Monday, May 6, 2013

ကရင့်ရိုးရာဓလေ့ပွဲတော်များ

ကရင်လူမျိုးတို့ ၏ ရှေးဘိုးဘွားဘီဘင်များသည် ၀ိညာဉ်ကိုယုံကြည်ကြသည်။ ၀ိညာဉ်လိပ်ပြာသည် လူ၏ခန္ဓာကိုယ်တွင်ပူးကပ်မှီတွယ်နေပြီးလိပ်ပျြာနှင့်အတူရှိသောသူ သည် ကျန်းမာသည်၊ သန်စွမ်းသည်၊ စိတ်ဓါတ်ကြံခိုင်မှူရှိသည်ဟု ယုံကြည်ကြ၏။

ထို့အတူသစ်ပင်သီးနှံတို့တွင်လည်း၎င်းတို့ကိုကာကွယ်စောင့်ရှောက်သောဝိညာဉ်ရှိသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် အပင်တို့ ကိုစောင့်ရှောက်သော နတ်ဟုဆိုနိုင်သော ရုက္ခစိုးနတ်ကောင်းနတ်မြတ်တို့ ရှိသည်ဟု ယုံကြည်ကြ သည်။ ထိုနည်းအတူ တောင်ယာတွင် တောင်ယာကို စောင့်ရှောက်သောနတ်၊ လယ်မြေကို စောင့်ရှောက်သောနတ်များအပြင် လူနေအိမ်တွင် အိမ်ကိုစောင့်ရှောက်သောနတ်ဟူ၍ ရှိသည်ကို ယုံကြည်ကြသည်။

ကရင်၏ မူလဇာစ်မြစ် (၃)

ကရင်၏ မူလဇာစ်မြစ်

 (၃) ကရင်လူမျိုး၏ မူလဇာစ်မြစ် (၃) သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) karen-womanမြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.) ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။ အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.) ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။ မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍ အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေ ယဉ်ကျေးလာရမည်သာ ဖြစ်သည်။ ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက် အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူ ယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင် ဖြစ်သည်။ မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ … ၁။ တာတာ (Tartar) ၂။ နေမဲန် (Naimans) ၃။ ခါဂစ် (Kirghiz) ၄။ ၀ီဂူးဝါး (Uighurs) ၅။ ဟန်း (Huns) ၆။ ကစ်ပ်ကက် (Kipchaks) ၇။ ကရေ (Karaits) စသဖြင့် သိရသည်။


ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)

ကရင်လူမျိုး၏ မူလဇာစ်မြစ်

 (၂) ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂) သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) karen-manကမ္ဘာ့လူမျိုးနွယ်များ ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ ၁။ အသားမည်း အနွယ် Negaroid နီဂရွိုက် ၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက် ၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။ နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။ ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။ ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။ မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ် အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။ သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။) လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။


ကရင်လူမျိုး၏ မူလဇာစ်မြစ်

ကရင်လူမျိုး၏ မူလဇာစ်မြစ် ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁) သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) karen-womans-costumeနိဒါန်း ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။ ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။ ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။ ကရင်ဟူသော အမည် ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။ ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။ ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။ ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။


