Monday, July 29, 2013
“ဒီမိုကရေစီပြောင်းပြန်”။ (၁၉၅၈)
ကချင်ပြည်နယ် ၀န်ကြီးဟောင်း ဦး ဇန်ထာရှင်
ပင်လုံစာချုပ်အားဖြင့် ပြည်ထောင်စုမြန်မာ နိုင်ငံကိုထူထောင် ခဲ့သည့် (၁၁) နှစ်ကာလတွင်
 ယင်းစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့်
ချင်းဝိသေသတိုင်း တို့ သည် ၄င်း၊ 
၁၉၅၄ တွင် ပြည်ထောင်စု ၀င် ပြည်နယ် တခုဖြစ်လာသော ကရင်ပြည်နယ် သည် ၄င်း မိမိတို့
 ပြည်သူများ ၏
 လွတ်လပ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီ ရေး မျှော်မှန်းချက်များ ကို အမှန်တကယ်ခံ
စားရရှိကြသလား? 
လွတ်လပ်ရေး ကိုအလျင်အမြန်ရလို၍ ပြည်ထောင်စု မြန်မာနိုင်ငံ တွင် ပါဝင် ပူးပေါင်း ခဲ့ပြီး
 ပြည်ထောင်စု ၀င်
 ပြည်နယ် များ အဖြစ် ပင်လုံ စာချုပ် နှင့် အညီ ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့် အပြည့် အ၀ ရရှိခဲ့
 ကြသလား၊
 ပြည်ထောင်စုထဲ တွင် ဂုဏ်သိက္ခာ ရှိရှိ မိမိတို့ ကြမ္မာ ကိုမိမိ တို့ ဖန်တီးနိုင်ခဲ့ကြသလား။
 ပြည်နယ်များသည်
 ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် လည်း မရှိခဲ့၊ မိမိတို့ကြမ္မာ ကိုလည်းမိမိတို့ ဖန်တီးခွင့်လည်းမရခဲ့ ကြ၊
 မိမိ တို့၏ အမျိုးသား
 ဂုဏ်သိက္ခာ တို့ ညှိးနွမ်းခဲ့ကြရသည်သာမက ပြည်နယ်များ တွင် ဒီမိုကရေစီ ပါဆိတ်သုဉ်း ခဲ့ရ
 ပြီး 
…… မည်သို့မည်ပုံ ဒီမိုကရေစီ ဆိတ်သုဉ်း ခဲ့ ရပုံ ကို ကချင်ပြည်နယ် ၀န်ကြီး ဦး ဇန်ထာရှင်က
 သူ၏ 
”ဒီမိုကရေစီပြောင်းပြန်” စာအုပ်တွင် ဖေါ်ထုတ်ခဲ့ပါသည်။ ဦးဇန်ထာရှင် က နိဒါန်း ကိုရေးသား
ရာတွင်
 “….. ဒီမိုကရေစီ ကိုချစ်မြတ်နိုး၍ ပြည်ထောင်စုကြီး ကိုတည်တန့် ခိုင်မြဲစေလိုသော
 ပြည်ထောင်စုသား 
တယောက်အနေနှင့်ဒီမိုကရေစီ ကို ပြည်ထောင်စု တ၀ှမ်းလုံး၊ လှည်းနေလှေအောင်း၊
 မြင်းဇောင်းမကျန် အပြည့်
 အ၀ပေးနိုင်သောအစိုးရကောင်း တိုင်းပြည်ခေါင်းဆောင်ကောင်း ကိုမျှော်မှန်းတမ်းတလျက်၊
 ပြည်ထောင်စုသူ
 ပြည်ထောင်စုသား တိုင်းအား အကူအညီတောင်းခံ ရခြင်း ဖြစ်ပါသတည်း “ ဟူ၍
အဆုံးသပ်ထားပါသည်။ လွတ်လပ်စ ထူထောင်စ ပြည်ထောင်စုမြန်မာနိုင်ငံ မှာ ကချင်ပြည်နယ်
