ရှမ်းတိုင်းဌာနေများ တည်ထောင်ခြင်းနှင့် ပတ်သက်၍ သမိုင်း အထောက်အထားများစွာ ရှိခဲ့ရာ
ယ္ခု ကျွန်တော်သည် ကချင်ပြည်နယ် မိုးညှင်းမြိုနယ် ဘီလူမြို့သမိုင်း စာအုပ်မှ မောရှမ်း နှင့်
ရှမ်းမြန်မာခေါ် တိုင်းလိုင်း ရှေ့ဟောင်း ရှမ်းသမိုင်း စာအုပ်များမှ ထုတ်နုတ်၍ မြန်မာဘာသာသို
ပြန်ဆိုထားသော သမိုင်းဝင် ရွှေဘုံသာ ဘုရားသမိုင်း စာအုပ်တွင် ပါဝင်သော ရှမ်းသမိုင်း
မှတ်တမ်း အကျဉ်းကို ထုတ်နုတ် တင်ပြ လိုက်ပါတယ်။ ရှမ်းဘာသာ စကားကို မြန်မာသို့
ပြန်ဆိုရာတွင် အသံထွက် မှန်ကန်စွာ ပြန်ဆိုရန် မှာ မလွယ်ကူသောကြောင့် လွဲချော်မှုများကို
မေတ္တာရှေ့ထား၍ ပြင်ဆင်ဖတ်ရှုပေးပြီး လိုအပ်သည်များ ကိုလည်း ကူညီပြု့ပြင်ပေးနိုင်ပါတယ် ။
ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမှီ နှစ်ပေါင်း-၃၀၀ သောကာလက မဇ္ဖျိမဒေသ အိန္ဒိယပြည်
၌ ကောသလတိုင်းနှင့် ပဉ္စာလရာဇ်တိုင်းနှစ်တိုင်းကို အစိုးရသော မဉ္စာလရာဇ်မင်းသည်
ကပ္ပိလ၀တ် မင်းထံသို့ ရာဇတမန်တော်များကို စေလွှတ်ပြီးသော်၊ သ္မီးကညာတောင်းရမ်းခဲ့ရာ
ဇာတိမာန် ထက်လှ စွာသော ကပ္ပိလဝတ်မင်းသည်။ မခြေမငံသော စကားတို့ဖြင့်
ဆိုလိုက်သဖြင့် စစ်မက်ဖြစ်ပွားကြကုန်၏။ ထိုစစ်ပွဲတွင် ကပ္ပိလဝတ်၊ ဒေဝဒဟ၊ ကောလိယ၊
၃-ပြည်ထောင် ပူးပေါင်း၍ ပဉ္စာလရာဇ်မင်းနှင့် စစ်ပြိုင်ကြလေသော်
၃-ပြည်ထောင်သောမင်းတို့သည် အရှုံးကြီးရှုံးကာ ကပ္ပိလဝတ်ပြည်မှ အဘိရာဇာ မည်သော
သာကီဝင်မင်းသည် မိမိဗိုလ်ခြေ အလုံးအရင်းနှင့် အိန္ဒိယနိုင်ငံမှ ထွတ်ခွာခဲ့ပြီးလျှင် မြန်မာနိုင်ငံ
အတွင်းသို့ ဗြဟ္မပုတ္တရမြစ်ကြောင်း စုန်ဆင်းပြီးလျှင် ကသာခရိုင် အတွင်းရှိသောတကောင်း
ရာဇဋ္ဌာနီ မင်းနေပြည်တော်ကြီးကို၊ အစအဦးတည်ထောင်စံမြန်း လျှက်အဘိရာဇာမင်းဆက်
၃၃-ဆက် မြောက်သော အဘိန္နကမင်းလက်ထက်တွင် ဂန္ဓာရာဇ်တိုင်း တာရ်တာ သို့မဟုတ်
တာလီးရှမ်းတရုပ် လူမျိုးတို့ ဝင်ရောက်တိုက်ခိုက်လုယက်ဖျက်ခြင်းကြောင့် ပဋ္ဌမတကောင်း
