သြဂုတ်လ ၂၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်သည် သင်္ကေတဆန်သော သတင်းစကားတခုကို သူ၏ Facebook တွင် တင်ခဲ့သည်။ သူက “မူဖာဆာ-ခြင်္သေ့ဘုရင်” ဇာတ်ကားမှ ဇာတ်ဝင်ခန်းဗီဒီယိုတခုကိုတင်ပြီး ထိုပို့စ်တွင် သူရဲကောင်း ခြင်္သေ့ခေါင်းဆောင် မူဖာဆာနှင့် ဒဏ္ဍာရီလာ ဘေးကင်းခိုလှုံရာဒေသ မီလီလီကို ရည်ညွှန်းပြီး “မူဖာဆာနှင့် မီလီလီ” ဟု ခေါင်းစဉ်တပ်ထားသည်။
ထိုတမိနစ်ခွဲ ဗီဒီယိုတွင် မူဖာဆာက အခြားတိရစ္ဆာန်များကို အောက်ပါအတိုင်းပြောသည်။
၎င်း၏လူမျိုးစုနယ်မြေထက် ကျော်လွန်ရှုမြင်သည်။
သမိုင်းအရ KIO သည် မဟာမိတ်တည်ဆောက်ရေးတွင် ဗဟိုအခန်းမှ ပါဝင်သည်။ “ကျနော်တို့ အခြားသူတွေရဲ့ ကံကြမ္မာကို မစိုးရိမ်ဘဲ ကိုယ့်မျိုးနွယ်စုနဲ့ကိုယ် အထီးကျန်နေရင် ဘာအပြောင်းအလဲမှ ဖြစ်လာမှာမဟုတ်ဘူး” ဆိုသည့် သတင်းစကားဖြင့် ထိုအဖွဲ့အစည်းသည် အမြဲတမ်းလိုလို ၎င်း၏လူမျိုးစုနယ်မြေထက် ကျော်လွန်ရှုမြင်သည်။
KIO ခေါင်းဆောင်အဆက်ဆက်သည် ကချင်အကျိုးစီးပွားသက်သက်ထက် စစ်တပ်၏ ဖိနှိပ်မှုခံရသည့် အခြားအဖွဲ့များနှင့် သွေးစည်းခိုင်မာရေး အလေးထားသည်။ ထိုအမြင်သည် ကွဲပြားသည့် EAO များကို အကူအညီပေးပြီး မဟာမိတ်ဖွဲ့ရန် KIO ၏ ရေရှည်စိတ်ပိုင်းဖြတ်မှုကို ပုံဖော်ပေးသည်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီကပင် KIO သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အာရက္ခအမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA/AA)၊ ချင်းအမျိုးသားတပ်ဦး / တပ်မတော် (CNF/CNA), MNJP/MNDAA, PSLF/TNLA နှင့် ယခုအခါမရှိတော့သည့် EAO များကဲ့သို့သော အုပ်စုများသို့ စစ်ရေးနှင့် ဘဏ္ဍာရေးအကူအညီနှင့် ခိုလှုံရန် နေရာပေးသည်။

“ခင်ဗျားတို့ ကြောက်တတ်တာ ကျနော်သိတယ်။ ဒါပေမဲ့ ကျနော့်ကို ယုံကြည်ပါ။ ကျနော်တို့ အခြားသူတွေရဲ့ ကံကြမ္မာကို မစိုးရိမ်ဘဲ ကိုယ့်မျိုးနွယ်စုနဲ့ ကိုယ် အထီးကျန်နေရင် ဘာအပြောင်းအလဲမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီနေ့မှာ သူတို့ဟာ ဒီနေရာကို ကျနော်တို့ ခြင်္သေ့တွေအတွက် ဒီကိုရောက်လာပြီး ကျနော်တို့ကို ရှာဖို့ ဒီနေ့ ခင်ဗျားတို့အကြား သွားလာခွင့်ပြုရင် မနက်ဖြန်ကျရင် ခင်ဗျားတို့အလှည့်ရောက်လာမယ်” ဟု ပြောသည်။
ထိုဇာတ်လမ်းတွင် ကျူးကျော်လာသော ခြင်္သေ့ဖြူများကို အတူတကွတိုက်ခိုက်ပြီး ဘေးကင်းလုံခြုံရာဒေသ မီလီလီကို ကာကွယ်ရန် မူဖာဆာက တိရိစ္ဆာန်များအားလုံးသို့ ညီညွတ်ရေးတောင်းဆိုသည်။