ဘာတွေ ကိုယ်တွေ့ကြုံခဲ့ရပြီး ခေါင်းဆောင်လုပ်သူတွေက ဘာတွေများ၊ 
ဘယ်လိုမှားခဲ့ကြတာလဲ ဆိုတာ ကို ဒီစာ 
အုပ်ကိုဖတ်ခြင်းအားဖြင့် သိရှိ ကြ ရမှာ ဖြစ်ပါသည်။ လူသည်မှား တတ်ပါသည်၊ နိုင်ငံရေး
 သမား 
တို့လည်း အမှား နှင့်
 ကင်းကြမည်မဟုတ်ပါ။ ၀န်ကြီးချုပ် ဦးနု ၏ ပြည်နယ်တွေအပေါ်မှာ သဘောထား များသည်
 သာမန် ပုထုဇဉ်လူသား 
မို့ မှားတတ် သည့် အမှားမျိုးမဟုတ်ပဲ၊ မှား မှန်း သိသိ နှင့် ပြုလုပ် ကျူးလွန်ခဲ့သည့် ဒီမိုကရေစီ
 စနစ် ကို
 ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သည့် လုပ်ရပ်များဖြစ်ကြောင်း တွေ့ရှိရပေမည်။ ဒီမိုကရေစီ
 နိုင်ငံကိုထူထောင်စ 
ကာလ နုနယ်နေသေးသော ပြည်ထောင်စုမြန်မာနိုင်ငံ ၏ သမိုင်း အစမှာတင် တာဝန်ယူ
 ခေါင်းဆောင်လုပ်သူ က 
ဒီမိုကရေစီ ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်မှု မပြုခဲ့ပဲ အထူးသဖြင့် ပြည်နယ်များ တွင် 
ဒီမိုကရေစီ 
ဆိတ်သုန်းအောင်ဆောင်ရွက် ကာ ဒီမိုကရေစီ ၏ အကိုင်းအခက်များကို မြှစ်ချိုးချိုးခဲ့ သည်မှာ
 နောင်တွင်
 ဗိုလ်ချုပ်နေ၀င်း နှင့် အပေါင်းပါ တို့ စစ် အာဏာ ဖြင့် တက်လာပြီး ဦးနု အပါအ၀င် 
အရပ်သားအစိုးရ တခုလုံးကို သူ၏ 
စစ်ဖိနပ်အောင်တွင် ပြားပြား ၀တ်နေအောင်နင်းခြေကာ ဒီမိုကရေစိကို အမြစ်ကပါလှန်လှော်၊
 ခုတ်လှဲဖျက်စီး
 သည်အထိဆိုးဆိုး ၀ါးဝါး ဖြစ်လာရန် လမ်း စဖွင့်ပေးသည်နှင့် အတူတူ ပင် ဖြစ်လေတော့ သည်။
 တိုင်းပြည် ကို 
တပြည်ထောင်အာဏာရှင်စနစ်မှသည် တပါတီအာဏာ ရှင်စနစ်ဆီသို့ တွန်းပို့သည် အထိ 
မိုက်တွင်း 
နက်လာကြသည်။
လွတ်လပ်ရေး ရပြီ ၄- ၅ နှစ် ကာလ ၁၉၅၁- ၁၉၅၂ တွင် လွတ်လပ်စ ပြည်ထောင်စု မြန်မာ
 နိုင်ငံ 
၏ ပထမဦးဆုံး
အထွေထွေရွေးကောာက် ပွဲ ရလဒ်များ အပေါ် ပါလီမန် ဒီမိုကရေစီ ခေတ်ဟု
 အားလုံးနားလည်သည့် ဖဆပလ
 ခေတ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ၀န်ကြီးချုပ် ဦးနု က မည်သို့သဘောထား ခဲ့သနည်း။ 
ဗမာပြည်မ တွင် 
ဒီမိုကရေစီ ၏ သဘော အလိုအရ ဖဆပလ မှ မဲအများဆုံး ရ၍ အစိုးရ ဖွဲ့နိုင်ခဲ့ သော်လည်း 
