လွမ်းမောဖွယ် လွဲဟင်ရှယ်တောင် ( တိမ်ပင်လယ် တောင် )
လွိုင်ဟင်ခြယ် သမိုင်း
☀️☀️☀️☀️☀️☀️☀️☀️
လွဲဟင်ရှယ်တောင်သည် မိုးကောင်းမြို့ေတာင်ဘက်၊ ကြာအင်းရွာ၏ အရှေတောင်ထောင့်အရပ်၌ တည်ရှိပါသည်။ ထိုလွဲဟင်ရှယ်တောင်သည် ကြာအင်းရွာနှင့် တစ်ဖာလုံခွဲခန့်ဝေး၍ မိုးကောင်းမြို့နှင့်ကား သုံးမိုင်ခွဲခန့်ဝေးပါသည်။
ထိုလွဲဟင်ရှယ်တောင်ထိပ်၌ ဉဏ်တော်ခုနှစ်တောင်ခန့် အမြင့်ရှိသော စေတီတစ်ဆူ တည်ရှိနေပါသည်။
ယခု ရေးသားနေသည်ကား လွဲဟင်ရှယ်တောင်ကို ဦးတည်၍ ထိုစေတီ၏သမိုင်းကို ရေးသားနေခြင်း ဖြစ်ပေသည်။
မည်သည့် ခုနှစ်တွင် စတင်၍ ဖြစ်ခဲ့သည်ဟု အတည်တကျ အတိအကျ ပြောဆိုညွှန်ပြရန်ခက်သော်လည်း မိုးကောင်းမြို့
မြို့တည်နှစ်၏ ရှေ့ပိုင်းက သမိုင်းဖြစ်စဥ် ဖြစ်၍ ကောဇာသက္ကရာဇ် ၁၀၂ ခုနှစ်၏ ၊ ရှေ့ပိုင်းဖြစ်သည်ဟု ခန့်မှန်းရပေသည်။
ထိုအချိန်ကား တရုတ်ပြည်တွင် ဥတည်ဘွားမင်း နန်းစံနေချိန် ဖြစ်ပေသည်။ တရုတ်မင်းကြီး ဥတည်ဘွားသည် ဆင်ခြင်မြော်မြင်ဉာဏ်နှင့် ပြည့်စုံသူ ဖြစ်ပေသည်။
ထိုမင်းကြီး၏အထံ၌ ဖြူသောရတနာ၊ ညိုသောရတနာ၊ မောင်းသောရတနာ၊ ဝါသော ရတနာ၊ ပြာသော ရတနာ
နီသော ရတနာစသည့် ရတနာမျိုးစုံ ရှိပါသည်။ သို့သော် စိစ်းသောရနာဆိုသည်ကား မရှိချေ။ ထို့ကြောင်း ထိုမင်းကြီး၌
စိမ်းသောရတနာကိုရလိုသော ဆန္ဒသည် အစဉ်သဖြင့် ကိန်းဝပ်နေပေ၏။ ထိုရတနာကို ရလိုသော ဆန္ဒအလျောက် ဗိုလ်ခြေ
နှစ်ထောင်နှင့် ခေါင်းဆောင် ဗိုလ်နှစ်ယောက်အား ' သင်တို့သည်' စိမ်းသောရတနာကို ရရှိအောင် ရှာဖွေခဲ့ကြရမည်၊ စိမ်းသော ရတနာရမှသာ တိုင်းပြည်သို့ ပြန်လာခဲ့ကြလော” ဟု ရတနာရှာ လွှတ်လိုက်လေတေ့ာသည်။
ထိုဗိုလ်နှစ်ယောက်တို့လည်း နောက်ပါဗိုလ်နှစ်ထောင်နှင့် တရုတ်ပြည်မှ (အနောက်ယွန်းယွန်း) အရပ်တို့ ထွက်ခွာ၍ လာခဲ့ကြရာနက်စွာသောတော၊ မြင့်စွာသောတာင်စဉ်တို့ကို ကျော်ခဲ့ပြီးလျင် ယခု လွဲဟင်ချယ်တောင် ဟု အမည်တွင်မည့်တောင်သို့ရောက်လာကြလေ၏။
