လုံးခင်း ဖားကန့် ကျောက်စိမ်း ရတနာနယ်မြေ သမိုင်းမှတ်တမ်း မော်ကွန်း ကမ္ပည်းကျောက်စာ
သမိုင်းအစမှ ၁၈၈၅ ခုနှစ်ထိ
ဖားကန့်မြို့သည် မြစ်ကြီးနား ခရိုင်အတွင်း မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် မိုင်(၁၂၀)ခန့်
အကွာ ပင်လယ်ရေမျက်နှာပြင် အထက်(၁၀၀၇)ပေတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံတွင်
မြောက်လတ္တီတွဒ် ၂၅ ဒီဂရီနှင့်၂၆ ဒီဂရီအကြား အရှေ့ဥရုမြစ်ရိုး၊ အနောက် ချင်းတွင်းမြစ်ရိုး
အတွင်းသည် ကျောက်စိမ်းနယ်မြေ အဖြစ် ထင်ရှားခဲ့...သည်။
ဗဒုံမင်းလက်ထက် ဥရုဆယ်ရွာ စစ်တမ်းတွင် ကသိုဏ်းတောင်ထိပ်မှ အရှေ့ကိုလားသော်
ခရီးသုံးသောင်းခန့် အကွာတွင် မိုးကောင်းနှင့် နယ်မြေအစပ်၊ တောင်ကိုလားသော်
နမ့်လေချောင်း အထိ မိုးညှင်းနယ်နှင့် မြေအစပ်၊ အနောက်တောင်ကို လားသော် ခရီး
နှစ်သောင်းခန့် အကွာ နိမ့်ဟိန်ကျော် နမ့်ရုပ်ချောင်းအထိ ရေပေါ်မီးနှင့် နယ်မြေအစပ်
အနောက်ကို နမ့်ပလုပ်ချောင်း၊ နမ့်ကောင်းချောင်းထိ ရေပေါ်မီးနှင့် နယ်မြေအစပ်။
အနောက်မြောက်ထောင့်ကို လားသော် ခရီးနှစ်သောင်းခန့်ကွာ နွဲ့ခေါင်တိုက်တောင်
အထိတဘက် ၊ ကျွန်းပင်ရွာနှင့် နယ်မြေအစပ်၊ မြောက်ကိုလားသော် ခရီးလေးသောင်းခန့်ကွာ
သလာဝတီ ချင်းတွင်းမြစ်ကမ်းရပ် ဖသောင်ရွာနှင့်နယ် စပ်ဟူ၍ ဖော်ပြထားသည်။
ဥရုဆယ်ရွာတွင် ကုန်း ၄ရွာ၊ ကြည်း ၆ရွာ၊ ပါဝင်သည်။
ကျောက်စိမ်းကို ခရစ်နှစ်၊ တစ်ရာစုမှ လေးရာစုအတွင်း ထွန်းကားခဲ့သည့် ဗိဿနိုးမြို့၌ စတင်
တွေ့ရှိရသည်။ ဗိဿနိုးမြို့ဟောင်းမှ တူးဖော်တွေ့ရှိရသော ပုတီးလုံး (၇၀၈)လုံး
အနက်ကျောက်စိမ်း ပုတီး(၃)လုံးမှာ အမှတ်(၁၅)ကုန်းမှ တူး ဖော်တွေ့ရခြင်း ဖြစ်သည်။
အလားတူပင် ပျူမြို့တော်များ ဖြစ်ကြသော သရေခေတ္တရာနှင့် ဟန်လင်းမြို့ များတွင်လည်း
ကျောက်စိမ်းပုတီးလုံးများနှင့် ကျောက်စိမ်း ဆင်ရုပ်လေးများကို တွေ့ရသည်။ တစ်ဆယ့်
သုံးရာစုတွင် ယူနန်မှ ကုန်သည်တစ်ဦး မြန်မာနိုင်ငံ မြောက်ပိုင်းတွင်
ကျောက်စိမ်းကောက်ရသည်ကို အကြောင်းပြုပြီး ကျောက်စိမ်းရှာရန် တရုတ်အများအပြား
ရောက်ရှိလာသည်။ သို့ရာတွင် နောက်ထပ် ရှာမတွေ့ဟု သိရှိရသည်။
တစ်ဆယ့်လေး ရာစုတွင် ယူနန်မှ နောက်တစ်ကြိမ် ကျောက်စိမ်း ရှာဖွေရန်
တစ်ဆယ့်လေး ရာစုတွင် ယူနန်မှ နောက်တစ်ကြိမ် ကျောက်စိမ်း ရှာဖွေရန်
ရောက်လာကြသည်။ ဤအကြိမ် တွင်လည်း မအောင်မြင်ပေ။ ၁၇၈၄ ခုနှစ်တွင်
တရုတ်အမျိုးသား တစ်စုသည် ကျောက်စိမ်း ကို ဥရုမြစ်ညာဘက်တွင် ရနိုင်သည်ဟု
သိရှိလာကြသည်။ ထိုအချိန်မှစပြီး ယူနန်ဘက်သို့ကျောက်စိမ်း အပို့အထုတ် ရှိလာသည်။
အမရပူရ၌ တရုတ်ဘုရားကျောင်း မှတ်တမ်းအရ ၁၉ရာစုဦးကစပြီး ကျောက်စိမ်းရှာရင်း
သေဆုံးသည့် တရုတ်အမျိုးသား (၆၀၀၀)ကျော် ရှိသည်ဟု ဖော်ပြထားသည်။
မြန်မာဘုရင် ဗဒုံမင်း အနေဖြင့် ကျောက်စိမ်း လုပ်ငန်းအရေးပါပုံကို သတိပြုမိသည်။ မိုးကောင်း
မြို့တွင် ၁၈၀၆ ခုနှစ်ကစ၍ တပ်သားသုံးဆယ်နှင့် အထောက်အရာရှိ တစ်ဦး ထားရှိခဲ့သည်။
