"မြစ် တစ်စင်း စီးဆင်းတဲ့ အကြောင်း"
ခြစ်ခြစ်တောက် အပူ
တပေါင်းလေ တဖြူးဖြူးရယ်
ပေါင်းမိကြတဲ့အခါ
တာပိန်မြစ်ရဲ့
ဟိုး.. မြစ်ဖျားဒေသက
ညောင်းချိနေတဲ့
ရေခဲတောင်ကြီးတွေ
ဗူးသီး
စိတ်ချလိုက်သလို
ချိုင့်ချိုင့်ကျကုန်ကြတယ်။
အို တာပိန်
သင်ငြိမ်နေခဲ့
တာ
ကောက်ကျစ်ခြင်းလား
သင်ဟာ
မြစ်ယောင်ဆောင်တဲ့
နဂါးတစ်ကောင်လား။
သင်ဟာ နတ်ဆိုးပဲ
တို့ချစ်တဲ့ ဧရာဝတီ
တငြိမ့်ငြိမ့် စီးဆင်းနေတုန်း
ဗြုံးဆို ရေ ရွှင်စေတယ်။
အမြုပ် ဖိုက်ဖိုက်ထ
ဧရာဝတီမြစ်ပြင်ပြည့် ပေါလောမျှော
ဒီဇိုင်းညံ့ညံ့ အထည်တွေ
စက်ရုံ ဒလိမ့်တုံးပေါ်ကနေ
အတောမသတ် လျှောထွက်နေတာမျိုး။
အို တာပိန်
သင့် အန်ဖတ်တွေထဲ
တို့အသက်အိုးအိမ်တွေ
မျှောပါ ပျက်စီးခဲ့ရပြီ။
တို့ ဖရဲခင်း မြေပဲခင်းတွေ
တို့ ငရုတ်ခင်းတွေ
တို့ အသက်ချွေးနဲ့
ရင်းရတာ မှန်သမျှ
သင်
အငမ်းမရ ၀ါးမြိုခဲ့ပြီ။
တို့ အဘေးဘေး အဘီဘင်တွေ
နေရင်းဒေသ စွန့်ခွာခဲ့ရတာ
ယဉ်ကျေးမှုနဲ့ လွတ်လပ်ရေး
အရွေးခက်ခဲ့ရတာ
လွတ်လပ်ရေးကို ဦးစားပေး
ဒီအတွက်
အနှစ် နှစ်ထောင်
ယဉ်ကျေးမှု
နောက်ကျခဲ့ရတာ
ဒါဟာ
ဖြစ်ကောင်း၏
"ဤသို့ယူရသော် ရ၏"
မဟုတ်ဖူး
သမိုင်းရှိတယ်
နတ်ထိပ်တောင်ကြား သိတယ်
ကျောက်ဆည်လွင်ပြင် သိတယ်။
ထရိုဂျင် တာပိန်
မငြင်းနဲ့
ဒါ နှင်းခဲ ပျော်ချိန်။
(မောင်အောင်ပွင့် - ရုပ်ရှင်တေးကဗျာ။ မတ် 1995)
No comments :
Post a Comment
Note: Only a member of this blog may post a comment.