ထိုတောင်သို့ရောက်သောအခါ “ငါတို့ တစ်ခရီးတည်းအတူသွား၍ ရှာဖွေလျှင် စိမ်းသောရတနာကို ကြာမြင့်မှသာ
ရရှိလိမ့်မည်၊ တစ်ခရီးစီးခွဲ၍ ရှာရလျှင် အလျင်အမြန် တွေ့ရှိလိမ်မည်" ဟု တိုင်ပင်ကြပြီးလျင် ရှာဖွေချိန်ကာလကို သတ်မှတ်ကာ ၊ ထိုနေ့ ထိုရက်တွင် ဤတောင်၌ ပြန်၍ဆုံ ပြောဆိုလျက် နောက်ပါ ဗိုလ်တစ်ထောင်စီနှင့်အတူတစ်ဦးသည် မြောက်အရပ်၊ တစ်ဦးသည် အနောက် အရပ်သို့ ရတနာစိမ်းရှာဖွေရန် ထွက်ခွာခဲ့ကြပြန်လေသည်။
မြောက်အရပ်သို့ သွားသော ဗိုလ်သည် ကြိုးစား၍ ရှာဖွေပါသော်လည်း ထို ရတနာစိမ်းကို မတွေ့ခဲ့ချေ။ ကိန္နရာမကိုတွေ့၍ ကိန္နရာမကိုသာ ဖမ်းယူပြီး ပြန်လာခဲ့ရလေသည်။ ဖမ်းယူလာသော ကိန္နရာမ ခြေထောက်တို့ကို အဝတ်ဖြင့် ထုပ်ထားလျက် ချိန်းချက်ရာ တောင်မ အနောက်သွားသော ဗိုလ်ကို စောင့်နေလေသည်။
အနောက်ရပ်သို့သွားသောဗိုလ်က ကြိုးစား၍ ရတနာစိမ်းကိုရှာဖွေရာ တစ်ခုသော ကချင်ရွာသို့ ရောက်လာလေသည်။ ထိုရွာတွင် နေလှန်းထားသော စပါးဖျာများကို စောင့်နေသည့် ကချင် အဘွားအိုတစ်ဦးကို တွေ့၍ အမောပြေရေတစ်ခွက်ကိုတောင်း၍ သောက်ပြီးလျှင် ကချင်အဘွားအိုနှင့် စကားစမြီး ပြောဆိုရင်မှ ထူးဆန်းလှသော မိမိရှာဖွေနေသည် စိမ်းသောရတနာကို တွေ့ရလေတော့သည်။ စပါးဖျာ ထောင့်လေးထောင့်တွင် ဖိတင်၍ထားသော ထိုရတနာတို့သည် နေရောင်အောက်တွင် စိမ်းလက်တောက်ပေသည်မှာ အလွန်တစ်ရာမှ လှပသည့်အတွက် မျက်စိက မခွာနိုင်အောင် ဖြစ်နေေတာ့သည်။ စိမ်းသောရတနာကို တွေ့ရလေတော့သည်။ ထိုအခါ တရုတ်ဗိုလ်က " အဘွား၊ ဟော့ဟို စပါး ဖျာထောင့်က ကျောက်ခဲ တစ်ခဲလောက် ကျွန်တော်ကို ပေးစမ်းပါ အဘွားရယ်" ဟုတောင်းလေရာ " မပေးနိူင်ဘူးကွဲ့ ၊ ဒီကျောက်ခဲ ဖိထားတော့ စပါးဖျာကို လေလဲ မဖျက်စီးနိူင်ဘူး။ ကျေးငှက် တိရစ္ဆာန်တို့လဲ မဖျက်စီးနိူင်ဘူး အလွန်ပဲ ထူးပါတယ်။ ဒါကြောင့် မပေးနိူင်ဘူးကွယ်" ဟုပြန်၍ပြောလျှင် တရုတ်ဗိုလ်လည်း " ဒီလိုဆိုရင် အဘွားရယ်၊ ဟော့ဒီ ကျွန်တော် ဝတ်ဆင်ထားသည် ရွှေငွေ ရတနာ တန်ဆာများနဲ့ အဘွားရဲ့ ကျောက်ခဲနဲ့ လဲမယ်ဗျာ၊ ဘယ့်နှယ်လဲ " ဟုမေးလေလျှင် ကချင် အဘွားအိုလည်း ထိုဗိုလ်ပြသည့် ရတနာထည်တို့ကို တက်မက်သဖြင့် " ဒီကျောက်ခဲတွေက မလှပါဘူးကွယ့်။ ဒီထက်လှတဲ့ကျောက်ခဲ အဘွားတွေ့ထားတာ ရှိပါရက်၊ အဲဒါကိုယူသွားပါ " ဆိုပြီးလျှင် ထိုတရုတ်ဗိုလ်အား ခေါ်ဆောင်၍ ချောင်းငယ်တစ်ခုကို လိုက်ပြလေရာ ထိုချောင်းငယ်တွင် စိမ်းစို လှပသော ကျောက်ခဲများကို တွေ့ရလေသည်။ ထိုအခါ ခေါင်းဆောင်းသည် အလှပဆုံး ကျောက်ခဲ တစ်ခဲကို ညွှန်းပြ၍ ရှမ်းတရုတ် ဘာသာ စကားဖြင့် " အွမ့်လူး " ဟု ခိုင်းလေသည်။ ဗိုလ်ငယ်တစ်ယောက် ပွေ့ကြည့် ချိန်းဆပြီး " မြီးေရအေစွဲ့ " ဟုဖြေလေသည်။
[ မြီးရေအေစွဲ့ ဟူသည်ကား- မြီး=ရှိသည်၊ ရေ= တစ်ခု( တရုတ် )၊ အေ=တစ်ခု (ရှမ်းကြီး )၊ စွဲ့ = ပိသာ ]
ထိုဗိုလ်ပါတို့သည် တစ်ပိဿာရှိသော ကျောက်စိမ်းကိုယူဆောင်၍ ချိန်းချက်ရာတောင်သို့ ပြန်လာခဲ့ကြလေသည်။
ဗိုလ်ခြေနှစ်ရပ်တို့သည် ကတိထားခဲ့ကြသော နေရာ၌ ပြန်လည်ဆုံစည်းမိကြလေတော့သည်။ ထိုအခါ မြောက်
အရပ်သို့သွားသော ခေါင်းဆောင်ဗိုလ်သည် “ငါသည် နန်းတော်သို့ပြန်ရောက်၍ အရှင်မင်းမြတ်အား ကိန္ဒရီမကိုဆက်သလျှင် 'ငှက်မျိုး တိရစ္ဆာန်ကို အဘယ့်
ကြောင့် ဆောင်ယူလာဘိသနည်း' ဟု အမျက်တော်ရှလျှင် အသက်ပင် သေဖွယ်ရှိလေသည်။ အကယ်၍ စိမ်းသောရတနာနှင့်တကွ ဆက်သရပါမူ အမျက်တော်မရှ၊ ဆုလာဘ်များစွာ ရပေလိမ့်မည်” ဟု အကောက်ဉဏ်ဖြင့် ကြံစည်ပြီးလျှင် ကျောက်
စိမ်းရတနာရလာသည့် အနောက်ဘက်သွားသော ဗိုလ်အား ဤသို့ ဆိုလေ၏။
“ ဗိုလ်မင်း၊ သင်နှင့် ကျွန်ုတို့သည် ဆောင်ရွက်ဖွယ်ကိစွ ပြီးမြောက်ကြလေပြီး။ သိုဖြင့်၍ ဤနေရာ၌ အောင်းသေ