ထိုပို့စ်ကို တင်ခြင်းအားဖြင့် ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်က မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုအနေဖြင့် သွေးခွဲမှုကို ဖြတ်ကျော်ပြီး ဘုံခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် ညီညွတ်ရေး နှိုးဆော်သည်။ သူ၏သတင်းစကားသည် အလျင်အမြန် ပျံ့နှံ့သွားပြီး တုံ့ပြန်မှု ၁ သန်းကျော်အထိရကာ အင်တာနက်အသုံးပြုသူ အများအပြားက KIO သည် ညီညွတ်သော တော်လှန်ရေး၏ ခေါင်းဆောင်ဟု သတ်မှတ်ကြသည်။
မြန်မာ့ပဋိပက္ခတွင် စစ်အုပ်စုဘက်က မျက်နှာသာရလာချိန် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၏ ပို့စ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၅ ခုနှစ်၊ ဧပြီလအကြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) နှင့် ပြည်သူ့တော်လှန်ရေးတပ်များ (PDF) အပါအဝင် တော်လှန်ရေးအင်အားစုများသည် စစ်အုပ်စုထံမှ မြို့ပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ကြသည်။
သို့သော် ၂၀၂၅ ခုနှစ် နှစ်လယ်မှစတင်ပြီး စစ်အုပ်စုသည် တပ်များကို ပြန်လည်ဖွဲ့စည်းကာ ကရင်နီပြည်နယ်မှ မိုးဗြဲနှင့် ဒီးမော့ဆို၊ ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချို၊ မန္တလေးတိုင်းမှ သပိတ်ကျင်း စသည့် အဓိကကျသော နေရာများကို ပြန်လည်သိမ်းပိုက်ပြီး ကျောက်မဲနှင့်မိုးကုတ်ကို တိုက်ခိုက်သိမ်းပိုက်ရန် အားယူနေသည်။

ပိုမိုအရေးပါသည့်အချက်မှာ KIO ၏ လက်နက်ကိုင်အဖွဲ့အစည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် အဖွဲ့၏ အဓိကဝင်ငွေရင်းမြစ် ကျောက်စိမ်းဒေသ ဖားကန့်တွင် စစ်အုပ်စု၏ တန်ပြန်ထိုးစစ်ကို တိုက်ခိုက်ရန် ရုန်းကန်နေရပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ရေရှည်တိုက်ခိုက်နေသော်လည်း ကချင်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဗန်းမော်ကို သိမ်းပိုက်နိုင်ခြင်း မရှိပေ။ အတင်းအကျပ် စစ်သားစုဆောင်းခြင်းနှင့် အဆင့်မြင့် ဒရုန်းစစ်ရေးကို စစ်အုပ်စုက ပိုမိုမှီခိုလာခြင်းသည် တော်လှန်ရေးအင်အားစု၏ အောင်မြင်မှုများကို နောက်ပြန်ဆုတ်စေသည်။
တချိန်တည်းတွင် တရုတ်သည် နယ်စပ်အခြေစိုက် EAO များ အပစ်အခတ်ရပ်စဲရေး လက်ခံရန်နှင့် စစ်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် ဖိအားမြှင့်တင်နေပြီး တော်လှန်ရေးအင်အားစုအတွက် သေနင်္ဂဗျူဟာရွေးချယ်မှုကို ကျဉ်းမြောင်းအောင်လုပ်နေသည်။
ဥပမာအားဖြင့် သြဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတခုတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ / ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) က မြန်မာအမျိုးသား အမှန်တရားနှင့်တရားမျှတမှု ပါတီ / မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSPP/SSA-N) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုကို အကြောင်းကြားသည်။ ယခင်မကြုံဖူးသည့် တရုတ်ဖိအားကြောင့် စစ်ရေးနှင့် ဘဏ္ဍာရေးအကူအညီပေးခြင်း ရပ်စဲမည်ဖြစ်ကြောင်း အကြောင်းကြားခြင်းဖြစ်သည်။