ကျောက်စိမ်း တူးဖော်မူကို ကချင် တိုင်းရင်းသားတို့ အများဆုံး လုပ်ကိုင်ကြသည်။
တူးဖော်ရရှိသော ကျာက်စိမ်းများကို တစ်ဖက်ကမ်းတွင် လာရောက် ရောင်းချသည်။
အကောက်အရာရှိက အရောင်းအ၀ယ်ဖြစ်သည့် တန်ဖိုးပေါ်တွင် သုံးဆယ်သုံးရာနူန်း တွက်ပြီး
အကောက် ကောက်သည်။ ဈေးနူန်းကို အကဲဖြတ်ဖို့ ရာဖြတ်အရာရှိလည်းထားရှိသည်။
ကျောက်စိမ်းလုပ်ငန်း အကြီးပွားဆုံး ကာလမှာ ၁၈၃၁-၄၀ ပြည့်နှစ်ကာလအတွင်း ဖြစ်သည်။
ထိုအချိန်က တရုတ်လူမျိုး ၈၀၀၊ ရှမ်းတိုင်းရင်းသား ၆၀၀ ခန့် ကျောက်စိမ်း လုပ်ငန်းမှာ
ပါဝင်လုပ် ကိုင်ခဲ့သည်။ ထွက်သမျှ ကျောက်စိမ်းကို ယူနန်သို့ တင်ပို့ရောင်းချ ကြသည်။ တရုတ်
-အင်္ဂလိပ်စစ် ကြောင့် ၁၈၄၁ ခုနှစ်တွင် ကောင်းထုံ အရောင်းအ၀ယ် ပျက်သဖြင့် ကျောက်စိမ်း
လုပ်ငန်းလည်း ပျက်စီးခဲ့သည်။ ကျောက်စိမ်း အရောင်းအ၀ယ်သည် ၁၈၄၇ ခုနှစ်တွင်မှ
အနည်းငယ် ပြန်ကောင်း လာခဲ့သည်။ သို့ရာတွင် ၁၈၅၀ ပြည့်နှစ် ရောက်သည့်အခါ
တရုတ်ပြည်မှာ ထိုင်ပင် အရေးတော်ပုံ ပေါ်ပေါက်လာ သဖြင့် အရောင်းအ၀ယ် ပျက်ပြန်သည်။
၁၈၆၁ ခုနှစ် အရောင်းအ၀ယ် ပြန်လည် ဖြစ်ထွန်းလာခဲ့သည်။
မင်းတုန်းမင်း တရားကြီး လက်ထက်တွင် ကံဆီးဒူဝါးကံဆီးစမော့နောင်သ ည် လူ ၁၆ ယောက်
မင်းတုန်းမင်း တရားကြီး လက်ထက်တွင် ကံဆီးဒူဝါးကံဆီးစမော့နောင်သ ည် လူ ၁၆ ယောက်
ထမ်း အလေးချိန်ရှိသည့် “ငိုးပင်းမှော်” က တူးဖော်ရှိသော ကျောက်စိမ်းကို ဘုရင်ထံ
ဆက်သခဲ့သည်။ မင်းတရားကြီးက သက္ကရာဇ် ၁၂၂၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်
တနင်္လာနေ့ ရက်စွဲစာချွန် နှင့် ကံဆီးစမော့နောင်ကို “ပါလိုက်ပဗ္ဗတရာဇာကျိပ”
ဘွဲ့ချီးမြှင့်ခဲ့သည်။ ရွှေထီးနှင့် ရွှေစလွယ်ကိုလည်း ပေးသနားတော်မူသည်။
မင်းတုန်းမင်း လက်ထက်တွင် ကျောက်စိမ်း လုပ်ငန်းနှင့် ပက်သက်၍ ဥပဒေထား
ရှိပြီး ကျောက်စိမ်း တူးဖော်ရောင်းဝယ် သူတို့ကို တိတိကျကျ လိုက်နာ စေခဲ့သည်။
ဥပဒေ အချက်ပေါင်း ၁၂ ချက်ရှိ သည်။ မင်းတုန်းမင်း လက်ထပ်တွင် ကျောက်စိမ်းလုပ်ငန်း
ကို ဘုရင်က လက်ဝါးကြီးအုပ် လုပ်ကိုင်သည်။ ကျောက်စိမ်းများ ထားရှိရန် ကျောက်စိမ်းရုံး
တည်ဆောက်ခြင်း၊ ကျောက်စိမ်း လုပ်ငန်းကို ကြီးကြပ်ရန် ကျောက်အုပ်များ ခန့်ထားခြင်း
ကို ထောက်ရူ့၍ မင်းတုန်းမင်းသည် ကျောက်စိမ်း လုပ်ငန်းကို စနစ်တကျ လုပ်ကိုင်ကြောင်း
သိသာထင်ရှားသည်။ သီပေါမင်း လက်ထက်မှာ ဒုတိယရွှေအင်ပင် ကျောင်းတကာအဖြစ်
ကျော်ကြားခဲ့သည့် ဦးစပ်ရွှင် ကို ကျောက်စိမ်း လုပ်ကိုင် ခွင့်ပေးခဲ့ရာ စီးပွားဖြစ်ထွန်း ခဲ့သည်။
ရှိပြီး ကျောက်စိမ်း တူးဖော်ရောင်းဝယ် သူတို့ကို တိတိကျကျ လိုက်နာ စေခဲ့သည်။
ဥပဒေ အချက်ပေါင်း ၁၂ ချက်ရှိ သည်။ မင်းတုန်းမင်း လက်ထပ်တွင် ကျောက်စိမ်းလုပ်ငန်း
ကို ဘုရင်က လက်ဝါးကြီးအုပ် လုပ်ကိုင်သည်။ ကျောက်စိမ်းများ ထားရှိရန် ကျောက်စိမ်းရုံး
တည်ဆောက်ခြင်း၊ ကျောက်စိမ်း လုပ်ငန်းကို ကြီးကြပ်ရန် ကျောက်အုပ်များ ခန့်ထားခြင်း
ကို ထောက်ရူ့၍ မင်းတုန်းမင်းသည် ကျောက်စိမ်း လုပ်ငန်းကို စနစ်တကျ လုပ်ကိုင်ကြောင်း