ကချင်ပြည်နယ်တွင် မဲ 
အများဆုံးရခဲ့ သော Kachin National Congress ကို ပြည်နယ် အစိုးရဖွဲ့ ရန်ဖြစ် သော်လည်း
 ကချင်ပြည်နယ်
 ကောင်စီ ဥက္ကဌ ခန့်ထားရာတွင် ဦးနုက KNC ထက် အမတ်နေရာနဲသည့် သူတဦးကို
 သူ့စိတ်ကြိုက်
 ခန့်အပ်ခဲ့သည်။ အမတ် နေရာ အများဆုံးရသည့် KNC မှာမူ ကချင်းပြည်နယ်တွင်
 အတိုက်အခံဘ၀တွင်နေခဲ့ 
ရသည်။ KNC အတွင်းစိတ်ဝမ်းကွဲမှုများဖြစ်ပွားစေခဲ့သည်။ ဒီမိုကရေစီ ကို ပြည်နယ်တွေမှာ
 ပြောင်းပြန်လှန်ခဲ့တာဖြစ်ပြီး စတင်တောက်လောင်နေပြီ ဖြစ်တဲ့ ပြည်တွင်းစစ်မီး ကို 
မီးလောင်ရာလေပင့် လိုက်တာနဲ့ 
အတူတူပဲဖြစ်ပါတယ်။ အဲ ဒီ အချိန် အထိ ကချင်ပြည်သူ တို့ ဟာ ပြည်ထောင်စု 
တည်တန့်ခိုင်မြဲရေး ကိုရှေ့ထားပြီး
 ဆူပူမှုတွေ မလုပ်ခဲ့ကြပါ။
လူမျိုးပေါင်း စုံ မှီတင်းနေထိုင်ကြသည့်  ပြည်ထောင်စု မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီ ၏ အနာဂတ် သည် 
စတင်ကြမ္မာငင် ခဲ့ သည့် သမိုင်း အစပဲဖြစ်ပေသည်။ ချင်းဝိသေသတိုင်းတွင်လည်း မဲအများဆုံးရသည့်အမတ်ကို
 ချင်းရေးရာဝန်ကြီးအဖြစ် မခန့် ပဲ၊ မဲ အနည်းငယ်သာရသည့် အမတ် တဦး ကိုတဇွတ်ထိုးခန်ခဲ့ သဖြင့်
 ပြဿနာတက်ခဲ့ ကြရသည်။ မဲအနိုင်ရခဲ့သည့် Chin National Congress အတွင်းတွင်လည်း
 စိတ်ဝမ်းများကွဲခဲ့ကြသည်။ ကရင်ပြည်နယ် တွင် လည်း မဲအနိုင်ရသူကို အခြေခံဥပဒေနှင့် အညီ ပြည်နယ်ဝန်ကြီး
 မခန့်ပဲ ကရင်ပြည်နယ် မှမဟုတ်သည့် မြစ်ဝကျွန်းပေါ်မှ သူ့စိတ်ကြိုက် ကရင် အမတ်တဦး ကို ခန့်ခဲ့ ၍ ပြဿနာ
 တက်ခဲ့ ရသည်။ ဤသို့ဖြင့် ညီညွတ်သောပြည်နယ်များ ကို ညီညွတ်မှုပျက်ပြားစေခဲ့ ပြီး၊ ပြည်မအတွက်ကတော့
 ဒီမိုကရေစီနည်း နှင့် ရွေးကောက်စေပြီး ပြည်နယ်တွေအပေါ် မှာ တော့ တပြည်ထောင် အာဏာရှင်
 မင်းတရားကြီးပမာ ပြုကျင့်ခဲ့သည်။ ထိုသို့ ဒီမိုကရေစီ ကို မြှစ်ချိုးချိုး ခံရတိုင်း တိုင်းရင်းသား များ ကဒီမိုကရေစီ နှ
င့်ဆန့်ကျင်နေကြောင်းထောက်ပြခဲ့ကြသည်။ ဘာမှမထူးခဲ့ပါ။ နောက်ဆုံးတွင် တရားလွတ်တော်ချုပ်သို့ 
အဆုံးအဖြတ် တောင်းသည့် အဖြစ်ထိရောက်ခဲဘူးသည်။ ပြည်နယ်ဝန် ကြီးခန့်ထားရာတွင် အခြေခံဥပဒေ အရ 