ထိုသို့ စုပြုံလာသော ဖိအားများအကြား တော်လှန်ရေးလှုပ်ရှားမှုသည် အရေးပါသည့် လမ်းဆုံလမ်းခွသို့ ရောက်နေပြီး စစ်အုပ်စု ပြန်လည် ခေါင်းထောင်လာခြင်းနှင့် တရုတ်သြဇာတို့ကို ရင်ဆိုင်ရချိန်တွင် မြန်မာ၏ အစိတ်စိတ်အမွှာမွှာကွဲနေသည့် လက်နက်ကိုင်လှုပ်ရှားမှုကို ညီညွတ်အောင်လုပ်နိုင်သော ခေါင်းဆောင်မှုကို ရှာဖွေနေသည်။
အရေးပါသည့်မေးခွန်းမှာ KIO သည် အကွဲကွဲအပြားပြား ဖြစ်နေသော တော်လှန်ရေးအင်အားစုများကို ညီညွတ်သောတပ်ဖွဲ့အဖြစ် စည်းရုံးမည့် “မြန်မာ မူဖာဆာ” ဖြစ်လာနိုင်သလားဆိုသည့် မေးခွန်းဖြစ်သည်။
ဆက်လက်၍ တော်လှန်ရေးလှုပ်ရှားမှုတွင် သမိုင်းကြောင်းအရနှင့် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများအရ KIO ပါဝင်ခဲ့သည့် အခန်းကဏ္ဍကို စဉ်းစားသုံးသပ်မည်ဖြစ်သည်။
မဟာမိတ်ဟောင်းများ

KIO သည် ကျယ်ပြန့်သော တပ်ပေါင်းစုများတွင် ခေါင်းဆောင်မှုသမိုင်းလည်းရှိပြီး ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။ EAO ၁၀ ခုပါဝင်သည့် UNFC သည် ယခုအခါ မရှိတော့ဘဲ EAO ခုနစ်ခုပါဝင်သည့် FPNCC သည် တရုတ်ဖိအားနှင့် မဟာမိတ်များအချင်းချင်း အငြင်းပွားမှုများကြောင့် အင်အားချိနဲ့လာသော်လည်း ယခင်က မဟာမိတ်များတွင် KIO ၏ အချက်အချာကျသော အခန်းကဏ္ဍသည် ညီညွတ်ရေးအင်အားစုတခုအဖြစ် ယုံကြည်နိုင်မှုကို အလေးအနက် ပြသနေသည်။

မဟာမိတ်သစ်များ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နိုင်ငံတဝန်းတွင် စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုများနောက်ပိုင်းတွင် ထောင်ပေါင်းများစွာသော ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် နိုင်ငံရေးသမားများသည် KIO ထံတွင် ခိုလှုံကြပြီး စစ်သင်တန်းတက်ကြသည်။ လပိုင်းအတွင်း ထိုအဖွဲ့အစည်းသည် ဘေးကင်းသော ခိုလှုံရာနှင့် လက်နက်ထောက်ပံ့သည့် အဓိက EAO များအနက် တခုသာ မဟုတ်တော့ဘဲ တော်လှန်ရေးအင်အားစုသို့ နိုင်ငံရေးထောက်ခံမှုပေးသည့် အဖွဲ့လည်းဖြစ်လာသည်။
မြန်မာစင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းရာတွင်လည်း KIO သည် အဓိကအခန်းမှ ပါဝင်သည်။ ကချင်နိုင်ငံရေး ကြားဖြတ်ညှိနှိုင်းမှုအဖွဲ့ (KPICT) မှတဆင့် KIO သည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ညှိနှိုင်းပြီး ယာယီသမ္မတ ဒူးဝါးလရှီလ အပါအဝင် နောင်တွင်ထင်ရှားသည့် NUG ခေါင်းဆောင်များဖြစ်လာမည့် ကိုယ်စားလှယ်များကို စေလွှတ်သည်။