Sunday, May 5, 2013

ချင်း လူမျိုးတို့၏ သမိုင်းရာဇာဝင် အကျဉ်း

ချင်း သမိုင်း ချင်းဟူသော အမည်နာမ : ချင်းဟူသော အမည်နာမကို အစဦးကတည်းက ချင်းတို့ကိုယ်တိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ ကချင်လူ မျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ချင်းလူမျိုးတို့၏ ချင်းလူမျိုးဆိုင်ရာ နှုတ်ရာဇ၀င်တွင် ချင်းနှင့် ကချင်သည် မွေးချင်းညီအကိုများဖြစ်ကြပြီး တရုတ်ပြည်မှတဆင့် ဟူကောင်းတောင်ကြားမှသည် ဗမာပြည်ထဲသို့ဝင်ရောက်လာခဲ့စဉ်က ညီဖြစ် သူ ကချင်သည် အလေးသွားနေခိုက် အကိုဖြစ်သူ ချင်း သည် ညီကို မစောင့်ပဲ ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင် တောငှက်ပျောပင်ကို ခုတ်ဖြတ်ခဲ့သည်။ ညီဖြစ်သူ က အကို ဖြတ်ခဲ့သော ငှက်ပျောအူတိုင် အတော်အတန် ထွက်လာသည်ကို ကြည့်ပြီး အကို့ကို မှီနိုင် တော့မှာ မဟုတ်ဟု ဆိုပြီး ကချင်ပြည်တွင် နေရစ်သွားခဲ့သည်။ အကိုဖြစ်သူ၏ ခြေရာ ကိုကြည့်ပြီး Khang (ခြေရာ)ဟု ခေါ်ဆိုခဲ့သည်။ ကချင်တို့သည် အိမ်ဆောက်လျှင် အိမ်ရှေ့ခန်းတွင် အခန်းတခုသီးသန့် ဖွဲ့စည်း ခဲ့ကြ သည်။ အဓိပ္ပါယ်မှာ အကိုဖြစ်သူ ပြန်လာလျှင် နေထိုင်ရန်အတွက်ဖြစ်သည်။ စာရေးဆရာ (G.H luce)က ဗမာနှင့် သက်၊ ရှမ်းစသည်တို့ စစ်ဖြစ်စဉ် ချင်းလူမျိုးများနှင့် မိတ်ဖွဲ့ ဆက်ဆံဘွယ်ရှိခဲ့ကြသည်။ ထို့ကြောင့် ချင်းဆို သည်မှာ ကျနော် တို့ဗမာနှင့် အချင်းချင်း၊ သူငယ် ချင်းဖြစ်သည်ဟု ဆိုရာမှ ချင်းဖြစ် လာသည်ဟု ဆိုသည်။ ၁၅၅၄ ခုနှစ်၊ မဏိပူရ် မှတ်တမ်းတွင် ချင်းတို့ကို ကူကီးဟုရေးသားထားသည်ကို တွေ့ရသည်။ Carry & Tuck ၏ မှတ်တမ်းအရ ချင်းအမည်နာမသည် တရုတ်ဘာ သာစာကား “လူ”ဟု အဓိပ္ပါယ်ရသည့် Jim or Jen ကို ဗမာလူမျိုးများ က“ချင်း”ဟု အသံထွက် ခေါ်ဆိုခြင်း ဖြစ်သည်။ ချင်းတွင်းမြစ်သည် ချင်းတို့ နေထိုင် ရာဒေသ ဖြစ်သည့်အတွက် ချင်းတွင်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ် သည်။ ၁၁ ရာစုမတိုင်မှီ ဗမာ့ ကျောက်စာ များတွင် ချင်းအမည် နာမကို ရှင်းလင်းစွာ အသုံးပြုခဲ့ သည့် အထောက် အထားခိုင်မာစွာ တွေ့ရှိနိုင်သည်။ ၁၈၉၆ ခုနှစ် ဗြိတိသျှက သိမ်းပိုက်အုပ်ချုပ်ခြင်းမပြုမှီ Chin-Kuki Lingustic People ဘာသာစကား လေ့လာသော သုသေသီများက ချင်း Chin သတ်ပုံအပြောင်းအလဲကို Khyeng, Khang, Khlang, Khyang, Khyan, Kiayn, Chiang, Chi’en, Chien ဟူ၍ ဆိုကြသည်။ အေဒီ ၁၇၈၃-၁၇၉၆ အတွင်း ဗမာပြည်တွင် ကာသိုလိပ် မစ်ရှင်အဖြစ် ရောက်ရှိလာသောFather Sangermomo က ချင်းကို Chien အဖြစ်ပေါင်းပြီး Chin Hill ကို Chien Mountain ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ၁၈၂၆ ခုနှစ်တွင် ရှိတ်စပီးယားကမူ ချင်းကို Kiayn ဟူ၍၎င်း၊ ၁၈၂၄-၁၈၂၆ ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်အတွင်း Histroy of Burma ပြုစု သည့် စာရေးဆရာ Phayer က ချင်းတွင်းကို Khyendweng ဟူ၍၎င်း၊ ၁၈၉၁ တွင် Major Hughes က ၎င်း၏စစ်ရေးအစီရင်ခံစာတွင် Chin ဟူသော စကားလုံးကို ပထမဆုံးအသုံြးုပခဲ့ သည်။ ထို့နောက် A.G.E New Land ကလည်း ၎င်း၏စာ အုပ်တွင် “ချင်း”ဟူ၍ ရေးသားခဲ့သည်။ ဒေါက်တာ လျန်မှုန်းဆာ ခေါင်းသည် ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciim Nuai)ဒေသတွင် နေ ထိုင်ကြသူ များကို ဇိုမီးချင်း၊ Locom ဒေသတွင် နေ ထိုင်ကြသူများကို Lusei၊ Lailun ဒေသတွင် နေ ထိုင်ကြသူများကို Lai မျိုးနွယ်များ ဖြစ်လာကြ သည် ဟုရေးသားခဲ့သည်။ လက်ရှိ ချင်းလူမျိုး များအတွင် ဇိုမီး၊ လိုင်မီး၊ အရှို၊ ချိုး၊ ဇို စ သည့် အမည် နာမများ မပေါ်သေးမီ ချင်း အမည်သည် အမျိုးသား အမည်ဖြင့် ရပ်တည်ပြီးဖြစ်ကြောင်း Religion and Politics among the Chin People စာအုပ်တွင် အခိုင်အမာ ရေးသားခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့် DPI/1316-03025 November 1992-9M အရ ချင်းလူမျိုးသည် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများတွင် ပြန့်နှံ့နေထိုင်ကြပြီး


