Monday, May 6, 2013

ကရင့်ရိုးရာဓလေ့ပွဲတော်များ

ကရင်လူမျိုးတို့ ၏ ရှေးဘိုးဘွားဘီဘင်များသည် ၀ိညာဉ်ကိုယုံကြည်ကြသည်။ ၀ိညာဉ်လိပ်ပြာသည် လူ၏ခန္ဓာကိုယ်တွင်ပူးကပ်မှီတွယ်နေပြီးလိပ်ပျြာနှင့်အတူရှိသောသူ သည် ကျန်းမာသည်၊ သန်စွမ်းသည်၊ စိတ်ဓါတ်ကြံခိုင်မှူရှိသည်ဟု ယုံကြည်ကြ၏။

ထို့အတူသစ်ပင်သီးနှံတို့တွင်လည်း၎င်းတို့ကိုကာကွယ်စောင့်ရှောက်သောဝိညာဉ်ရှိသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် အပင်တို့ ကိုစောင့်ရှောက်သော နတ်ဟုဆိုနိုင်သော ရုက္ခစိုးနတ်ကောင်းနတ်မြတ်တို့ ရှိသည်ဟု ယုံကြည်ကြ သည်။ ထိုနည်းအတူ တောင်ယာတွင် တောင်ယာကို စောင့်ရှောက်သောနတ်၊ လယ်မြေကို စောင့်ရှောက်သောနတ်များအပြင် လူနေအိမ်တွင် အိမ်ကိုစောင့်ရှောက်သောနတ်ဟူ၍ ရှိသည်ကို ယုံကြည်ကြသည်။