နယ်စပ်တွင် NUG အရာရှိများကို လက်မခံရန် တရုတ်က အကြိမ်ကြိမ် ဖိအားပေးသော်လည်း KIO သည် NUG ကို ၎င်း၏ဌာနချုပ်ရှိရာ လိုင်ဇာတွင် လက်ခံထားကာ ထိုမှတဆင့် အတိုက်အခံနိုင်ငံရေးတပ်ဦးကို ပိုမိုနီးကပ်စွာ ညှိနှိုင်းစေနိုင်ပြီး အားဖြည့်ပေးသည်။
စစ်ရေးဘက်တွင်လည်း KIA သည် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်မှ PDF များကို လေ့ကျင့်၊ လက်နက်တပ်ဆင်၊ ဖွဲ့စည်းပေးသည်။ ၂၀၂၁ ခုနှစ်တွင် KIA သည် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ပါဝင်သည့် စစ်ဒေသ-၁ (MR-1) ကို ကူညီထူထောင်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စစ်ဒေသ-၁ သည် ထိုတိုင်း သုံးတိုင်းလုံး၌ လှုပ်ရှားသော်လည်း ထို့နောက်တွင် စီရင်ပိုင်ခွင့်နယ်ပယ် စစ်ကိုင်းမှ ခရိုင် ခုနစ်ခု (မြို့နယ် ၁၆ ခု) သို့ ကျဉ်းမြောင်းလာသည်။
KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွန်းသည် ၂၀၂၄ ခုနှစ်၊ မေလတွင် ကွယ်လွန်ချိန်အထိ စစ်ဒေသ-၁ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လစ်လပ်သွားသော ထိုနေရာတွင် KIA က တပ်မှူးသစ်တဦး အလျင်အမြန် ခန့်အပ်သည်။
KIA သည် C3C ဟုခေါ်သည့် ဗဟိုကွပ်ကဲမှုနှင့် ညှိနှိုင်းမှုကော်မတီတွင်လည်း ဥက္ကဋ္ဌတာဝန်ယူသည်။ C3C သည် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ABSDF, CNF/CNA နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီတပ်မတော် (KNPP/KA) တို့အကြား စစ်ရေး ညှိနှိုင်းမှုယန္တရားဖြစ်သည်။
ထို့အပြင် KIA သည် နာဂ PDF များ၊ အရှေ့နာဂအမျိုးသားအဖွဲ့ / ကာကွယ်ရေးတပ် (ENNO/ENDA)၊ ကူကီးအမျိုးသားအဖွဲ့ / တပ်မတော် (KNO/KNA-Burma)၊ ကဒူးကာကွယ်ရေးတပ် (KDF) နှင့် ဗမာတပ်တော် စသည့် ပိုမိုသေးငယ်သည့် အဖွဲ့များကိုလည်း လေ့ကျင့်ပေး၊ ထောက်ပံ့ပေးသည်။
မကြာသေးမီလများအတွင်း ယောတပ်မတော်၊ ဇီးရိုးပြောက်ကျားနှင့် ချင်းညီနောင်အဖွဲ့ (CB) အပါအဝင် ဒေသဆိုင်ရာ PDF အများအပြားသည် စစ်ရေးညှိနှိုင်းမှု တောင့်တင်းစေရန်အတွက် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇော်တောင် ကဲ့သို့သော KIO ခေါင်းဆောင်များနှင့် ဆွေးနွေးရန် လိုင်ဇာသို့ သွားရောက်ကြသည်။
ထိုသို့ ထိတွေ့ဆက်ဆံမှုများကို သုံးသပ်ပြီး CB ပြောခွင့်ရသူ ဆလိုင်းယောမန်က အလွတ်သတင်းထောက် သက်ထွေးနိုင်နှင့် သြဂုတ်လ ၁၀ ရက်နေ့က တွေ့ဆုံမေးမြန်းရာတွင် “KIO/KIA က တနိုင်ငံလုံးကို စဉ်းစားတယ်။ သေနင်္ဂဗျူဟာကျကျ စဉ်းစားတယ်။ ကြီးကြီးမားမား တွေးခေါ်တယ်။ ကချင်တွေအတွက်သာမက အဝေးကိုလည်း စဉ်းစားတယ်” ဟု ပြောခဲ့သည်။ လူမျိုးစုသက်သက်မဟုတ်ဘဲ တနိုင်ငံလုံးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းဖြစ်သည်ဆိုသည့် KIO ပုံရိပ်ကို ထိုသို့သောမှတ်ချက်များက မီးမောင်းထိုးပြနေသည်။