သိသာထင်ရှားသည်။ သီပေါမင်း လက်ထက်မှာ ဒုတိယရွှေအင်ပင် ကျောင်းတကာအဖြစ်
ကျော်ကြားခဲ့သည့် ဦးစပ်ရွှင် ကို ကျောက်စိမ်း လုပ်ကိုင် ခွင့်ပေးခဲ့ရာ စီးပွားဖြစ်ထွန်း ခဲ့သည်။
လုံးခင်း ဖားကန့် ကျောက်စိမ်းရတနယ်မြေ သမိုင်းမှတ်တမ်းမော်ကွန်းကမ္ပည်း
၁၈၈၅ ခုနှစ် မှ ၁၉၆၂ ခုနှစ်ထိ
၁၈၈၆ ခုနှစ်တွင် မိုးကောင်းသို့ ဗြိတိသျှတပ် ရောက်ရှိခဲ့ပြီး အုပ်ချုပ်ရန် အရာရှိတစ်ဦး ခန့်ထား
သည်။ ဗြိတိသျှ ခန့်ထားသူမှာ စောစီးစွာ အသက်ခံရသဖြင့် ထိုသူ၏သား ဖိုးစော ဆိုသူကို
အမတ်အဖြစ် အများက ဆက်လက် တင်မြှောက်ရွေးကောက်ခဲ့သည်။ ဗြိတိသျှ အစိုးရသည်
၁၈၈၇ တွင် တရုတ် အမျိုးသားလွန်းပိုင်ကို အခွန်တော် အရာရှိအဖြစ် ခန့်ထားခဲ့သည်။ ထိုစဉ်က
ကချင်ပြည်နယ်ဟု မပေါ်သေးပေ။ စစ်ကိုင်းတိုင်း မင်းကြီး၏ အုပ်ချုပ်ရေး နယ်မြေအတွင်း၌သာ
ကျောက်စိမ်းတွင်း နယ်မြေ ဒေသတစ်ခုလုံး ထားရှိ အုပ်ချုပ်စေခဲ့သည်။
၁၈၈၈ ခုနှစ် မှစ၍ အင်္ဂလိပ် အစိုးရသည် ကျောက်စိမ်းတွင်း တူးဖော်မူ လုပ်ငန်းကို မြစ်ကြီးနား
၁၈၈၈ ခုနှစ် မှစ၍ အင်္ဂလိပ် အစိုးရသည် ကျောက်စိမ်းတွင်း တူးဖော်မူ လုပ်ငန်းကို မြစ်ကြီးနား
ခရိုင်ဝန်၏ ကြီးကြပ်အုပ်ချုပ်မူ အောက်တွင်ထားရှိသည်။ ခရိုင်ဝန်မှ မိုးကောင်းနယ်
ပိုင်ဝန်ထောက်ကို ကျောက်စိမ်းရာဖြတ်ခွန် ကောက်ခံစေပြီး၊ ကားမိုင်းနယ်ပိုင် ၀န်ထောက်ကို
ကျောက်စိမ်းမိုင်း ကြီးကြပ် ရန် ခရိုင်အုပ် (၁)ယောက်နှင့် မှော်အုပ်(၄)ယောက်
တွဲပေးထားသည်။ မြန်မာ့ကျောက်စိမ်း ဒေသသို့ ပထမဆုံး ရောက်ရှိခဲ့သည့်
ဘူမိဗေဒပညာရှင်မှာ ၁၈၉၂ ခုနှစ်တွင် အထက်မြန်မာနိုင်ငံ ပယင်းနှင့် ကျောက်စိမ်းစာအုပ်
ရေးသားထုတ်ဝေသူ F Noetling ဆိုသူဖြစ်သည်။
ကျောက်စိမ်း အမျိုးအစား နှစ်မျိုးစား ရှိသည့်အနက် အမျိုးအစား ကောင်းမွန်သော Jadeite ကို
ကျောက်စိမ်း အမျိုးအစား နှစ်မျိုးစား ရှိသည့်အနက် အမျိုးအစား ကောင်းမွန်သော Jadeite ကို
မြန်မာနိုင်ငံတွင် အမြောက်အများ တွေ့ရပြီး ဂျပန်နိုင်ငံရှိ ကိုးကူကျွန်းတွင် အနည်းအကျဉ်း
တွေ့ရသည်။ အမျိုးအစား သိပ်မကောင်းသော Nephrite ကျောက်စိမ်းများကိုမူ ကာကစ္စတန်၊
တရုတ်ပြည် တောင်ပိုင်း၊ တိဘက်၊ နယူးဇီလန် နှင့် မက္ကဆီကို တို့တွင် တွေ့ရသည်။ ခိုင်စူးရွာ၏
အရှေ့မြောက် တစ်မိုင်ခန့်အကွာတွင် မစ္စတာချာတာ စတင်လုပ်ကိုင်ခဲ့၍ ချာတာတွင်း ဟု
အမည်တွင်သည်။ အောင်မြငမှု မရှိ၍ ၁၉၇၃ ခုနှစ်တွင် ပိတ်လိုက်ရသည်။
အင်္ဂလိပ် အစိုးရသည် မြန်မာ့ ရတနာများမှ မိုးကုတ် ပတ္တမြားမြေကိုသာ ပို၍ တပ်မက်ကြသည်။
အင်္ဂလိပ် အစိုးရသည် မြန်မာ့ ရတနာများမှ မိုးကုတ် ပတ္တမြားမြေကိုသာ ပို၍ တပ်မက်ကြသည်။
သို့ဖြစ်၍ ကျောက်စိမ်းတွင်းအား အထူးအားထားပြီး ချုပ်ကိုင် ခဲ့သည်ကို မတွေ့ရပဲ
နှစ်အတန်ကြာသည့်တိုင် မြန်မာဘုရင်များ လက်ထက်က မူအတိုင်း စော်ဘွားများကို အုပ်ချုပ်
စိုးပိုင်စေခဲ့ပြီး အခွန်အကောက် ရလိုရေးကိုသာ အဓိကထား ဆောင်ရွက်ခဲ့သည်။ မိုးကောင်းတွင်
ကွမ်ခြင်း၊ ဖြတ်ခြင်းပြုလုပ်ပြီးနောက် ရာဖြတ်အဖွဲ့သို့ တင်ပြရသည်။ ရာဖြတ် အဖွဲ့မှ ဆုံးဖြတ်ပြီး