ပျက်စီးကွယ်ပျောက်ခဲ့လေ သတည်း။
သင်္ဃဿရဋ္ဌမည်သော ပဋ္ဌမတကောင်းပြည်ကြီး ပျက်စီးလေလျှင် အဘိန္နကမင်းကြီးသည်
စုရုံးမိသမျှသော မိမိဗိုလ်ခြေအလုံးအရင်းနှင့် မန်လည်ချောင် သို့မဟုတ်
မဲဇာချောင်သို့ဝင်၍နေတော်မူ၏။ ထိုအရပ်တွင် အဘိန္နကမင်းကြီးကံတော် ကုန်လေသော်
ဗိုလ်ပါအလုံးအရင်းတို့သည် သုံးစုကွဲလေ၏။ တစုလူတို့ကား အရှေ့မျက်နှာတွင် မောရှမ်း ၉-
ခရိုင်၊ သို့မဟုတ် ၉-ပြည်ထောင် တည်ထောင်ကာ နေကြ၏။ ထိုကမှစ၍
မောရှမ်းစော်ဘွားတို့သည် အဘိန္နကမင်းမျိုးမျ ဆင်းသက် လာကြခြင်းဖြစ်လေသည်။
တစုလူတို့ကား ဧရာဝတီမြစ်ကြောင်းကို စုန်ဆငိးခဲ့ပြီးပြုကမ်းယံသက်တို့အရပ်တွင်
ကံရာဇာကြီး၏ သားတော်ဖြစ်သော မုဒုစိတ္တမှဆင်းသက်လာသည်၊ သာကီဝင်မင်းတို့နေရာ
သုနာပရန္တတိုင်းသို့ ဝင်ကြလေ၏။
တစုလူတို့သည် မိဖုရားကြီးနာဂဆိန်နှင့်နေမြဲမာန်လည်ချောင်း၊ သို့မဟုတ် မဲဇာချောင်း၊ ဝဲ-
ယာဖြစ်သော ထီးချိုင့်၊
ချွန်းတောင်၊ မြတောင်၊ ဖလဲ၊ ကျောက်ပြင်သာ အစရှိသော ပဉ္စာလ ငါးမြို့တို့ကို
တည်ထောင်ကာနေ ကြလေသည်။
မှန်နန်းရာဇဝင်တွင် လူတစုတို့သည် မိဘုရားကြီး နာဂဆိန်နှင့် မန်လည်ချောင်းတွင်
ဝင်၍နေပြီးသော် ဒုတိယတကောင်းမြို့ကို ထပ်မံတည်ထောင်သည်ဟု ဆိုသည်။
မောရှမ်း(၉)ပြည်ထောင်၊ သို့မဟုတ် (၁၉) ခရိုင် တည်ထောင်ခြင်း၊
အဘိန္နကမင်း၏ ညီတော် အလိန္ဒနမင်းသားသည် နောက်ပါအခြွေအရံတို့နှင့်
အရှေ့ဘက်မောရှမ်းများအရပ်ကို စည်းရုံးတော်မူပြီးလျှင်
မျြိ့ရွာတည်ပြီးစီမံအုပ်ချုပ်မင်းလုပ်ခဲ့ရာ၊ စည်ပင်ထွန်းကား လာခဲ့လေသည်။
မောရှမ်းအမျိုးမှ အလွန်လှပ ယဉ်ကျေးသော အမျိုးသ္မိး စောနန်းမွန်နှင့် စုံဖက်ပြီးလျှင် ရှေးဦးစွာ
တည်ထောင်သောမြို့ကို မောရှမ်းဘာသာဖြင့်ဝိမ်းဟိုတူအမည်တွင်လေသည်။
ဝိမ်း-မြို့၊ဟိုတူ-ရှေးဦးစွာတည်ထောင်ခြင်း။ ဝိမ်းဟိုတူ-ရှေးဦးစွာတည်ထောင်သောမြို့။
အလိန္ဒနမင်းတွင် သားတော်ကြီးစောခွန်လိပ်၊ သားတော်ငယ် စောခွန်ခမ်း ထွန်းကားပြီးသော်