အောင်သား စားသောက်ပျော်ပါးပြီးမှတိုင်းပြည်သို့ ပြန်ကြရလျှင် မကောင်းပေဘူးလား ဗိုလ်မင်း " ဟု ပြောဆိုရာ ရိုးသားလှသော အနောက် ဗိုလ်လည်း မြောက်ဗိုလ် အကြံကို မရိပ်မိ၊ ပကတိသဘောဖြင့်“ကောင်းလှပါပြီ” ဟု ဆိုလျက် ထိုည၌ သေအရက်ကို အတူတကွ သောက်စားကြလေတော့သည်။ ထိုအခါ အကောက်ကြံသောဗိုလ်သည် နည်းနည်းသာသောက်ပြီး အနောက်ဗိုလ်အား သေရည်ကိုများစွာတိုက်၏၊ ထို့ကြောင့် အကောက်ကြံသောဗိုလ်ကား မမူး၊ အနောက်ဗိုလ်ကား များစွာမူးေလတော့သည်။
ထိုသို့ အနောက်ဗိုလ် အမူးလွန်လျှင် အကောက်ကြံသူ မြောက်ဗိုလ်သည်
“ဗိုလ်မင်း၊ သင်ကား အမူးလွန်နေပြီ။ ကျွန်ုပ်နှင့်အတူ တိုင်းပြည်သို့ ပြန်မလိုက်တော့။ ကျွန်ုပ်ကလည်း သင့်အား
စောင့်မနေနိုင်တော့၊ ယခုပင် ခရီးဆက်မှ ဖြစ်မည်။ သည်တော့ သင်သစ္စာဆိုပါ " ဟူခိုဆိုလျင် အနောက်ဗိုလ်သည် အမှုး
လွန်သဖြင့် သင့်မသင့် တော်မတော်မသိဘဲ သစ္စာဆိုလေတော့သည်။
" ကျွန်ုပ်တိုင်းပြည်သို့ ပြန်မလိုက်တော့ပါ။ အကယ်၍ ပြန်လိုက်ပါက အကျွန်ုပ် ခန္ခာကိုယ်သည် ကျောက်ရုပ်အလား ဖြစ်ပါစေသား " မြောက်ဗိုလ်သည် ကိန္နရာမနှင့်တကွ ကျောက်စိမ်းရတနာကို ယူဆောင်ပြီးလျှင် နောက်ပါ ဗိုလ်ခြေနှစ်ထောင်နှင့်တကွ တိုင်းပြည်သို့ ပြန်လေသည်။ အနောက်ဗိုလ်သည် အမူးပြေသောအခါ မိမိသစ္စာဆိုထားသည်ကို သတိမရတော့ဘဲ တိုင်းပြည်သို့ပြန်ရန် ညာခြေကိုမ၍ ဘက်သို့လှမ်းမည်အပြု၊ ဦးခေါင်းကိုလည်း ညာမှ ဘယ်သို့လှည်သည့်အခိုက်၌ ထိုဟန်အတိုင်ပင် ကျောက်ရုပ် ဖြစ်သွားေလတော့သည်။
ထိုကျောက်ရုပ် ဖြစ်သည့်နေရာကို ယခုတိုင်အောင် (လွဲဟင်ရှယ်) တောင်ဟုခေါ်တွင်ခဲ့လေသည်။ လွဲဟင်ရှယ် ဟူသည်ကား၊
လွဲ • တောင် ဟင် • ကျောက်
