မိုင်းကိုင်မြို့ကို - တောင်ကြီးကနေ သွားမယ်ဆိုရင်.... မိုင်တရာကျော်ဝေးပါတယ်...။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့ လမ်းအတိုင်း သွားမယ်ဆိုရင်တော့....တောင်ကြီး > ဟိုပုံး > မိုင်းပွန် > လွယ်လွိုင် အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား > ကနေတဆင့် မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. နန်းဦးပြင်နေတဲ့မြို့လေး ပေါ့...။
ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး... ကျိုင်းတောင်းမြို့မှာ နေတာဖြစ်ပါတယ်... ကျိုင်းတောင်းမှ.. မိုင်းကိုင်ကို လာမယ်ဆိုရင်... ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း > နမ့်စန် > လွိုင်လင် > ပင်လုံ > လဲချား > မိုင်းကိုင်မြို့ကိုရာက်ပါတယ်.. ကြားထဲမှာ.. မိုင် ၁၀၀ ကျော်ဝေးပါတယ်..။