မြန်ပြည်မြောက်ပိုင်း သျှမ်းလူမျိုးများ သျှမ်းနီ၊ ခန္တီး၊ ကဒူး၊ ကဏန်းတို့၏ ခေါင်းဆောင်ကြီး
သူ့ကျွန်မခံလိုသော မောရိယမဟာဝံသ သီရိသုဓမရာဇာ သိုဟုံဘွား မျိုးချစ် ဝန်းသို စော်ဘွားကြီး စ၀်အောင်မြတ်။ ။
သူ့ကျွန်မခံလိုသော မောရိယမဟာဝံသ သီရိသုဓမရာဇာ သိုဟုံဘွား မျိုးချစ် ဝန်းသို စော်ဘွားကြီး စ၀်အောင်မြတ်။ ။
ဝန်းသို့ စော်ဘွားကြီး စ၀်အောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပိုတွဲလဆန်း ၁၁ ရက်၊ (ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်) တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် ဝန်းသိုမြို့၌ ဖွားမြင်သည်။ အဘ အမည် မှာ မင်းလှ သမန္ဈရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ ဦးရွှေသာ ဖြစ်ပြီး၊ မိခင်မှာ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ ဒေါ်ဒွေးဖြူ ဖြစ်သည်။ မွေးချင်း ညီအစ်ကို မောင်နှမ ခုနစ်ဦး ရှိရာ မောင်အောင်မြတ်၊ မသူဇာ (သောင်သွတ် စော်ဘွားကတော်)၊ မောင်ရွှေသိုက်၊ မယ်မူ၊ မယ်ဖန်၊ ခွန်ကျယ်၊ ခွန်ဆိုင်တို့ ဖြစ်ကြသည်။
မောင်အောင်မြတ်အား ငယ်စဉ်က ဝန်းသို ဆရာတော် ဦးဂုဏထံ စာပေ သင်ကြားစေရန် အပ်နှံထားခဲ့ရာ အခြေခံ မြန်မာ စာပေများကို အတော်အတန် တတ်မြောက်ပြီး သာမဏေဘောင်သို့ ဝင်ခဲ့သည်။ မောင်အောင်မြတ် သက်တော် နှစ်ဆ်ာကျော်သား အရွယ် ၁၂၂၈ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ဖခင်ဖြစ်သူ ဦးရွှေသာအား မြို့လက်ရှိအတိုင်းနှင့် ၀န်းသိုမြို့ မင်္ဂလါ စော်ဘွားကြီးဟု အဆောင်အရောင် အစီးအနှင်း များနှင့်တကွ စော်ဘွား အဖြစ်သို့ တိုးမြင့်ခန့်ထားပြန်သည်။