Monday, July 29, 2013
ယောမင်းကြီး ဦးဖိုးလှိုင်
"မရတော့ဘူးမောင်ကောင်း...ဟိုကောင်ကင်မှာကြည့်လိုက်စမ်းဟသာင်္တာရာညာမျက်
လုံးညှိးနေပြီ
..
အဲတာမြန်မာပြည်အကျိုးနည်းမဲ့အဖြစ်မြန်မာပြည်သူ့ကျွန်ဖြစ်မယ့်နိမိတ်...ကယ်လို့မရေ
တာ့ဘူးမောင်ကောင်း...
.ငါကတော့ယောပြန်ပြီးမြေဆုပ်အိုးလုပ်စားတော့မယ်"'ဒီစကားတွေကတော့ရွှေပြည်ဝ
န်(ခ)ယောအတွင်းဝန်ဦးဘိုလိုင်ပြောခဲ့တဲ့စကားတွေပါ
ဦးဖိုးလိုင်ဟာငယ်စဉ်ပညာသင်ကြားရာမှာလဲကျောင်းထိုင်ဆရာတော်ဘုရားမှနောက်ေ
ပြာင်ကျီစယ်လိုသောသဘောဖြင့်
မောင်လိုင်မင်းတွက်ထားတဲ့သချာင်္အဖြေကမှားနေတယ်ပြောလိုက်ရာတွက်တာမှားရပါ
မလားဆိုပြီးကိုယ့်လက်ကိုယ်ဖြတ်မယ်လုပ်ခဲ့တဲ့
အဖြစ်အပျက်လေးကိုထောက်ရူ့ကြည့်မယ်ဆိုရင်ဦးဘိုးလိုင်စိတ်ဓါတ်ကိုအားလုံးခန့်မှန်း
လို့ရမယ်ထင်ပါတယ်
မြန်မာ့သမိုင်းတွင်ထင်ရှားကျော်ကြားလှသော သမိုင်းဝင်ပညာရှင်ကြီး ဦးဖိုးလှိုင်၏
 အဖိုးမှာစာရေးတော်ကြီးဦးတော ဖြစ်သည်။ ဦးတောသည် ယင်းတောရွာမှ ဖြစ်ကာ
 ဥာဏ်ပညာထက်မြက်သူတစ်ယောက်လည်းဖြစ်သည်။ သူသည်
 အမရပူရမင်းနေပြည်သို့ သွားရောက်ကာ မိမိ၏ ကြီးပွားရေးလမ်းစကိုရှာဖွေရာ
 ဥာဏ်ပညာထက်မြက်သောကြောင့် ရွှေပြည်ဝန်လက်ဝဲ၀င်းတော်မှုး 
၏သမီးနှင့်ထိမ်းမြားနိုင်ခွင့်ရလေသည်။ (အကြောင်းပါခဲ့သည်)။ ရွှေပြည်ဝန်က 
ဦးတော၏ပညာဥာဏ်ကို သဘောကျသဖြင့် နန်းတွင်းတွင်
 အမှုထမ်းဆောင်ခွင့်ရအောင် စီမံပေးသောကြောင့် မင်းနေပြည်တော်တွင်
 စာရေးတော်ကြီး အဖြစ် အမှုထမ်းခွင့်ရခဲ့သည်။ စာရေးတော်ကြီးဦးတောနှင့်
 ရွှေပြည်ဝန်သမီးနှင့်တို့မှ သားတစ်ယောက်ထွန်းကားလေရာ ထိုသူငယ်ကို 
ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းသောကြောင့် မောင်တုတ်ကြီးဟုခေါ်ဆိုကြသည်။
 မောင်တုတ်ကြီးမှာ ငယ်စဉ်ကပင် ဓါးခုတ်၊ လှံထိုး ကျွမ်းကျွင်လှသည်။ အဖမှာလည်း
 နန်းတွင်းမှ ဖြစ်သောကြောင့် ဓားရေးလှံရေးကို စနစ်တကျ သင်ကြားခွင့်ရသည်။
 မောင်တုတ်ကြီးအရွယ်ရောက်လာသောအခါ သူ၏ဖခင် ဦးတောက