ရှယ် • တရုတ်၊ ပေါင်းစပ်လိုက်သော်အခါ “တရုတ်ကျောက်တောင်” ဖြစ်သည်။ ကြာအင်းရွာမှ လွဲဟင်ရှယ်တောင်သို့ အမြဲတစေ သွားရောက်၍ သက်ကယ်ရိတ်သော အဘိုးအိုတစ်ယောက် ရှိ၏။ တစ်နေ့သောခါ ထိုအဘိုးအိုသည် ထမင်းထုပ်နှင့် အရက်ဗူးထည့်ထားသော လွယ်အိတ်ကို ထိုကျောက်ရုပ်၏ ပခုံး၌ ချိတ်ထားခဲ့ပြီး သက်ကယ်ရိတ်နေပေသည်။ ထမင်းစားချိန်ရောက်သောအခါ လွယ်အိတ်ကိုယူ၍ ထမင်းထုပ်ကိုဖြေလိုက်လျှင် ထမင်းနှင့်ဟင်း တစ်ဝက်လျော့နေသည်ကို တွေ့ရသဖြင့် အရက်ဗူးကိုကြည်ပြန်ရာ တစ်ဝက်လျော့နေသည်ကို တွေ့ ရပြန်၏၊ ထိုနေ့မှစ၍ နေ့စဉ်နှင့်အမျှ ဤသို့ပင် ကြုံတွေ့နေရပေတော့သည်။ သို့ဖြစ်၍ တစ်နေ့သော အခါ လက်သည်ရှာ အဖြေထုတ်ရန်အတွက် သက်ကယ်ရိတ်သွားဟန်ပြု၍ တစ်နေရာမှာ ပုန်းကွက်၍ ချောင်းကြည့်နေရာ ထိုကျောက်ရုပ်ကြီးသည် ပခုံးမှ လွယ်အိပ်ကို ဖြုတ်ပြီး ထမင်းနှင့် အရက်ကို မြိန်ရှက်စွာ စားသောက်နေသည်ကို တွေ့ရတော့သည်။ ထိုအခါ အဘိုးလဲ ဒေါသ အမျက် ခြောင်းခြောင်းထွက်၍ ကျောက်ရုပ် လည်ပင်းအား လှီးဖြတ်မည်ပြုရာ ကျောက်ရုပ်က “ ကျွန်ုပ်၏ လည်ပင်းကို မလှီးပါနဲ့၊ ထမင်းဟင်းကိုလည်း သနားသဖြင့် ကျွေးပါ။ သင့်အား တစ်နေ့လျှင် ငွေတစ်ကျပ်ပေးပါမည်”
ဟု တောင်းပန်လျက် ဘယ်ခြေကိုမပြီးလျှင် ငွေတစ်ကျပ်ကိုပေးလေ၏။ “ကျွန်ုပ် ဤနေရာ၌ရှိကြောင်းကို မည်သူ့ကိုမျှမပြောပါနှင့်” ဟုလည်း မှာကြားပြန်လေ၏။ အဘိုးအိုလည်း အံ့သြလျက် ငွေတစ်ကျပ်ကိုယူပြီးလျှင် ရွာသို့ပြန်လာခဲ့လေသည်။ ထိုနေ့မှစ၍ ထမင်းနှင့်အရက်ကိုလည်း ပို၍ ထည့်ခဲ့ကာကျောက်ရုပ်အား ကြွေးလေရာ ကျောက်ရုပ်ကလည်း နေ့စဉ်ငွေတစ်ကျပ်ကို ပေးလေ၏။ ဤသို့ဖြင့် နေ့ရက်ကြာလာသောအခါ ကျောက်ရုပ်၏ ဘဝဖြစ်စဉ်ကို မေးလေလျှင်ကျောက်ရုပ်သည် သူ၏ရာဇဝင်
ကို ဇာတ်ကြောင်းပြန်၍ ပြောခဲ့ေပတတည်း။ ထိုနေရာ၌ ရှမ်းဘာသာအားဖြင့် " လောင် " "လွဲ " ဟုခေါ်တွင်ခဲ့ကြသည်။
" လောင် " ဆိုသည်ကား အင်း၊ " လွဲ " ဆိုသည်ကား ဖော ဟာ အဓိပ္ပာယ်ရရာ ၎င်းစကားနှစ်ရပ် ပေါင်းသော် " ဖောအင်း " ဟု အဓိပ္ပာယ်ရ၍ မြန်မာ ဘာသာဖြင့် ခေါ်တွင်နိူင်ပေသည်။ ထို ( လောင်လွဲ ) ဖောအင်းသည် တောင်ပေါ်ရွာနှင့် တောင်နီတောင်အကြားတွင် ယခုတိုင် ရှိနေပါသေးသည်။
