေတ၀ှမ်းဆီက
ထောင်ချီမကတန်း
ရွှင်လန်းမြန်မာတို့
မြို့လန်ဒန်ရဲ့ သိမ်းမြစ်ကမ်းအနီး
အင်္ဂလန်တော်ဝင်ပွဲ ခန်းမကြီးမှာ
“ကမ္ဘာမှာ
ဒါ
မြန်မာဟေ့”လို့၊
သားတို့... ၀င့်ကြွားခွင့်ရခဲ့
ရွာပြန်မယ့် အမေ
မာပါစေသား၊
သားတို့ မြန်မာရဲ့မြေ
သာပါစေသား။  ။



ဇော်ထက် (ပျဉ်းမနား)
(အမေစုကို Steel Butterfly သံမဏိလိပ်ပြာလို့ အနောက်တိုင်း မီဒီယာက တင်စားတယ်။)
အမေစုနဲ့ တွေ့ဆုံပွဲ ၂၂၊၀၆၊၂၀၁၂။ လန်ဒန်မြို့အမှတ်တရ။
(၈၈ မျိုးဆက် တစ်ဦးဖြစ်သူ ဆရာဝန်တစ်ဦး Consultant Cardiologist UK မှ ပေးပို့သော ကဗျာဖြစ်ပါသည်။ )



Eleven Media Group မှကူးယူဖေါ်ပြသည်။  

Sunday, August 4, 2013

"ဧရာဝတီ"

"မြစ် တစ်စင်း စီးဆင်းတဲ့ အကြောင်း"

 ခြစ်ခြစ်တောက် အပူ

 တပေါင်းလေ တဖြူးဖြူးရယ်

 ပေါင်းမိကြတဲ့အခါ တာပိန်မြစ်ရဲ့

 ဟိုး.. မြစ်ဖျားဒေသက ညောင်းချိနေတဲ့

 ရေခဲတောင်ကြီးတွေ ဗူးသီး

 စိတ်ချလိုက်သလို ချိုင့်ချိုင့်ကျကုန်ကြတယ်။

 အို တာပိန် သင်ငြိမ်နေခဲ့

တာ ကောက်ကျစ်ခြင်းလား

 သင်ဟာ မြစ်ယောင်ဆောင်တဲ့

 နဂါးတစ်ကောင်လား။

 သင်ဟာ နတ်ဆိုးပဲ

 တို့ချစ်တဲ့ ဧရာဝတီ

 တငြိမ့်ငြိမ့် စီးဆင်းနေတုန်း

 ဗြုံးဆို ရေ ရွှင်စေတယ်။

 အမြုပ် ဖိုက်ဖိုက်ထ

 ဧရာဝတီမြစ်ပြင်ပြည့် ပေါလောမျှော

 ဒီဇိုင်းညံ့ညံ့ အထည်တွေ

 စက်ရုံ ဒလိမ့်တုံးပေါ်ကနေ

 အတောမသတ် လျှောထွက်နေတာမျိုး။

 အို တာပိန် သင့် အန်ဖတ်တွေထဲ

 တို့အသက်အိုးအိမ်တွေ မျှောပါ ပျက်စီးခဲ့ရပြီ။

 တို့ ဖရဲခင်း မြေပဲခင်းတွေ

 တို့ ငရုတ်ခင်းတွေ

 တို့ အသက်ချွေးနဲ့ ရင်းရတာ မှန်သမျှ

 သင် အငမ်းမရ ၀ါးမြိုခဲ့ပြီ။

 တို့ အဘေးဘေး အဘီဘင်တွေ

 နေရင်းဒေသ စွန့်ခွာခဲ့ရတာ

 ယဉ်ကျေးမှုနဲ့ လွတ်လပ်ရေး

 အရွေးခက်ခဲ့ရတာ လွတ်လပ်ရေးကို ဦးစားပေး

 ဒီအတွက် အနှစ် နှစ်ထောင် ယဉ်ကျေးမှု

 နောက်ကျခဲ့ရတာ ဒါဟာ ဖြစ်ကောင်း၏

 "ဤသို့ယူရသော် ရ၏"

 မဟုတ်ဖူး သမိုင်းရှိတယ်

 နတ်ထိပ်တောင်ကြား သိတယ်

 ကျောက်ဆည်လွင်ပြင် သိတယ်။

 ထရိုဂျင် တာပိန် မငြင်းနဲ့ ဒါ နှင်းခဲ ပျော်ချိန်။





 (မောင်အောင်ပွင့် - ရုပ်ရှင်တေးကဗျာ။ မတ် 1995)

Tuesday, July 30, 2013

ဆည်းဆာ လမ်းခွဲ

လွမ်းယောင် သန်းနေတဲ.
မိုးနှောင်း  ရာသီရဲ.
နှုတ်ဆက်ချိန်ထဲ …….
လေဝှေ.လိုက်တိုင်း တလှုပ်လှုပ်နဲ.
ယဲ.ယဲ.လေးသာ ….
လှုပ်ခါနှိင်တော.တဲ. မြက်အိုပင်လေး
တရှဲရှဲ မြည်ဟီးနေတဲ. မာလာကာပင်လေး
လူတွေစည်ကားနေတဲ. ကျောင်းအ၀င်လမ်း
ဆွေးနွေးသံတွေ ညံစာနေတဲ.
စာသင်ခန်း …..

သံတောင်

မနက် လင်းပြီဆိုရင်
မြူတွေဆိုင်းနေတာကို တွေ.ရမှာဘဲ
လမ်းတွေ  မြူတွေ ဝေ.ဆိုင်းလို.
တစ်စုံတစ်ရာဆီ ကွေ.ကောက်ဝေ.လည်.လို.