 စစ်ဘက်တွင်အမှုထမ်းရန်လမ်းညွှန်တိုက်တွန်းသောကြောင့် စစ်ဘက်တွင် 
အမှုထမ်းခဲ့ပြီး ရဲစွမ်းရှိသောကြောင့် မကြာမီပင်
 စစ်သူကြီးအဆင့်ရောက်ရှိလာလေသည်။ ထိုအခါသူ့အားလေးစားသမှုဖြင့်
 ဦးရွှေတုတ်ဟု ခေါ်ဆိုကြလေသည်။ ဦးရွှေတုတ်သည် ယောမင်းကြီးဦးဖိုးလှိုင်၏ 
အဖပင်ဖြစ်လေသည်။
ဦးရွှေတုတ်တွင် ကတော်သုံးပါး ရှိလေရာ ၀န်ကတော်မယ်ငြိမ်းနှင့် ရသော သားသည်
 ယောမင်းကြီးအလောင်းလျာပင်ဖြစ်သည်။ ဦးဖိုးလှိုင်၏ မွေးနေ့မှာ မြန်မာသက္ကရာဇ် 
(၁၁၉၁) နှောင်းတန်ခူးလဆန်း (၁၀)ရက် မနက်(၃) နာရီကျော်တွင်ဖြစ်သည်။ 
ဦးဖိုးလှိုင် (၉) နှစ်သားအရွယ်တွင် ဦးရွှေတုတ်သည် ရေနံချောင်းမြို့စား၊
 ယင်းတောဝန်ကြီးအထိရာထူးမြင့်တက်လာလေသည်။
သာယာဝတီမင်း သည် အောက်မြန်မာနိုင်ငံ ရွှေတိဂုံဘုရားဖူးပြီး ပြန်လာချိန်တွင်
 ကံကြမ္မာဆိုးသောကြောင့် စိတ်တော်မူမမှန် ဖောက်ပြန်စပြုလာလေသည်။ 
ထိုအခြေအနေတွင် မိဖုရားခေါင်ကြီးက မင်းကြီး၏
 ဝေဒနာသည်းလာသည်ကိုအကြောင်းပြု၍ အိမ်ရှေ့စံနေရာတွင် ပုဂံမင်းသားအား
 မင်းကြီး၏အမိန့်ဟု ဆိုကာ တင်မြှောက်ပေးလိုက်လေသည်။
သာယာဝတီမင်း၏ စိတ္တဇရောဂါအခြေအနေပိုမိုဆိုးရွားလာသောကြောင့်
 မှုးမတ်အချို့နှင့် ၀န်ကြီးများမှာ 
(နေမကောင်းဟန်ဆောင်သူဆောင်ကာ)အကြောင်းအမျိုးမျိုးပြ၍
 နန်းတွင်းသို့အခစားမ၀င်ဘဲ ရှောင်တိမ်းကြလေသည်။ သို့သော်ဦးဖိုးလှိုင်၏
 အဘဖြစ်သူယင်းတောဝန်ကြီးမှာမူ ကျွန်သခင်အရင်း ချင်းမည်သို့မှ မလုပ်တန်ရာဟု
 ထင်မှတ်ကာ အခြေအနေကိုအကဲခတ်ရန် သွားလေသည်။ ထိုအခိုက်တွင်
 ရွှေဘိုမင်းမှ ဦးရွှေတုတ်အား လှံဖြင့်လိုက်လံထိုးလေသည်။ ဦးဖိုးလှိုင်၏ 
အမိဝန်ကတော်မယ်ငြိမ်းသည် ထိုအဖြစ်ကိုကြားသိရသောအခါ 
မင်းရာဇ၀တ်ဒဏ်သည် သားသမီးများအပေါ်သက်ရောက်နိုင်သည်ဟုယူဆကာ
 မင်းတုန်းမင်း၏ အိမ်တော်သို့ခိုလှုံခွင့်တောင်းသည်။ သို့ရာတွင် မင်းတုန်းမင်းသားက
 လက်မခံထားဝံပဲ စကြာဒေ၀ီမင်းသမီးကြီး၏ အိမ်တော်သို့တဆင့် ပို့လေသည်။
 စကြာဒေ၀ီမင်းသမီးကြီးမှာ ဇီဝိတဒါန အခွင့်ထူးခံ မင်းသမီးကြီးဖြစ်သောကြောင့် 