သည့်အခါ ရာဖြတ်အခွန်ဆောင်ရသည်။ ပြီးမှ ပြည်တွင်းပြည်ပ ရောင်းနိုင်သည်။ ရာဖြတ်အဖွဲ့မှာ
တရုတ်ကုန်သည်ကြီးများက ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အင်္ဂလိပ် အစိုးရထံ တစ်နှစ်လျှင်
ကျပ်ငွေတစ်သိန်းဖြင့် လေလံဆွဲ ကန်ထရိုက်ယူပြီး ရာဖြတ် အဖွဲ့ဖွဲ့ခြင်း ဖြစ်သည်။
တရုတ်ကုန်သည်ကြီး များသည် အင်္ဂလိပ် အစိုးရ တခေတ်လုံး လက်ဝါးကြီးအုပ် ချယ်လှယ်နိုင်
ခဲ့ကြသည်။
ကချင်ဒူးဝါးဆင်ဝါးနောင် လက်ထက် အခွန်ထမ်းသူနှင့် အုပ်ချုပ်သူတို့ကြား အမူအခင်းများ
ကချင်ဒူးဝါးဆင်ဝါးနောင် လက်ထက် အခွန်ထမ်းသူနှင့် အုပ်ချုပ်သူတို့ကြား အမူအခင်းများ
ပေါ်ပေါက် ခဲ့သောကြောင့် အင်္ဂလိပ်အစိုးရသည် ၁၉၄၀ ခုနှစ်တွင်“ကျောက်စိမ်း
စည်းမျဉ်းဥပဒေ” ကို ပြဌာန်းခဲ့သည်။ ၁၉၄၂ ခုနှစ်၊ ဧပြီလ မှစ၍ ဒုတိယ ကမ္ဘာစစ်ကြောင့်
ရပ်ဆိုင်းခဲ့ရသော ကျောက်စိမ်း လုပ်ငန်းများအား ပြန်လည်ဖွင့်လှစ်ရန် နယ်ခြားဌာန
အတွင်းဝန်ရုံးမှ မြစ်ကြီးနား အရေးပိုင်မင်းထံ ၂၉.၁၁.၁၉၄၇ ရက်စွဲဖြင့် ကြေးနန်းရိုက်
အကြောင်းကြားခဲ့၍ ပြန်လည် စတင်နိုင်ခဲ့သည်။ ကျောက်စိမ်း နည်းဥပဒေ ကြေငြာချက်ကို
၎.၅.၁၉၄၈ ရက်စွဲဖြင့် ထုန်ပြန်ခဲ့သည်။ ၁၉၄၀ ခုနှစ် ကျောက်စိမ်းတွင်း စည်းမျဉ်းဥပဒေ နှင့်
၁၉၄၈ ခုနှစ် ကျောက်စိမ်းတွင်း နည်းဥပဒေ ပြဌာန်းချက်များ၌ တူးဖေါ်ရရှိသော
ကျောက်စိမ်းများ၏ တန်ဖိုးအပေါ် ၃၃ ၁/၃ ရာခိုင်နူန်းဖြင့် အခွန်ကောက်ခံရန် ဖြစ်ပါသည်။
လုံးခင်း ဖားကန့် ကျောက်စိမ်းရတနယ်မြေ သမိုင်းမှတ်တမ်းမော်ကွန်းကမ္ပည်း
၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ်ထိ
၁၉၆၃ ခုနှစ်တွင် လုံးခင်း၊ ဖားကန့်၊ တော်မှော်၊ ဝှေခါ ကျောက်စိမ်းဒေသများ၌
ကျောက်တွင်းပေါင်း တစ်သောင်းခန့်ကို လုပ်သားပေါင်း (၄၈၀၀၀) ကျော်ဖြင့် စည်ကားစွာ
တူးဖေါ်ခဲ့ကြသည်။ ၁၉၇၃ ခုနှစ်က မအောင်မြင်၍ ပိတ်လိုက်ရသည့် မစ္စတာချာတာ
တူးဖေါ်ခဲ့သည့် ချာတာတွင်း ကို ဟင်္သာတ ဦးမြနှင့်သားများက ၁၉၆၀ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ
ဆက်လက် လုပ်ကိုင်ခဲ့ပါသည်။ နိုင်ငံခြားသို့ ကိုယ်တိုင် သွားရောက်ရောင်းချ သူများအနက်
မြန်မာတိုင်းရင်းသားထဲမှဆိုလျှင် ဟင်္သာတ ဦးမြသည် ပထမဆုံးဖြစ်သည်။ ၎င်း၏ သားဖြစ်သူ
ဦးထွန်းအောင်ကျော် သည်လည်း ၁၉၆၁ ခုနှစ်တွင် ကျောက်စိမ်း အရိုင်းတုံးများကို
ဟောင်ကောင်သို့ သွားရောက်ရောင်းချခဲ့ ဖူးသည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်
၁၁.၄.၁၉၆၄ နေ့တွင် ပြည်သူပိုင် သိမ်းယူခြင်းနှင့် အတူ ကျောက်စိမ်းတူးဖော်
ထုတ်လုပ်ရောင်းဝယ်မူကို ထိန်းချုပ်ခဲ့ပါသည်။ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးအဖွဲ့ကို
မြန်မာ့ထုတ်ကုန်သွင်းကုန် ကော်ပိုရေးရှင်း ဌာနခွဲ တစ်ခုအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ကုန်သွယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့ ထုတ်ကုန်သွင်းကုန် ကော်ပို ရေးရှင်းမှ ဦးဆောင်၍
ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၁.၁၂.၁၉၆၄ မှ ၁၅.၁၂.၁၉၆၄ အထိ
အင်းယားကန် ဟိုတယ်၌ စတင်ကျင်းပသည်။ ၁၀.၈.၁၉၆၅ နေ့တွင် ကျင်းပသည့် တော်လှန်ရေး
ကောင်စီ၏ အကြိမ် ၁၀၀ မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ တော်မှော်ဒေသရှိ
မြေအောက်ပင်ရင်း သိုက်တစ်ခုဖြစ်သောခိုင်ဆူးမှော် ကို လခစား
ဝန်ထမ်းများဖြင့်လည်းကောင်း၊ ဖားကန့်၊ လုံးခင်း တစ်ဝိုက်ရှိ ရေဆောင်သိုက် တွင် စက်တွင်း
၁၀၀ နှင့် လက်တွင်း ၁၀၀ ကိုံစားစနစ်ဖြင့်လည်းကောင်း တစ်နှစ် အစမ်းတူးဖေါ် ခွင့်ပြုသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ တော်လှန်ရေးကောင်စီအစိုးရ၊ ကုန်သွယ်ရေးဌာနမှ
၂၀-၉-၁၉၆၅ နေ့စွဲဖြင့် ပြပွဲဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး၊ုတိယအကြိမ်မြောက်
ကျောက်မျက်ရတနာပြပွဲကို ၂၇.၁၀.၁၉၆၅ မှ ၃၁.၁၀.၁၉၆၅ ထိ ကျင်းပခဲ့သည်။
ယခင်က အသုံးမ၀င်ဟု ဖယ်ထားသော ကျောက်စိမ်း အသားကျောက်များကို ဒုတိယအကြိမ်
ရတနာပြပွဲမှ စ၍ အစမ်းသဘောအဖြစ် သုံးတွဲကို လေလံတင် ရောင်းချရာ အားလုံး
ရောင်းရသည်။ လုံးခင်း၊ ဖားကန့် ကျောက်စိမ်း နယ်မြေများ၌ ၁၉၆၆ ဖေဖေါ်ဝါရီလမှ စ၍
ပုဂ္ဂလိကများအား တူးဖေါ်ခွင့်မပြုတော့ဘဲ သတ္တုတွင်း ၀န်ကြီးဌာန၊ မြန်မာ့ဓါတ်သတ္ထု
တိုးချဲ့လုပ်ကိုင်ရေး ကော်ပိုရေးရှင်း လက်အောက်တွင် ကျောက်စိမ်းတွင်း စီမံကိန်း အမည်ဖြင့်
နိုင်ငံတော်ပိုင် တူးဖေါ်ရေးလုပ်ငန်းများ စတင်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ် ဇန်န၀ါရီလတွင်
ကျောက်စိမ်း စီမံကိန်းရုံးကို ဖားကန့်မြို့၌ ပြောင်းရွှေ့ ဖွင့်လှစ်ပြီး ဖားကန့်ကြီးဒေသ၊
လက်မှတ်ကုန်း၊ ကြက်တစ်ကောင်ကုန်း၊ မှော်တောင်းဒေသတို့နှင့် လုံးခင်းအနီး
တောမှော်တို့တွင် စက်တွင်း၊ လက်တွင်းများဖြင့် လုပ်ကိုင်ခဲ့သည်။ ၂၁.၁၁.၁၉၆၉ တွင်
ကျင်းပသည့် တော်လှန်ရေးကောင်စီ၏ ၁၄၀ ကြိမ်မြောက် အစည်း အဝေး ဆုံးဖြတ်ချက်အရ
၁၉၆၇-၆၈ မှစ၍ နေ့စား၊ လစား ၀န်ထမ်းများဖြင့် ရောင်းရငွေအပေါ် လုပ်အားဆုအဖြစ် ၂၅
ရာခိုင်နူန်း ပေးသည့် စနစ်ဖြင့် ၁၉၇၃-၇၄ ခုနှစ်ထိ လုပ်ကိုင်ခဲ့သည်။ ၂၄.၇.၁၉၆၉ တွင်
ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ တော်လှန်ရေး ကောင်စီအစိုးရ၊ သတ္ထုတွင်းဝန်ကြီးဌာန၏
အမိန့်ကြော်ငြာစာ (၃/၆၉) ကိုထုတ်ပြန်၍ ပုဂ္ဂလိက ကျောက်စိမ်းထုတ် လုပ်မူနှင့်
ရောင်းဝယ်မူတို့ကို ပိတ်ပင်တားမြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ၃၃ တန်အလေးချိန် ရှိသည့် (၁၂
ပေ _ ၆၅ ပေ _ ၇ ပေ ) ကျောက်စိမ်းတုံး ကြီးကို ဖားကန့်မြို့နယ်၊ ခိုင်ကြင် ခိုင်စူးမှော်မှ
တူးဖေါ်ရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာ့ကျောက် မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊
ကျောက်စိမ်းတူးဖော်ရေးဌာနတွင် ဆမားကျောက်စိမ်း အငုတ် ကြောကြီးအား စတင်တူးဖော်
ထုတ်လုပ်ခဲ့သည်။
လုံးခင်း ဖားကန့် ကျောက်စိမ်းရတနယ်မြေ သမိုင်းမှတ်တမ်းမော်ကွန်းကမ္ပည်း