Friday, May 3, 2013

ကချင်ပြည်နယ် ထွက်ပယင်းအကြောင်းအနည်းအငယ်


ကချင်ပြည်နယ်ထွက်

 ပယင်း အထည့်မှာ အကောင်လေးတွေ့ပါတယ် ခြင်၊ ပျား၊ ပုရွက်ဆိတ်၊ ပင့်ကူ၊ သစ်ပင်ကသစ်စလေးတွေ လည်းပယင်းထဲမှာ ရှိနေတတ်ပါတယ်၊

 ပယင်းကို ကချင်လူမျိုးများ အမြတ်တနိုးနဲ့လက်ဝတ်ရတနာအဖြစ်လုပ်ပြီး ၀တ်ဆင်ကြပါတယ်၊ ပယင်းကို ကချင်ပြည်နယ် မြစ်ကြီးနား အနောက်မြောက်ဘက်၊

လီဒိုလမ်းတစ်လျောက်မှာ အများဆုံးတွေရှိနိုင်ပါတယ်၊ ၀ါရာဇွပ်၊ နန်းဖြူ၊စတဲ့ တနိုင်းလမ်းဘေးက ရွာတွေမှာတူးဖော်ကြပါတယ်၊

ပယင်းကို မြေကြီးအောက်ပေ (၂၀၀-၃၀၀)လောက်မှာ ရှာဖွေတူးဖော်ရခြင်းဖြစ်ပါတယ်၊

 မြေတွင်းထဲမှာ ပယင်းကိုတွေရှိပြီးဆိုရင်၊

ဒီအတိုင်း သယ်ဆောင်လာပြီး အပေါ်ကိုတင်လာလို့လည်း မဖြစ်ပါဘူး ဒီအတိုင်း သယ်ဆောင်လာရင် အပေါ်မရောက်ခင် ပယင်းဟာ အက်ကွဲကြောင်းတွေ ထလားပြီး ပျက်စီးသွားတတ်ပါတယ် ကျောက်လောက အဆိုအရ အနာများသွားတာပေါ့၊

 အပေါ်ကလေပိအားကြောင်း ကွဲအက်တာတွေ ဖြစ်ပေါ်လာတတ်ပါသည်။