ဝန်ကြီးချုပ်သည် ပြည်နယ်ကောင်စီ နှင့် ညှိနှိုင်းရမည်ဖြစ်သော်လည်း ပြည်နယ်ကောင်စီ နှင့် ညှိနိုင်းခြင်းမရှိ မိမိ 
အလိုကျသာခန့်အပ်နေသည့်ကိစ္စ ကို တရားလွှတ်တော်ချုပ်က ၀န်ကြီးချုပ်ဖက်တွင်ရပ် ကာ 
ဝန်ကြီးချုပ်၏လုပ်ရပ်သည် ဥပဒေ နှင့် မဆန့်ကျင်ကြောင်း ကာကွယ်ပေးခဲ့သည်။ ပြည်နယ်ဝန်ကြီးခန့်ထားရာတွက်
 ပြည်နယ်ကောင်စီ နှင့် ညှိနှိုင်းရမည် ဟု အတိအလင်းရေးထားသည့် အခြေခံဥပဒေ ကိုပင် တရားလွှတ်တော်ချုပ်က
 သမာဓိ ရှိရှိ မကာကွယ် ခဲ့ပေ။ ၀န်ကြီးချုပ်သည် တရား လွှတ်တော်ချုပ် အပေါ် ယနေ့ နအဖ စစ်အာဏာရှင်များ နှင့်
 မခြား မနား၊ မတရားသဖြင့် သြဇာပေးနေကြောင်းထင်ရှားနေပါသည်။ လွတ်လပ်စွာ တည်ရှိကြရပြီး၊ တခု နှင့် တခု 
အပြန် အလှန် ထိမ်း ညှိကြရမည်ဖြစ်သော ဒီမိုကရေစီ ၏ မဏ္ဍိုင်ကြီး (၃) ခု အနက် တရားရေး မဏ္ဍိုင် သည် လည်း 
ဒိနေ့ နအဖ ခေတ်နည်းတူ လွတ်လပ်မှု မရှိခဲ့ ကြောင်း ဤ အဖြစ်အပျက် အားဖြင့် သက်သေထူနိုင်ပါသည်။
၁၉၅၇ ခုနှစ် ဖဆပလ နှစ်ခြမ်းကွဲသော အခါတွင် ပို၍ ဆိုးဝါးစွာ ဒီမိုကရေစီကိုပြောင်းပြန်လှန်ခဲ့သည်။
 ကချင် နှင့် ကရင်ပြည်နယ်တွင် လူနဲစုမဲ ကိုသာ ရသော နု-တင်ဖက် ကအမတ်များ ကို ၀န်ကြီးချုပ်အာဏာ သုံးကာ
 ပြည်နယ်ဥက္ကဌ တင်ခဲ့သည်။ ကချင်ပြည်နယ်ကောင်စီ အစည်းအဝေးကိုလည်း ဦးနုက သူ့နေအိမ်တွင်
 ကျင်းပခိုင်းရာ၊ နယ်ချဲ့ကိုလိုနီခေတ် က နယ်ခြားဒေသ အုပ်စိုးသူများကို အင်္ဂလိပ် ဘုရင်ခံ၏ အတိုင်ပင်ခံ သာသာ 
အဆင့်သာရှိခဲ့ သဖြင့် ဤသည်ကိုမလိုလား၍ လွတ်လပ်ရေးယူခါ မှ အခုလည်း ၀န်ကြီးချုပ် ဦးနုသည် သူ့ကိုယ်သူ
 ကိုလိုနီ ခေတ် ဘုရင်ခံ ကြီးပမာ ပြုကျင့် လာကြောင်း စသည်ဖြင့် အသေးစိပ် ဖြစ်ရပ်များ ကို စာရေးသူက 
တိုင်းပြည်ကိုတင်ပြထားပါသည်။ ဦးနုသည် တိုင်းရင်းသား လူုမျိုး များ၏ ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့် များ ပါရှိသည့် 
ပင်လုံစာချုပ်ကို လည်း စိုးစည်း မျှ ထည့် မစဉ်းစားခဲ့ ရုံတင်မက၊ ပြည်နယ်များ ၏ အာဏာ အားလုံး ကို ပါ ရုတ်သိမ်း 