အသက်ကိုချမ်းသာပေးရန် အခွင့်ရှိလေသည်။
ထိုသို့ဖြင့် ဦးဖိုးလှိုင်သည် စကြာဒေ၀ီမင်းသမီးကြီး၏ အိမ်တော်တွင်
 ခိုလှုံခွင့်ရရှိလေသည်။ ထိုသို့နန်းတွင်းရေးရှုပ်ထွေးချိန်တွင် ပြည်မင်းသားကြီးသည်
 ပုန်ကန်မှုကိုပြုလုပ်လေရာ ဘုရင့်တပ်မတော်က ပြန်လည်ဖမ်းမိသောကြောင့် 
ကွပ်မျက်လိုက်လေသည်။ ပြည်သူလူထုတစ်ရပ်လုံးက ၀မ်းနည်းမှုများ ဖြစ်ခဲ့ရသည်။
 သို့ဖြင့် ပြည်သူတို့ စိတ်ကြိုက်မဟုတ်သော ပုဂံမင်းသား သည် 
နန်းတက်လာလေသည်။
ပုဂံမင်းသား ဘုရင်ဖြစ်သော်ပုဂံမင်းဟုပင် အမည်တွင်သည်။ မင်းတုန်းမင်းသားနှင့် 
ကနောင်မင်းသားတို့သည်လည်း လွှတ်တက်မင်းသားကြီးများ
 အဖြစ်ရောက်ရှိလာသည်။ ထိုအချိန်တွင် ဦးဖိုးလှိုင်သည် 
သည်ဗားကရာဆရာတော်ထံတွင် ပညာလေ့လာရှာမှီးနေပြီး
 မဲထီးဆရာတော်ထံ၌လည်း ပညာသင်ကြားခွင့်ရခဲ့လေသည်။ ထို့အပြင်
 ဗေဒင်ပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော စကြာဒေ၀ီမင်းသမီးကြီးထံ
 မှလည်း ပညာများဆည်းပူးခွင့် ရရှိခဲ့သည်။
ထိုကာလ၌ ပြည်သူလူထုတို့က မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ကို 
ပုဂံမင်းထက်ပိုမိုကြိုက်နှစ်လို ကြလေသည်။ ထို့ကြောင့်ပုဂံမင်းက 
သူ၏ထီးနန်းတည်မြဲရန် ထိုညီနောင်ကို ရှင်းမှသာ ဖြစ်မည်ဟု မှတ်ယူလေသည်။ 
ထိုအချင်းအရာကို ကြိုတင်သိသော မင်းသားညီနောင်တို့က အကြံဦးကာ (၁၂၁၄)၊
 ပြာသိုလဆန်းရှစ်ရက်တွင် ရွှေဘိုသို့ထွက်ခွာကာ ခြားနားကြလေသည်။ မဆွကပင်
 မင်းသားတို့အား စကြာဒေ၀ီမင်းသမီးကြီးက ဥာဏ်ပညာထက်မြက်သော
 မောင်ဖိုးလှိုင်ကို ခေါ်ဆောင်သွားသင့်ကြောင်းကို အကြံပေးပြောဖူးလေရာ
 မင်းသားညီနောင်တို့က မဲထီးကျောင်းတွင် ပညာသင်ကြားလျက်ရှိ သော 
အဆုံးသတ်ကာ မင်းမှုထမ်းဘ၀ ရောက်ရှိလာ ခြင်းပင်ဖြစ်လေတော့သည်။ 
ဦးဖိုးလှိုင်သည် မင်းသားညီနောင်နှင့်လိုက်ပါကာ ၊ ရွှေဘိုမြို့အား သိမ်းပိုက်ပြီးချိန်တွင်
 ချီးမြှင့် မြှောက်စားထိုက်သူများကို ချီးမြှင့်လေသည်။ ဦးဖိုးလှိုင်ကို
