Monday, July 29, 2013

သမိုင်းထဲက မိုးကောင်း ' နန့်ကောင်း မြစ်လွင်ပြင်ဒေသ ' (၄)


 မိုင်းလုံသခင်မဘွဲ့ အမည်ကား နန်းရွက်ဘွတွန်စွံ့ဆိုင်မိုင်းတို့နှင့် သားတော်သမီးတော် ၎


ပါးရှိသည်အနက် သားတော်တစ်ပါးမှာ နံတော်စနေသားတည်း၊ '' ခြေရင်းတော်မှာ နေစေ ''


အသနားတော်မြတ်ခံရသည်။ ကျောက်ရစ်ရွာကို စားရသည်။ သမီးတော် ၃ ပါးမှာ ၂ ပါး


အပါးတော်မှာ ခစားလျက်နေသည်။ ၎င်း အကြီးတစ်ယောက်မှာ '' သီရိသူဇာ မဟေသီ '' 


ဘွဲ့တော်ပေး၍ သာယာဝတီမြီု့ကို စားစေသည်။ အလပ်တစ်ပါးမှာ '' မြတ်စောဒေ၀ီ '' ဘွဲ့ပေး၍



 ရွှေရေးဆောင်မှာ အကြည်သံရွာကို စားစေသည်။ ၎င်း အိခွန် မြီု့တော်ပတ်လည် ဧရာဝတီ



ကောက်ကောက်စင်း၊ အညာကောင်းတုံထိ၊ အောက်သို့ ရေနံချောင်းထိ


အသနားတော်မြတ်ခံရသည်။ သမီးတော်အငယ် နှင်းစမ္ပာယ်၊ ငယ်ရွယ်သူဖြစ်၍



မိဘထံသို့ပြန်နေစေသည်။ ၎င်းသမီးတော်တွင် မြတ်နိုးတော်မူပေးသည်။ သမီးတော် နှစ်ပါးမှာ



အရှင်စော်ဘွားကြီး စောဆိုဆိုင်ခက်ဘွတို့ စုံစမ်း၊ မိုင်းလုံသခင်မဘုရားကြီး 



နန်းရွက်ဖွတွန်စွန်ဆိုင်းမိုင်းဘွဲ့ သနားတော်မြတ်ခံ၍ '' မိုင်းမော်စည်တိုင် ဆာတောင်ခန့်'' ဟူ၍



အမည်ရှိသောမြီု့ကို အုပ်စိုးသည့်နေ့က မိုးကောင်းစီရင်စု ကျေးလက်အစုစု ၎င်းသက္ကရာဇ်



(၁၁၅၇)ခု၊ အမရပူရနေပြည်တော် ဥမင်းတြားကြီးဘုရား သနားတော်မူသည်။



၎င်းဘုရားကြီးအမိန့်တော်နှင့် သိမ်းယူသည့် ကျေးရွာခရိုင်တို့ကို ရှေးထုံစံရှိသည်အတိုင်း



 ကျေးရွာဟောင်းသစ် အသီးသီးရွေးသစ်ခန့်၍ စာရင်းတော်ဆက်သွင်းပြီးလျှင်


အုပ်စိုးတော်မူသည်။