ထိုနောက် ကျောက်ရုပ်ကြီးက အဘိုးကြီးအား ခြင်နှစ်လုံးယက်စေပြီးလျှင် ခြင်တစ်လုံး၌ ရွှေခြင်း၊ တစ်လုံး၌ ငွေခြင်းကို ထည့်စေပြီးလျှင် ရွှေခြင်း၊ ငွေခြင်းတို့ကို ကျေးဇူးဆပ်သော အားဖြင့် ပေးပြီးလျှင် " ကျွန်ုပ် ဤနေရာ၌ မနေနိူင်ပေ အခြားတစ်နေရာသို့ ပြောင်းရွှေ့နေမှ ဖြစ်တော့မည် " ဟုပြောကြား နူတ်ဆက်ခဲ့လေသည်။ ထိုနေ့မှ စ၍ ကျောက်ရုပ်ကြီး ပြောင်းရွှေ့ ပျောက်ကွယ်သွားခဲ့လေသည်။ ယနေ့တိုင်အောင် မတွေ့ရတော့ပေ။ သက်ကယ်ရိတ်သမား အဘိုးလည်း ကျောက်ရုပ်ကြီးကို မမေ့နိူင်၍ နေ့စဉ် ထိုကျောက်ရုပ်ကြီးနေရာသို့ သွားရောက်နေတော့သည်။ ထိုသို့ သွားတိုင်းလည်း ကျောက်ရုပ်ကြီးနှင့် ကွဲကွာခဲ့ရသော နေ့ရက်တို့ကို သိစေနိူင်ရန် အတွက် တစ်နေ့လျှင် ကျောက်ခဲ တစ်လုံး၊ တစ်လုံးကို ထိုနေရာ၌ စုပုံ၍ အမှတ်အသားပြုလေ့ ရှိပေသည်။ ထိုသို့ဖြင့် ရက်၊ လ၊ နှစ် သို့ ရွေ့လျော့ ကုန်ဆုံးလာခဲ့ရာ ကျောက်ပုံ တစ်ပုံဖြစ်ခဲ့လေတော့သည်။
ထိုကျောက်ပုံကို ငုံ၍ ၁၂၂၀ ခုနှစ်၌ ကြာအင်းတောရ ဆရာတော်ဘုရားသည် ညဏ်တော်အမြင့် ၃ တောင်ခန့်ရှိသော စေတီတစ်ဆူ တည်ထား ကိုးကွယ်ခဲ့သည်ဟု ဆိုကြသည်။ သက္ကရာဇ် ၁၂၆၅ ခုနှစ်ရောက်သောအခါ ဒုတိယ ကြာအင်း တောရဆရာတော်ဘုရားသည် ထိုစေတီကို ငုံ၍ ညဏ်တော် အမြင့် ၇တောင်ခန့်ရှိသော စေတီတစ်ဆူ တည်တော်မူပြန်သည်။
ဤသည်ပင်လျှင် " လွမ်းမျှော်မောဖွယ် လွဲဟင်ရှယ်တောင် " မှ " စေတီတော် သမိုင်း " ဖြစ်ပါပေသတည်း။
ဤသမိုင်းဖြစ်စဉ်ကို မိုးကောင်းသမိုင်းနှင့် အင်းတော်ကြီးသမိုင်းတို့မှ ရှာဖွေပါသည်။ လိုအပ်သည်များကိုလဲ သမိုင်းပညာရှင်များမှ ဖြည့်စွပ်ပေးကြဖို့လဲ အကြံပြုထားပါသည်။
၇/၁/၂၀၂၁
#လွိုင်ဟင်းခြယ်တောင်
#မိုးကောင်း
#ကြာအင်းကျေးရွာ
#တိမ်ပင်လယ်
#စောမင်းဖြူ
#ကချင်ပြည်နယ်