 သားအဖြစ်မွေးစားကာ မင်းလှစည်သူဘွဲ့ အမည်ဖြင့် ယောမြို့ကို
 အပိုင်စားပေးသနားစေသည်။ ယောမြို့စားမင်းသားဟု ထင်ရှားလာလေသည်။
 ထို့နောက်မင်းနေပြည်တော်ကိုရောက်ချိန်တွင် မင်းတုန်းမင်းတရားကြီးက
 ဦးဖိုးလှိုင်နှင့် မကွေးမြို့စား သတိုးမင်းကြီး မဟာမင်းလှစည်သူ ၏ သမီးအငယ်ဖြစ်သူ
 မခင်ဖြူနှင့် လက်ထပ်စေရန် အမိန့်ချမှတ်လိုက်လေသည်။ မင်းမှုထမ်းရင်းနှင့် 
ကြင်ရာပါရလေသည်။
ဦးဖိုးလှိုင် အသက် ၂၈ နှစ် အရွယ်တွင် ယောမြို့စား အရာမှ တိုးမြှင့် ၍ 
အတွင်းဝန်ယောမြို့စား အရာသို့ သူကောင်းပြုခြင်း ခံရသသည်။ ဘွဲ့မည်ကိုလည်း 
မင်းလှစည်သူမှ မင်းကြီးမင်းလှမဟာစည်သူ ဟု ပေးအပ်ချီးမြှင့်လေသည်။ ဦးဖိုးလှိုင်၏
 မင်းမှုထမ်းသက် ၂၆ နှစ်တွင် ခြောက်ကြိမ် အရာမှ နုတ်သိမ်းခံရသည်။ ပထမအကြိမ် 
သည် ၁၂၂၇ ခုနှစ်တွင် ဖြစ်၍ ရာဇဓမ္မသင်္ဂဟကျမ်းကို ဆက်သပြီးချိန် ၁၂၄၀ ခုနှစ်တွင်
 နောက်ဆုံးဖြစ်လေသည်။ ၁၂၃၈ ခုနှစ် ကဆုန်လမှစ၍ မင်းတုန်းမင်းတရားကြီး၏
 တောင်နန်းမတော်ကြီး(စကြာဒေ၀ီ) နာမကျန်းဖြစ်တော်မူသည်။ ထိုအချိန်တွင်
 ဦးဖိုးလှိုင်၏ ရာထူးမှာ ရွှေပြည်ဝန် ၀က်မစွတ်မြို့စား မင်းကြီး မင်းလှမဟာစည်သူ
 ဖြစ်လေသည်။ ဤသည်မှာ ဦးဖိုးလှိုင်၏ မင်းမှုထမ်းဘ၀ ဖြစ်ကာ သူ၏အရှင်သခင် 
အပေါ်တွင် များစွာအထောက်အကူ ပြုသော လုပ်ငန်းဆောင်တာများကို
 ဆောင်ရွက်ခဲ့လေသည်။
စကြာဒေ၀ီမိဖုရားကြီး လွန်သော် မင်းတုန်းမင်းလည်း ပူဆွေးလှသဖြင့်
 မိဖုရားကြီးအလောင်းကို င်္သဂြိုဟ်ခွင့်လည်းမပေး၊ ညီလာခံလည်း မထွက်ပဲနေခဲ့သည်။ 
ထိုအခါ မှုးမတ်၊မင်းညီမင်းသားများလည်း မလျှောက်တင်ဝံ့သဖြင့် အရာကျနေသည့်
 ဦးဖိုးလှိုင်ကို အကူအညီတောင်းရာ ဦးဖိုးလှိုင်လည်း စာတစ်စောင်ကို 
မှုးမတ်များကိုယ်စား ရေးသားပြီး ဆက်သလေသည်။ မင်းတုန်းမင်းလည်း
 စာကိုဖတ်လျှင် ဦးဖိုးလှိုင်လက်ရာမှန်းသိသောကြောင့်တစ်ကြောင်း၊
 စာပါအချက်များမှာ ညီညွှတ်သည်ကြောင့်တစ်ကြောင်း စိတ်လျော့ကာ မိဖုရားကြီး 
အလောင်းကို င်္သဂြိုဟ်ခွင့်ပေးလေသည်။ ဦးဖိုးလှိုင်ကိုလည်း ပြန်လည်ခေါ်ယူကာ