လိုသူဖြစ်ကြောင်း၊ ဖြစ်နိုင်လျင်ပြည်နယ်များကိုပါဖျက်သိမ်း လိုသူဖြစ်ပါကြောင်း စာရေးသူ ဦးဇန်ထာရှင် က သူ၏ 
ဒီမိုကရေစီပြောင်းပြန် စာအုပ်တွင် အပြည့်အစုံ ဖေါ်ထုတ်ရေးသားထားပါသည်။ ဤသည်မှာ ၀န်ကြီးချုပ်ဟောင်းဦးနု 
၏ ဖုံးကွယ်၍ မရသော နိုင်ငံရေး အားနဲချက်များ ဖြစ်ပါသည်။
ဦးနု ကိုယ် တိုင်က ပြောဘူးသည်။ လွတ်တော်အမတ်တဦး က အမေရိကန်ကို 
စစ်ကြေညာဖို့အဆိုတင်သွင်းလာသဖြင့်၊ အမေရိကန်ကို စစ်ကြေညာလျင် မြန်မာနိုင်ငံသည်
 ဖွတ်ဖွတ်ကြေသွားနိုင်ကြောင်းပြောပြရာ၊ “အနည်းဆုံး စတိလောက်တော့ ကြေညာ သင့်ကြောင်း၊ ထိုအမတ်
 ကထပ်ပြောကြောင်း” နှင့် ပါလီမန် တွင် “ဖိုး သုံည” တွေ အများကြီး ရှိကြောင်းမှတ်ချက်ချဘူး ၏။ ၀န်ကြီး
 ချုပ်ကိုယ်တိုင် လည်း သူပြောသော “ဖိုးသုံည” ထဲတွင် ပါနေလေရော့သလား၊ မေးစရာဖြစ်လာရသည်။ ဥပဒေ
 ထုတ်တော့ တခြား၊ လုပ်တော့ တမျိုး ထင်ရာစိုင်းပြုမူနေကြသည့် ယနေ့ ခေတ် န၀တ / နအဖ စစ်အာဏာ ရှင်တို့
 ၏ ရှေ့ပြေးလမ်း ပြ တဦးပေလား၊ မေးစရာဖြစ်လာရသည်။
မည်သို့ပင်ဖြစ်စေ “ဒီမိုကရေစီ ပြောင်းပြန်“ ကို ဦးဇန်ထာရှင်က ရေးသား ခဲ့သည်မှာ ၁၉၅၈ 
ခုနှစ်တွင်ရေးသားထားခြင်းဖြစ်သဖြင့် လွတ်လပ်ရေးရပြီး (၁၁) နှစ်တာကာလ အတွေ့ အကြုံများ ကို
 ခြေခံထားခြင်းဖြစ်ကြောင်း သတိမူကြရပေမည်။ ၁၉၅၈ နောက်ပိုင်း သမိုင်း အဖြစ်အပျက် များ နှင့် အတူ
 နှောင်းခေတ်လူငယ်မျိုးဆက်သစ်တို့ အနေ နှင့် ချိန်ထိုး ကြည့်ရန်လည်း လိုပါလိမ့်မည်။ ၀န်ကြီးချုပ်ဟောင်း ဦးနု
 သည် တပြည်ထောင်စနစ် ကို ပိုင်ပိုင်နိုင်နိုင် အသုံးချခဲ့သည်မှာ မှန်သော်လည်း ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေ တို့ နှင့်
 မတူညီ သည့် အချက် များ အမြောက်အများ ရှိနေသည် ကို မမေ့အပ်ပေ။ ၀န်ကြီးချုပ်ဟောင်း ဦးနု သည် ဖဆပလ
 ခေတ် တွင် တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင် ခဲ့ သည့် လုပ်ရပ်များ အမြောက်အမြား ရှိခဲ့ပါသည်။
 ဤ အကြောင်းတို့ကို သူ၏ တာတေ စနေသား စာအုပ်တွင် အထင်အရှား ဖတ်ရှု နိုင်ပါသည်။ တဖက်တွင်မူ 
ဖဆပလ ခေတ် နှင့် မဆလ၊ နအဖ ခေတ် ကို နှိုင်း ယဉ်ကြည့် ပါက ဖဆပလ ခေတ်တွင် ပြည်သူ တို့ ၏ ပညာရေး၊