၁၉၈၈ ခုနှစ် မှ ယနေ့ထိ
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁) နှင့်အဖွဲ့(၁၄.၁.၉၀) တွင်
လုံးခင်း၊ ဖားကန့်နယ်မြေသို့ ကွင်းဆင်း စစ်ဆေးစဉ် တရားမ၀င် တူးနေသော ကျောက်စိမ်း
ခိုးကျင်းများကို ရဟတ်ယာဉ်ပေါ်မှ မြင်တွေ့ ခဲ့ပါသည်။ ထိုခိုးကျင်းများကြောင့် နိုင်ငံတော်၏
သယံဇာတများ ဆုံးရှူံးလျှက် ရှိသဖြင့် ယင်းဆုံးရှူံးမှုများကို ကာကွယ်နိုင်ရန်နှင့် တရားမ၀င်
ခိုးတူးသူများအား တရားဝင် တူးဖော်လုပ်ကိုင်နိုင်ေ စရန် ကျောက်မျက်ရတနာ ဖက်စပ်လုပ်ငန်း
အစီအစဉ်ကို စတင် အကောင်အထည်ဖေါ် ဆောင်ရွက် ပေးခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်
မတ်လ(၁၁) တွင် သတ္ထုတွင်း ၀န်ကြီးဌာနမှ အမိန့်ကြော်ငြာစာ (၅/၉၀) ဖြင့် ကျာက်မျက်ရတနာ
ဖက်စပ်လုပ်ငန်း ဗဟို ကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးသည်။
၁၉၉၀ ပြည့်နှစ် မတ်လ (၂၄) တွင် ပထမဆုံးအကြိမ် ကျောက်စိမ်း ဖက်စပ်လုပ်ငန်း စာချူပ်
လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပသည်။ ၁၉၉၀ ပြည့်နှစ် မတ်လတွင် ကျောက်မျက်
ကျောက်စိမ်းဖက်စပ် တူးဖေါ်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်သည်။ နိုင်ငံတော်မှ ၅၁.၎
ရာခိုင်နူန်း နှင့် လုပ်ငန်းရှင်မှ ၄၈.၆ ရာခိုင်နူန်း အကျိုးခံစားခွင့် ရသည်။ ၁၉၉၂ တွင် နှစ်လည်
ကျောက်မျက်ရတနာ ပြပွဲကို စတင်ကျင်းပ ပြုလုပ်သည်။ ရတနာပြပွဲကို (၁)နှစ်လျှင် (၃)ကြိမ်
ပြုလုပ်ရာမှ (၂)ကြိမ်ပြုလုပ်သည်။ ၁၇.၂.၁၉၉၃ တွင် ဖားကန့်မြို့နယ်၊ ဆန်းကယ်မှော်
ဖက်စပ်လုပ်ကွက် (၂)မှ အလေးချိန် (၁ ဒဿမ ၅ ) တန်ရှိ ကျောက်စိမ်း အရိုင်းတုံးအား
တူးဖေါ်ရရှိရာ (၄၇ လက်မ _ ၃၀ လက်မ _ ၂၈ လက်မ ) အတိုင်း အတာရှိပြီး အထည်ကျောက်
အကောင်းစား လုံးပတ်၏ ထိပ်ပိုင်းတွင် အရည်ကျောက်ကြိုး ပတ်ပါရှိသည်။ ၇.၇.၁၉၉၃ တွင်
ဖက်စပ် လုပ်ငန်းမှ ထွက်ရှိသော ကျောက်မျက်ရတနာ အပေါ်နိုင်ငံတော်မှ ၂၅ ရာခိုင်နူန်းနှင့်
လုပ်ငန်းရှင်မှ ၇၅ ရာခိုင်နူန်း ခွဲဝေယူရန် ပြင်ဆင်သည်။ ၁၉.၉.၁၉၉၃ တွင် မြန်မာ့
ကျောက်မျက်ရတနာ ပြပွဲခန်းမ တည်ဆောက်ပြီးစီးသည်။ ၁၈.၆.၁၉၉၅ တွင် မြန်မာ့
ကျောက်မျက်ရတနာ ပြတိုက် တည်ဆောက် ပြီးစီးသည်။ ၁၂.၅.၁၉၉၅ တွင်
ကျောက်မျက်ကျောက်စိမ်း ဖက်စပ်တူးဖော် လုပ်ကိုင်ခွင့် ချထားခြင်းကို ရပ်ဆိုင်းခဲ့သည်။
မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ ဈေးကွက်ဖြစ်ထွန်းရေးကို အဓိက ရည်ရွယ်၍
၂၉.၉.၁၉၉၅ တွင် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို လည်းကောင်း၊ ၄.၁၀.၁၉၉၅ တွင်
မြန်မာ့ကျောက်မျက် ရတနာနည်း ဥပဒေကို လည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေး အဖွဲ့မှ ပြဌာန်းခဲ့သဖြင့် နိုင်ငံသားများ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်၍
ဖက်စပ်လုပ်ရန် မလိုပဲ သတ်မှတ်ကွက်၊ ဖေါ်ထုတ်ကွက်များတွင်
လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပသည်။ ၁၉၉၀ ပြည့်နှစ် မတ်လတွင် ကျောက်မျက်