 ဆူပူကြိမ်းမောင်းဟန်ပြုပြီး အရာပြန်ပေးခဲ့သည်။ 
မင်းတုန်းမင်းတရားလက်ထက်မှနောက်ဆုံးသီပေါမင်းလက်ထက်ထိသက်တော်ရှည်အ
မတ်ကြီးအဖြစ်နိုင်ငံတာဝန်များကိုကျေပြွန်စွာထမ်းဆောင်ခဲ့ပါတယ်။
ဦးဖိုးလှိုင်သည် ၁၂၂၂ ခုနှစ်မှစ၍ ၁၂၄၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်းတွင်
 ကျမ်းစာပေါင်းများစွာ ပြုစုရေးသားခဲ့သည်။ ထိုကျမ်းစာများသည် မြန်မာ့စွယ်စုံကျမ်း
 အတွဲ (၈) တွင်ပါဝင်၍ အောက်ပါအတိုင်းဖြစ်သည်။
(၁)။ ၁၂၂၅ခုနှစ် လိလာဝတီဂဏန်းကျမ်း အိမ်ရှေ့စံကနောင်မင်းသားကြီး၏ 
အမိန့်တော်ကြောင့် ရေးသည်။
(၂)။ ၁၂၃၁ ခုနှစ် လောကဓါတ်ဆေးကျမ်း ဖန်ချက်ဝန်ထောက်
 မင်းထင်ပညာသိဒ္ဓိကျော် နှင့် အတူရေးသည်။
(၃)။ လိပိဒီကာ ကြေးနန်းရိုက်ကျမှ်းုထိုကျမ်းကို အင်္ဂလိပ်သံအရာရှိ မက်မာဟွန်က
 အင်္ဂလိပ်ဘာသာ သို့ပြန်ဆိုခဲ့သည်။
(၄)။ ၁၂၃၁ ခုနှစ် အဿဗေဒကျမ်း မြင်း၏ကြင်အင်လက္ခဏာပြကျမ်းဖြစ်၍ 
ဘုရင့်အမိန့်တော်အရရေးသည်။
(၅)။ ၁၂၃၃ ခုနှစ် ၀ိမုတ္တိရသကျမ်း
(၆)။ ၁၂၃၄ ခုနှစ် မဟာသမတကပ္ပ၀ိနစ္ဆရကျမ်း
(၇)။ ၁၂၃၅ ခုနှစ် သဒ္ဒသင်္ဂဟကျမ်း
(၈)။ ၁၂၃၇ ခုနှစ် ကာယနုပဿနာကျမ်း 
စလင်းမင်းသမီး၏တောင်းပန်ချက်အရရေးသည်။
(၉)။ ၁၂၄၀ ခုနှစ် ရာဇဓမ္မသင်္ဂဟကျမ်း
(၁၀)။ ၁၂၄၂ ခုနှစ် ဥတုဘောဇနကျမ်း
(၁၁)။ ၁၂၄၂ ခုနှစ် အလင်္ကာနိသျှကျမ်း
(၁၂)။ ၁၂၄၃ ခုနှစ် မဟာသုဇာတက ဗေဒင်ကျမ်း
(၁၃)။ န၀သိဒ္ဓန္တကျမ်း
(၁၄)။ အသုတသာဂရကျမ်း
(၁၅)။ နိဗ္ဗာန်ရောက်ကြောင်း စာတမ်း
(၁၆)။ ၀ိဇယသုတ်
(၁၇)။ သံဌသုတ်
(၁၈)။ သမသနဥာဏ်တော် ၁၀ ပါးအကျယ်
(၁၉)။ သဒ္ဒသင်္ဂဟကျမ်း စသဖြင့် ကျမ်းပေါင်း (၁၉) အုပ်ပါရှိသည်။
ထို့သို့ မြောက်မြားစွာရေးသားသည်မှာ သူတစ်ဦးတည်းနှင့်ပင်
 တက္ကသိုလ်ကျောင်းတစ်ကျောင်း ထူထောင်နိုင်လောက်အောင်
 တတ်ကျွမ်းသူတစ်ဦးဖြစ်လေသည်။
                            စောမင်းဖြူ
No comments :
Post a Comment
Note: Only a member of this blog may post a comment.