ကံတော်ကုန်လေ သည်။ ခမည်းတော် ကံတော်ကုန်ပြီးသောနောက်တွင် နောင်တော်
စောခွန်လိပ်သည် ဝိမ်းဟိုတူမြို့ကို ဆက်ခံစိုးအုပ် မင်းလုပ်ပြီးသော်….ညီတော်စာခန်းကို မြို့ရွာ
ပြည်နယ် တည်ထောင် ရန် စေလွှတ်လိုက်လေသည်။
ညီတော် စောခွန်ခန်းသည် ဝိမ်းဟိုတူ၏ အရှေ့ဖက်တွင်မိန်းတိန်၊ မိန်းချိန်၊ မိန်းလင်း
တောင်ဘက်တွင် ဆီပေါ့၊
စံကား ကျိန်းဘောင်း ကျိန်းခမ်း မိန်းပွန် ယောင်တွေ၊ မိန်းပိုင်၊ အနောက်ဘက်တွင် စွန်ကိုး
မိန်းခွန် ကိုင်းလံ၊ မြောက်ဘက်တွင် မိန်းမော မိန်းဝမ်း မိန်းတီး စေဖန် အစရှိသော (၁၈)
မြို့တို့ကို တည်ထောင်လေသည်။
မောရှမ်းဘုရင် စောခွန်လိပ်တွင် ခွန်အိုက်ခန်း ခွန်ဆင်ဖ ဟူ၍ သားတော် ၂-ယောက်
ထွန်းကား၍၊ ညီတော်
စောခွန်ခန်းတွင် ခွန်ပေါင်ဖ ခွန်အောင်ခွာ စောခွန်လွန်း စောခွန်ဝန် စောခွန်လေး ခွန်ဆေလုံ
ဟူ၍ သားတော် ၆- ယောက် ထွန်းကားလေသည်။ မြို့ရွာတည်ထောင်ပြီးနောက်တွင် သားတော်
၈-ယောက် တို့အား ရှစ်ပြည်ထောင်(သို့) ရှစ်ခရိုင် ခွဲဝေပေးလေသည်။
ဝိန်းဟိုတူကို တပြည်ထောင်ထားပြီး၊ သားတော် ရှစ်ယောက် ရှစ်ပြည်ထောင်အားဖြင့်
ကိုးပြည်ထောင် သို့မဟုတ် ၁၉- ခရိုင်ဖြစ်ပေါ်လာလေသည်၊
သားတော်ရှစ်ယောက်တို့အားစော်ဘွားစား ခွဲဝေပေးပြီးနောက် တွင် နောင်တော်
စောခွန်ကွယ်လွန်ခဲ့၍၊ ညီတော် စောခွန်ခန်းသည် ဝိမ်းဟိုတူမြို့ကို ဆက်ခံစိုးအုပ်
မင်းပြုလေသည်။ သားတော်ရှစ်ယောက်တို့မှ နှစ်စဉ်အခွန်တော် တသိန်းဆက်သစေခြင်းဖြင့်
ဝိမ်းဟိုတူ အမည်မှ`ဝိမ်းဆင့်စီ` အမည်သို့ပြောင်းလာလေသည်။
ဝိမ်း-မြို့၊ ဆင့်စီ..တစ်သိန်း ဆက်သခြင်း။
ဝိမ်းဆင့်စီ- အခွန်တသိန်း ဆက်သရသောမြို့။
နှစ်ပရိစ္ဆေဒကြာညောင်းပြီးခတ်ပြောင်းလဲခဲ့ရာ၊
ပုဂံခေတ်နော်ရထာမင်းစောသြဇာကောင်းချိန်`၌မာရှမ်းမင်းဘဝမှစ်ာဘွားအဆင့်သို့သက်ဆင်းပြီး
၊ မြန်မာမင်းလက်အောက်ခံ မောရှမ်းပြည် စော်ဘွားများသာ ဖြစ်ကြလေသည်။ ဝိမ်းဆင့်စီကို