ကျောက်စိမ်းဖက်စပ် တူးဖေါ်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်သည်။ နိုင်ငံတော်မှ ၅၁.၎
ရာခိုင်နူန်း နှင့် လုပ်ငန်းရှင်မှ ၄၈.၆ ရာခိုင်နူန်း အကျိုးခံစားခွင့် ရသည်။ ၁၉၉၂ တွင် နှစ်လည်
ကျောက်မျက်ရတနာ ပြပွဲကို စတင်ကျင်းပ ပြုလုပ်သည်။ ရတနာပြပွဲကို (၁)နှစ်လျှင် (၃)ကြိမ်
ပြုလုပ်ရာမှ (၂)ကြိမ်ပြုလုပ်သည်။ ၁၇.၂.၁၉၉၃ တွင် ဖားကန့်မြို့နယ်၊ ဆန်းကယ်မှော်
ဖက်စပ်လုပ်ကွက် (၂)မှ အလေးချိန် (၁ ဒဿမ ၅ ) တန်ရှိ ကျောက်စိမ်း အရိုင်းတုံးအား
တူးဖေါ်ရရှိရာ (၄၇ လက်မ _ ၃၀ လက်မ _ ၂၈ လက်မ ) အတိုင်း အတာရှိပြီး အထည်ကျောက်
အကောင်းစား လုံးပတ်၏ ထိပ်ပိုင်းတွင် အရည်ကျောက်ကြိုး ပတ်ပါရှိသည်။ ၇.၇.၁၉၉၃ တွင်
ဖက်စပ် လုပ်ငန်းမှ ထွက်ရှိသော ကျောက်မျက်ရတနာ အပေါ်နိုင်ငံတော်မှ ၂၅ ရာခိုင်နူန်းနှင့်
လုပ်ငန်းရှင်မှ ၇၅ ရာခိုင်နူန်း ခွဲဝေယူရန် ပြင်ဆင်သည်။ ၁၉.၉.၁၉၉၃ တွင် မြန်မာ့
ကျောက်မျက်ရတနာ ပြပွဲခန်းမ တည်ဆောက်ပြီးစီးသည်။ ၁၈.၆.၁၉၉၅ တွင် မြန်မာ့
ကျောက်မျက်ရတနာ ပြတိုက် တည်ဆောက် ပြီးစီးသည်။ ၁၂.၅.၁၉၉၅ တွင်
ကျောက်မျက်ကျောက်စိမ်း ဖက်စပ်တူးဖော် လုပ်ကိုင်ခွင့် ချထားခြင်းကို ရပ်ဆိုင်းခဲ့သည်။
မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ ဈေးကွက်ဖြစ်ထွန်းရေးကို အဓိက ရည်ရွယ်၍
၂၉.၉.၁၉၉၅ တွင် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို လည်းကောင်း၊ ၄.၁၀.၁၉၉၅ တွင်
မြန်မာ့ကျောက်မျက် ရတနာနည်း ဥပဒေကို လည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေး အဖွဲ့မှ ပြဌာန်းခဲ့သဖြင့် နိုင်ငံသားများ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်၍
ဖက်စပ်လုပ်ရန် မလိုပဲ သတ်မှတ်ကွက်၊ ဖေါ်ထုတ်ကွက်များတွင်
ကျောက်စိမ်းတူးဖေါ်ထုတ်လုပ်ခွင့် ရရှိခဲ့ကြသည်။ ၁၃.၁၁.၁၉၉၅ တွင် လုံးခင်းရှိ ကျောက်စိမ်း
တူးဖော်ရေး စခန်းပိုင် လုပ်ကွက်များကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့
လွှဲပြောင်းပေးသည်။ ၁၉.၁၁.၁၉၉၅ တွင် ခန္တီးဒေသ၊ နတ်မှော် ကျောက်စိမ်း တူးဖော်ရေး
စခန်းပိုင် ကျောက်စိမ်းလုပ်ကွက်များကို မြန်မာ့ စီးပွားရေဦးပိုင်လီမိတက်သို့
လွှဲပြောင်းပေးသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၁၉၉၉ ခုနှစ်တွင်
သတ္ထုကဏ္ဍနှင့် ကျောက်မျက် ထုတ်လုပ်ရေး ကဏ္ဍတို့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်
အကျိုးတူပူး ပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော် အကြီးအကဲ၏
လမ်းညွှန်ချက်နှင့်အညီ-
၂၀.၁.၂၀၀၀ တွင် ဖားကန့်ရတနာနယ်မြေ၊ ဖားကန့်ကြီးမှော်၌ ကျောက်စိမ်းနဂါးကုမ္ပဏီနှင့်၎င်း၊
၂၆.၄.၂၀၀၀ တွင် ဖားကန့်ရတနာနယ်မြေ၊ မမုံမှော်၌ မြန်မာစည်သူရတနာကုမ္ပဏီနှင့်၎င်း၊
၂၅.၅.၂၀၀၀ တွင် ဖားကန့်ရတနာနယ်မြေ၊ ဖားကန့်ကြီးမှော်၌ ဂျိမ်းဖောအောင်ကုမ္ပဏီနှင့်၎င်း၊
၁၆.၈.၂၀၀၀ တွင်ဖားကန့်ရတနာနယ်မြေ၊မက်လင်ချောင်မှော်၌ ရွှေဂေါင်ဂေါင်ကုမ္ပဏီနှင့်
