ကချင်ပြည်နယ်ထွက်
ပယင်း အထည့်မှာ အကောင်လေးတွေ့ပါတယ် ခြင်၊ ပျား၊ ပုရွက်ဆိတ်၊ ပင့်ကူ၊ သစ်ပင်ကသစ်စလေးတွေ လည်းပယင်းထဲမှာ ရှိနေတတ်ပါတယ်၊
ပယင်းကို ကချင်လူမျိုးများ အမြတ်တနိုးနဲ့လက်ဝတ်ရတနာအဖြစ်လုပ်ပြီး ၀တ်ဆင်ကြပါတယ်၊ ပယင်းကို ကချင်ပြည်နယ် မြစ်ကြီးနား အနောက်မြောက်ဘက်၊
လီဒိုလမ်းတစ်လျောက်မှာ အများဆုံးတွေရှိနိုင်ပါတယ်၊ ၀ါရာဇွပ်၊ နန်းဖြူ၊စတဲ့ တနိုင်းလမ်းဘေးက ရွာတွေမှာတူးဖော်ကြပါတယ်၊
ပယင်းကို မြေကြီးအောက်ပေ (၂၀၀-၃၀၀)လောက်မှာ ရှာဖွေတူးဖော်ရခြင်းဖြစ်ပါတယ်၊
မြေတွင်းထဲမှာ ပယင်းကိုတွေရှိပြီးဆိုရင်၊
ဒီအတိုင်း သယ်ဆောင်လာပြီး အပေါ်ကိုတင်လာလို့လည်း မဖြစ်ပါဘူး ဒီအတိုင်း သယ်ဆောင်လာရင် အပေါ်မရောက်ခင် ပယင်းဟာ အက်ကွဲကြောင်းတွေ ထလားပြီး ပျက်စီးသွားတတ်ပါတယ် ကျောက်လောက အဆိုအရ အနာများသွားတာပေါ့၊
အပေါ်ကလေပိအားကြောင်း ကွဲအက်တာတွေ ဖြစ်ပေါ်လာတတ်ပါသည်။
ပယင်းကို တွေ့ရှိပြီးဆိုတာနဲ့ မြေအောက်မှာပဲ အ၀တ်စကို ရေစွတ်ပြီး ပယင်းကို ပတ်ရပါတယ် ခပ်ထူထူပတ်ပြီး အပေါ်ကို တင်ရပါတယ် ဒါဆိုအနာကင်းတဲ့ ပယင်း အမျိုးအစားကောင်းကို ရရှိမှာပါ သက်နုတဲ့ ပယင်းဆိုရင် ဒီဇယ်ရောင်ပေါက်နေတတ်ပါတယ်၊
မဲပြီးနေရောင်မှာထောင်ကြည်မှ အလင်းပေါက်တာကို တွေ့ရမှာပါ၊
ပယင်းမှာ အရောင်အသွေးစုံလှပါတယ် လိမ္မော်ရောင်အကြည်၊ အ၀ါရောင်အကြည်၊ ကြက်သွေးရောင်၊ ဖန်သားရောင်၊ ရွှေအိုရောင်၊ အနီရောင်အကြည်၊ တို့ဖြစ်ပြီး ဈေးနှူန်းကတော့ အကြည်သားတွေက ဈေးကောင်းပါတယ်၊ အနီရောင်အကြည်ကတော့ လူကြိုက်အများဆုံးပါ ပဲဆီသားလို့ခေါ်တဲ့ အ၀ါကြည်ကတော့ ဒုတိယတန်းစားလိုက်ပါတယ်၊
ပယင်းကို တနိုင်းဒေသကြီး(ဟူးကောင်းချိုင့်ဝှမ်း)အများအပြားတွေ့ရှိနိုင်ပြီး ကချင်လူမျိုးများထဲက လီးဆူးလူမျိုးများအများဆုံးလုပ်ကိုင်ကြပါတယ် သစ်မွှေးရှာခြင်းကိုလည်း လုပ်ကိုင်ကြပါတယ်၊ ဆွမ်ပရာဘွမ်၊ ခန္တီဘက်မှာ လည်းတွေ့ရှိနိုင်ပါတယ်၊ ပယင်းကို အဆောင်အဖြစ်ပန်းပုပုံဆန်း အမျိုးမျိုးထုလုပ်ပြီး ၀တ်ဆင်တတ်ကြပါတယ် ၊သစ်ပင်ရဲ့အစေးကနေ့စဉ်အစီးထွက်ကြရာကနေ နှစ်ပေါင်းသန်းချီလာတော့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တို့ အသွင်းကူးပြောင်းပြီး လူသားတို့ မက်မောတန်းဖိုးထားရသော ပယင်းအဖြစ်သို့ ရောက်ရှိလာပါတော့တယ်။
စောမင်းဖြူ
No comments :
Post a Comment
Note: Only a member of this blog may post a comment.