မြန်မာ့အသံဖြင့် `သိန္နီမြို့` ဟု ယခုတိုင် အမည်တွင်သည်။
ရာဇဂြိုင်္လ်ပြည်မှ နှင်ထုတ်လိုက်သော မင်းသားများ။ ရာဇဂြိုလ်ပြည်သည် ဂင်္ဂါမြစ်၏
မြောက်ဘက်ကမ်းတွင် တည်ရှိပါ၍ ပါဋလိပုတ်နှင့် အနောက်မြောက် ဖြစ်လေသည်။ ယခု
`ဂြဟရာဇ` အမည်တွင်လေသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာ သက္ကရာဇ် ၇၂-ခုနှစ်တွင် ရာဇဂြိုလ်ပြည်
ဘုရင် အဇာတသတ်မင်းမှ အဖသတ် (၅) ဆက်မြောက်သော နာရဒါသမင်းအား ပညာရှိ
မှူးတော်မတ်တော်အပေါင်းတို့သည် စုရုံးညီညွတ်ကြပြီးလျှင် အဆုံးစီရင်ကြပြီးသော်၊
ဝေသာလီပြည် လိစ္ဆဝီမင်းမျိုးမှ စစ်သူကြီးသုသုနာရအားတိုင်းပြည်အုပ်ချုပ်မင်းပြုပါရန်
ဘုရင်တင်မြောက် ကြလေ၏။ နာရဒါသမင်း၏ သားနော်များနှင့် ဆွေတော် မျိုးတော်နောက်ပါ
ကျေးကျွန်သင်း ပင်းတို့ကို ရာဇဂြိုလ်ပြည်မှ နှင်ထုတ်လိုက်ကြရာ၊ မြန်မာနိုင်ငံ အတွင်းသို့
အရှေ့ဘင်္ဂလား အာသံပြည် မဏိပူရ အမ်းတောင်ကြားလမ်းမှ၊ အနောက်ရိုးမခေါ်သော
ချင်းတောင်၊ နာဂတောင်များကို ဖြတ်ကျော်ပြီးလျှင် သာသနာ သက္ကရာဇ် ၇၃-တွင်
ရောက်ရှိလာလေသည်။
အဖသတ်မင်းမျိုး(၅)ဆက်မြောက်သော နာဂဒါသမင်း၏ သားတော်များမှာ ဇလဓိက၊ ဥပသိတ၊
ကဉ္စန ဟူ၍ မင်းသား ၃ ပါးဖြစ်လေသည်။ နောင်တော်ကြီး ဇလဋိကသည် နန်းကရီချောင်း
အေ၇ှ့ဘက်တွင် ယာယီမြို့တည်ပြီးသော် တမူးမြို့ကို တည်ထောင်ကာ၊ ညီတော်များနှင့်အတူ
မင်းပြု၏။
သာသနာ ၉၂-ခုနှစ်တွင် မဟာမြိုင်တောရှိရာ အရပ်တွင် မဟာဝုန်မြို့ဟု
သမုတ်တည်ထောင်ပြီးလျှင် ညီတော်အငယ် ကဉ္စန မင်းသားကို မင်းပြုစေသည်။
ကျခတ်မြို့တည်ထောင်ခြင်း။
ညီတော်အလတ်ဖြစ်သော ဥပသိတ မင်းသားသည် အရှေ့အရပ်သို့ ထွက်သွားပြီးသော်
ကောက်ကွေ့  ချောင်းပေါက်စ ဖြစ်သော အရှေ့ဖတ်ကမ်း ဧရာဝတီမြစ် ၏
အနောက်ဖတ်ကမ်းတွင် ကျခတ်မြို့ဟု သမုတ်ပြီး။ (ယခု ထင်းကားဆိပ်ခေါ်သည်။) သာသနာ
၁၁၉-ခုနှစ်တွင် မင်းပြုကာနေလေသည်။
ထိုအခါက မြန်မာနိုင်ငံ အထက်ပိုင်းတွင် ထီးနန်းကြငှန်းဖြင့် မင်းပြုစိုးစံနေသည်မှာ ဒုတိယ