အဖွဲ့အစည်းအရ ဗိုလ်ချုပ် ဘရန်နန် ဦးဆောင်သည့် KIO ၏ မဟာမိတ်ဆက်ဆံရေးရုံးသည် UWSP/UWSA, SSPP/SSA-N, MNTJP/MNDAA နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) စသည့် အဓိက EAO များနှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသည်။ နယ်နိမိတ်အငြင်းပွားမှုများကြောင့် PSLF/TNLA နှင့် ဆက်ဆံရေး တင်းမာနေသော်လည်း စစ်တပ်ကို ဆန့်ကျင်သည့် ဘုံတိုက်ပွဲကြောင့် ပြန်လည်သင့်မြတ်ရန် အလားအလာ ကောင်းသည်။
KIO တွင် မဟာမိတ်တည်ဆောက်သည့် သမိုင်းရှည်လျားစွာရှိသော်လည်း အရေအတွက် များပြားလာနေသည့် ဒေသခံ PDF များကို ပိုမိုကျယ်ပြန့်သည့် ညီညွတ်ရေးတပ်ဦးအဖြစ် စုစည်းရန် ကြီးမားသော အားထုတ်မှုများနှင့် ရင်းမြစ်များဖြစ်သည့် လူသားအရင်းအနှီး၊ ဘဏ္ဍာရေးနှင့် လက်နက်များ လိုအပ်သည်။

ထိုစိန်ခေါ်မှုများကို KIO တွင် နည်းလမ်းအကန့်အသတ်ရှိနေသောကြောင့် ပိုမိုဆိုးရွားစေပြီး အထူးသဖြင့် တရုတ်က ၎င်း၏ပိုင်နက်သို့ ကုန်သွယ်ရေး ဖြတ်တောက်သောအခါ ပိုမိုဆိုးရွားစေသည်။
ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၏ ရည်မှန်းချက် အကောင်အထည်ပေါ်ရန် ဦးမင်းကိုနိုင်ပြောသည့်အတိုင်း အမိန့်ပေးကွပ်ကဲမှုကွင်းဆက် တခုတည်းအောက်တွင် တော်လှန်ရေးအင်အားစုများသည် EAO နှင့် PDF များအကြား အနည်းဆုံး ညှိနှိုင်းဆောင်ရွက်ခြင်းမှ ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုသို့ ပြောင်းလဲကာ ချိန်ကိုက်စစ်ဆင်ရေးများ လုပ်နိုင်ရန် လိုအပ်သည်။ သို့သော် ထိုသို့သော ညီညွတ်မှု ရနိုင်၊ မရနိုင်မှာ မသေချာမရေရာသေးပေ။
မြန်မာ့တိုက်ပွဲသည် အရေးပါသော အဆင့်သို့ရောက်လာချိန်တွင် “မူဆာဖာ” ဆိုသည့် ပုံဆောင်တင်စားစကားသည် မျှော်လင့်ချက်နှင့် ထိခိုက်လွယ်မှု နှစ်ခုလုံးကို ဖော်ပြနေသည်။ KIO သည် လက်တွေ့တွင် ညီညွတ်ရေးကို နှိုးဆော်ပေးနိုင်သော်လည်း ပြန်လည် ခေါင်းထောင်ထလာသည့် စစ်တပ်နှင့် ပြင်ပဖိအားများအောက်တွင် ထိုညီညွတ်ရေးကို ဆက်လက် ထိန်းသိမ်းထားရေးသည် ထိုအဖွဲ့အစည်း၏ ကြံ့ကြံ့ခံနိုင်ရည်ကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။ KIO သည် “မြန်မာနိုင်ငံ၏ မူဆာဖာ” အမှန်တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ကို အချိန်တခုတည်းကသာ ဖော်ပြနိုင်မည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Joe Kumbun ၏ Gun Maw’s Call for Unity: Will the KIO Become Myanmar’s ‘Mufasa’? ကို ဘာသာပြန်သည်။ ဂျိုးကမ်ဘန်သည် လွတ်လပ်သော နိုင်ငံရေးသုတေသီ၏ ကလောင်အမည်ဖြစ်သည်။)
28 , 8 , 2025