သိုဟန်ဘွားအနီစ္စရောက်ပြီးနောက် အင်းဝတွင်ရှိသော မှူးမတ်အပေါင်းတို့က
မင်းကြီးရန်နောင်အား မင်းပြုရန် တောင်းဆိုသော်လည်း မင်းကြီးရန်နောင်အလိုမရှိသဖြင့်
အုန်းပေါင်ခွန်မှိုင်းငယ်ကို အင်းဝမင်းပြုစေသည်။ မင်းကြီးရန်နောင်အား တလုပ်မြို့ကို
ပိုင်စားစေသော်လည်း နောက်တစ်နှစ်တွင် မင်းကြီးရန်နောင်သည် မက္ခရာအရပ်၌
ရဟန်းဝတ်သွားလေတော့သည်။ အေဒီ ၁၅၄၃ ခုနှစ် အုန်းပေါင်းခွန်မိန်းသည်
အင်းဝမင်းဖြစ်သောအခါ ညောင်ရွှေ၊ မိုးနဲ၊ ဗန်းမော်၊ မိုးမိတ်၊
မိုးညှင်းစော်ဘွားများနှင့် တိုင်ပင်၍ ကြည်းအားရေအားဖြင့် ပြည်သို့ချီတက်
တိုက်ခိုက်တော်မူသည်။ ပြည်သတိုးဓမ္မရာဇာလည်း အင်အားမမျှသဖြင့် ထွက်မတိုက်ဝံ့ပေ။