တကောင်းမြို့သာ ရှိလေသည်။ ဒုတိယ တကောင်းခေတ်တွင် အနောက်ရိုးမတောင်ခြေနှင့်
အရှေ့ဧရာဝတီမြစ်အကြား ထိုဒေသတဝိုက်သို့ ရာဇဂြိုလ်ပြည်မှ နှင်ထုတ်လိုက်၍
ထွတ်ပြေးလာရသော မင်းညီနောင် ၃- ပါးတို့သည် မြို့ရွာတည်ထောင်လျှက် မူလရှိနေကြသော
ဇာတိသားများအပေါ် အုပ်ချုပ်မင်းလုပ်ခဲ့ရာ၊စည်ပင်ထွန်း ကားလာ ခဲ့လေသည်။
ခေတ်ပြောင်းလဲခဲ့ပြီး နှစ်ကာလကြာ ရှည်ခဲ့ရာ ဒုတိယ တကောင်း ပျက်စီးပြီးနောက်
ပုဂံခေတ်မတိုင်မှီ သရေခေတ္တရာမင်း ၁၁-ဆက် ခေတ်တွင် ဘုရင်အဝဆင့်မှ
စော်ဘွားမြို့စားအဆင့်သို့ သက်ဆင်းပြီး မြိှု့ရွာများပင် ပျက်စီးတိမ်ကော
ဆိတ်သုဉ်းကြရလေသည်။
မောရှမ်း မင်းညီနောင်
ဝိမ်းဟိုတူ ခေါ်သော ဝိမ်းဆင့်ဝီမြို့တွင် မောရှမ်းဘုရင် စောခွန်လိပ် စောခွန်ခန်းတို့၏ ၁၆-
ဆက်မြောက်သော
ခွန်တောင်ခွာ လက်ထက်တွင် ၁၉-ခရိုင်သော မောရှမ်းတို့ကို ယူနန်ရှမ်း
တရုပ်တာရိတာခေါ်သော သာလီးလူမျိုးတို့ တိုက်ခိုက်လုယက် ဖျက်ဆီးခြင်းကြောင့်
အချို့သောမောရှမ်းတို့သည် ဧရာဝတီမြစ် အနောက် ဖတ်သို့ကူးလာကြပြီးလျှင် ကျခေတ်မြို
့ ဥပသိတမင်းထံ ကျွန်တော်မျိုးဝင်ရောက်ခံလာကြလေသည်။ ဥပသိတမင်းသည် မောရှမ်းတို့ကို
တရားသဖြင့် စိုးစံအုပ်ချုပ်မင်းပြု၏။ မောရှမ်းစောဘွားအမျိုးမှ၊ ကာက်ယူပြီးလျှင် မိဖုရား
မြှောက်စားတော်မူရာ သားတော် မောင်ရန်နောင် မောင်ရန်အောင် ဖွားမြင်ထွန်းတော်မူခဲ့၏။
ဥပသိတမင်းသက်တော် ၅၀-နန်းသက်စည်းစိမ်၁၇-နှစ်၊သာသနာ သက္ကရာဇ်၁၃၆- ခုနှစ်တွင်
နတ်ရွာလားလေသည်။
ခမည်းတော် နတ်ရွာလား ကံတော်ကုန်ပြီးနာက် တွင် နောင်တော်မောင်ရန်နောင် မင်းပြုပြီး၊
ညီတော်မောင်ရန်အောင် အိမ်ရှေ့မင်းဖြစ်လေသည်။
သီရိခေတ္တရာ ခေါ် သရေခေတ္တရာပြည်မြို့ကို သာသနာ ၁၀၁- ခုနှစ်တွင် တည်ထောင်သည်။
copy by ~ http://siamtai.com/
No comments :
Post a Comment
Note: Only a member of this blog may post a comment.