ရတနာ တောင်တန်းကုမ္ပဏီတို့နှင့်၎င်း၊
ရတနာ တောင်တန်းကုမ္ပဏီတို့နှင့်၎င်း၊
၂၅.၁.၂၀၀၁ တွင် ဖားကန့်ရတနာနယ်မြေ၊ မိုက်ကြဲ၊ ဟင်းတင့်၊ စဖေါ့၊ ကရင်ချောင်မှော်၌
တက်ခမ်းကုမ္ပဏီလီမိတက်နှင့်၎င်း၊
တက်ခမ်းကုမ္ပဏီလီမိတက်နှင့်၎င်း၊
၂၆.၁.၂၀၀၁ တွင် ဖားကန့်ရတနာနယ်မြေ၊ မမုံမှော်၌ သံလွင်ဧရာကုမ္ပဏီလီမိတက်နှင့်၎င်း၊
၁.၂.၂၀၀၁ တွင် ဖားကန့်ရတနာနယ်မြေ၊ မမုံ/ဖားပြင်မှော်၌ ရွှေမြေရတနာ ကုမ္ပဏီနှင့် ၎င်း၊
၂.၁၁.၂၀၀၁ တွင်ခန္တီးရတနာနယ်မြေ၊ မကျန်ခ (မှော်သစ်) ၌ မြန်မာ့နေရောင်ခြည် ကုမ္ပဏီနှင့်
၁.၁.၂၀၀၃ တွင် ခန္တီးရတနာနယ်မြေ၊ နတ်မှော်၌ ရွှေတောင် ကျောက်မျက်ရတနာ
ကုမ္ပဏီနှင့်၎င်း အကျိုးတူ ပူးပေါင်း၍ ကျောက်စိမ်း ထုတ်လုပ်ရန် စာချုပ် ချုပ်ဆိုခဲ့ကြ ပါသည်။
အကျိုးတူ လုပ်ကွက်မှ တူးဖော်ရရှိသည့် ကျောက်စိမ်း အရိုင်းများအား ၂၀၀၀ ပြည့်နှစ်
အောက်တိုဘာလ (နှစ်လည်) ရတနာပြပွဲတွင် စတင်ရောင်းချသည်။ ၂၀၀၁ ခုနှစ်
ဇူလိုင်လအတွင်း ကျာက်စိမ်းနဂါး ကုမ္ပဏီမှ ဖားကန့်မြို့နယ် နမ့်မှော်လုပ်ကွက် မြေအောက်ပေ
၄၀ ခန့်၌ အလျားပေ ၇၀၊ အကျယ် ၁၆ ပေနှင့် အမြင့် ၃၅ ပေ (အလေးချိန် တန် ၃၀၀၀ ခန့်)
ရှိ ကျောက်စိမ်း တုံးကြီးအား စတင်တူးဖေါ် တွေ့ရှိခဲ့သည်။ ပထမအကြိမ် အကျိုးတူ ကျောက်စိမ်း
အရောင်းပြပွဲကို ၁၂.၅.၂၀၀၁ နေ့တွင် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊
ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခ င်း) တွင် ကျင်းပခဲ့ပြီး နိုင်ငံသားရတနာ ကုန်သည်များအား
ဈေးပြိုင်စနစ်(ကျပ်ငွေ) ဖြင့် ရောင်းချပေးခဲ့သည်။
၂၀၀၁ ခုနှစ် ၊ စက်တင်ဘာလတွင် မြန်မာစည်သူ ရတနာ အကျိုးတူ ကုမ္ပဏီ၊ ဖားကန့်မြို့နယ်၊
မမုံ(၁) လုပ်ကွက်မှ ၁၅၈ ကီလို ကျောက်စိမ်းအရည် ကျောက်ရိုင်း ကိုရရှိသည်။ ၂၀၀၁ ခုနှစ်၊
အောက်တိုဘာလတွင် ကျောက်စိမ်း နဂါးအကျိုးတူ ကုမ္ပဏီ၊ ဖားကန့်ကြီး လုပ်ကွက်မှ
တူးဖော်ရရှိသည့် ၁၆၅ ကီလို ကျောက်စိမ်းအား ၂၀၀၁ ခုနှစ် ၊ နှစ်လယ်ရတနာပြပွဲတွင်
အမေရိကန်ဒေါ်လာ(၁၄၆၈၈၉၉) ဖြင့်ရောင်းချသည်။ ကျောက်စိမ်းနယ်မြေများနှင့် စပ်လျဉ်း၍
ယခင်က ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများ လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန်
သတ္ထုတွင်းဝန်ကြီးဌာနသည် ၁၈.၁၀.၂၀၀၁ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၈၈/ ၂၀၀၁ ဖြင့်
လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအားလည်းကောင်း၊ အမိန့်ကြောငြာစာအမှတ် ၈၉/၂၀၀၀ ဖြင့်
ခန္တီးရတနာ နယ်မြေအားလည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ် ၉၀/၂၀၀၁ ဖြင့် မော်လူး၊
မော်ဟန် ရတနာနယ်မြေအားလည်းကောင်း အစိုးရအဖွဲ့ သဘောတူညီချက်ဖြင့်
ထုတ်ပြန်ခဲ့ပါသည်။
မြန်မာကျောက်မျက် စာမျက်နှာမှ
စောမင်းဖြူ ပြန်လည်တင်ပြထားပါသည်။
စောမင်းဖြူ ပြန်လည်တင်ပြထားပါသည်။
No comments :
Post a Comment
Note: Only a member of this blog may post a comment.