 ကျမ္မာရေး၊ စီးပွားရေး အစစ အရာရာ တွင် စစ်အာဏာရှင်တို့ခေတ်ထက် အဆမတန် သာလွန်ကောင်း မွန်အောင်
 ဆောင်ရွက် နိုင် ခဲ့ကြောင်း အရှိကိုအရှိ အတိုင်း မှတ်တမ်းတင်ကြရမည်သာဖြစ်ပါသည်။ ထိုခေတ်ထိုအချိန်အခါ တွင်
 တိုင်းပြည်သည် အာရှ နိုင်ငံ များ အကြားတွင် မနိမ့် ကျခဲ့ပါ။ ဦးနုသည် တပြည်ထောင် မင်းတရားကြီး ပမာပြုကျင့် 
ခဲ့၍ တိုင်းရင်းသား လူမျိုးများ ၏ နစ်နာချက်များ၊ မကြေနပ်ချက်များ သည် တားမနိုင်၊ ဆီးမရအောင် များပြားလာခဲ့ 
ပြီး၊ တိုင်းပြည်၏ အခြေခံဥပဒေ ကို ပင်လုံစာချုပ် နှင့် အညီ ဖက်ဒရယ်လ်ပြည်ထောင်စု အသွင်သို့ ပြင်ဆင်ရန်
 အတွက် ပြည်နယ်များ က အရေးဆိုလာသောအခါတွင် ၀န်ကြီးချုပ်ဟောင်း ဦးနု သည် အာဏာရှင် ဆန်ဆန်ြ
ပုကျင့်ကာ တားဆီးပိတ်ပင်ခြင်းမပြုလုပ်ခဲ့ပဲ၊ ပါလီမန်လွှတ်တော် တွင်ဖက်ဒရယ်လ် နှီးနှောဖလှယ်ပွဲကို ပြုလုပ်ရန် 
ဝန်မလေးခဲ့ပါ။ ဗိုလ်ချုပ်နေ၀င်း မှ အာဏာ မသိမ်း ခဲ့လျင် တိုင်းပြည်၏ ကံကြမ္မာသည် 
ပိုမိုကောင်းမွန်လာနိုင်သေးသည်၊ ဖက်ဒရယ်လ်ပြည်ထောင်စု လမ်းပေါ် သို့ ပြန်လည်တည့် မတ်နိုင်ခဲ့မည်၊ 
စစ်မှန်သော စည်း လုံး မှု နှင့် ခိုင်မာတည်တန့်သော ပြည်တွင်း ငြိမ်းချမ်းရေး ကိုလည်း တည်ဆောက်နိုင်ခဲ့
 မည်ဖြစ်သည်။ တိုင်းပြည်သည်လည်း ဒီထက်မကတိုးတက်စရာသာ ရှိ ကြောင်း သုံးသပ်ရပေမည်။ ဗိုလ်နေ ၀င်း
 အာဏာ မသိမ်းခဲ့လျင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ မူလရည်မှန်း ခဲ့ကြသော ဗမာ 
အပါအ၀င် လူမျိုးပေါင်းစုံ ပြည်သူတို့ ချစ်ချစ် ခင်ခင်ခင် စည်းစည်း လုံးလုံး တန်းတူရည်တူ နေထိုင်ကြသည့် 
သာယာငြိမ်းချမ်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ လူ့ဘောင် ကြီး ကို အတူ တကွ 
ထူထောင်ဖြစ်ခဲ့ကြမည်ဖြစ်ကြောင်း အကောင်းမြင်ရှုထောင့်မှ သုံးသပ်ကြရပေမည်။
                                                          vansangva အမြင့်ပျံငှက်များအဖွဲ့
No comments :
Post a Comment
Note: Only a member of this blog may post a comment.