မိုးကောင်းမြို့ တိမ်ပင်လယ် ( လွိုင်ဟင်းခြယ်တောင် ကြာအင်းကျေးရွာ အနီး )
မိုးကောင်းပုံရိပ်
အိုးစည်သံကြား၊ ရှမဲးစကားနဲ့
မိန်းကောင်းတဲ့လေ၊ ကာလရှည်စွာ
တည်ရှိလာခဲ့၊ လေးနေရာ ပြောင်း
မြို့မိုးကောင်း၏။ သမိုင်းကြောင်းကို
ငဲ့စောင်းကြည့်တိုင်း၊ ကားမိုင်း ပထမ
ဒုတိယ ဖက်လှာ်၊ ရှစ်မိုင်ကျော်က
တတိယ ဟု၊ မြို့ပြတည်ထောင်
ဦးဆောင် ကျမိုင်း၊ ခွန်ကောင်းဆိုင်း၏
ပွင့်လှိုင်းဝေစည်၊ မြို့ေရွှပြည်ကား
ခမ်းနားကြီးကျယ်ခဲ့ပေသည်။
အရှေ့ နောင်ခမ်းအင်း၊ နောက် နန့်ရင်းတည့်
တောင် နန့်ပုဏ္ဏား၊ မြောက်သို့ လားကြောင်း
နန့်ကောင်းခေါ်တွင်၊ ချော်းရေလျဉ်နှင့်
ေညာင်ပင် ဟော်ကုန်း၊ အုံ့မဆုံး ပြန်
မြိ့နာမ်စေတီ၊ ခုနစ်လီရ
ပန္နက်ချ၏၊ စပ်မမောင်ဆိုင်
နယ်ပိုင်စော်ဘွား၊ တည်ထားလေရာ
ကောဇာသက္ကရာဇ်၊ တစ် တစ် ငါး သုံး
မိုးလုံး ပြည့်မောက်၊ ကောင်းခြင်းရောက်၏
“အိမ်အောက်မြစိမ်း၊ မိုးကောင်းကိန်း” ပ
မှတ်သားကြ၏၊ စတုတ္တမိုးကောင်း တည်ခဲ့ပြီ။
ရေပြာ ရစ်သိုင်း၊ တောတောင် ဝိုင်းနေ
မိုးကောင်း မြေကား၊ ကာလရှည်ကြော
စည်ကားပါ၏၊ လယ်ယာ စီးပွား
ဖောက်ကား ရောင်းဝယ်၊ ကုန်သည် မှုထမ်း
အရာထမ်းနှင့်၊ စိတ်ဝမ်း လက်ညီ
တိုင်းရင်းသားတို့ သွေးစည်းသည်။
တို့ပြည် တို့ရွာ၊ အေးချမ်းသာချိန်
မိစ္ဆာဘီလူး၊ နယ်ချဲ့ရူးက
ကျူးကျော် စော်ကား၊ သိမ်းပိုက်ငြာလည်း
လားလား မခံ၊ ဇာတီမာန်နှင့်
ခုခံစစ်ခင်း၊ အသက်နှင်းသော
ဗိုလ်ဖိုးစော နှင့်၊ သဘောညီစွာ
လက်ယာမှုးကြီး၊ ဗိုလ်ရွှေထီး နှင့်
ကံဆီးဆမား၊ ဒူဝါများ၏
တိုင်းရင်းသားတို့ အင်အားစုပေါင်း
မြို့မိုးကောင်းကို၊ ထောင်းထောင်းခတ်မ
ကာကွယ်ကြ၏၊ မခ သူ့အောက်
ရူးမထောက်လို၊ မကြောက်မရွံ့
နောက်မတွန့်ကြေး၊ အသက်ပေးခဲ့
မျိုးချစ်သွေးတို့ ရဲရဲနီ။
လွတ်လပ်ပြီးစ၊ သမယဝယ်
မြို့လှ မိုးကောင်း၊ ခြိမ့်မောင်း ဝေစည် တို့ဌာနီကား၊ ဘုရားတန်ဆောင်း
ရွှေသာလျောင်းနှင့်၊ ဆုတောင်းပြည့်မှု
ခုနှစ်ဆူတည့်၊ ဝေဘူ ဝေဘာ နှစ်ဖြာ တောင်တော်၊ လွဲပေါ်ဆော်နှင့်
ရည်မျှော်မဂ်လမ်း၊ ဦးမန်းဘုရား
ဖူးမြော်သွားစို၊ ထူးခြား တန်ခိုး
ရွေဝက်တိုး ဆီ၊ စေတီမြို့ဦး
ကြည်နူးဖွယ်ရား ဦီတင်ပါ၏
သာသနာရောင်ဝါ ထွန်းခဲ့ပြီ။
ရတနာ ဈေးကွက်၊ ကျောက်မျက် ကျောက်စိမ်း
ဟိန်းဟိန်းကျော်မျှ၊ ရောင်းဝယ်ကြခဲ့
တို့ရဲ့မြို့ ဟေ့၊ ယနေ့ရှုခင်း
လယ်ကွင်းတစ်ဝှမ်း၊ ရွှေရောင်လွှမ်း၏
ပန်းမန် သစ်သီး၊ မျိုးခိုင်ဖြီး၏
သစ်ကြီး ဝါးတော၊ သားငါး ပေါ၏
မနော ဖြုစွာ၊ လွန် ပျူငှာ၏
မြို့ရွာစည်အောင်၊ သယ်ပို့ဆောင်သော
ကျွန်းတော တံတား၊ ပညတ်သွားသည့်
တံတားမိုးကောင်း၊ လမ်းကြောင်းဖြောင့်ကြ
နမ့်ခမ်းခ လျှပ်စစ်၊ ထွန်းသစ်ဝင်းစေ
အလင်းဝေ၏။ မြို့နေ လူထု
စားမှု သောက်ရေး၊ စည်ပင်ဈေးနှင့် အဝေးကားဂိတ်၊ ကြိတ်ကြိတ်တိုးစည်
ရုံးအမီ ကျောင်းအတက်၊ သွက်လက်လှုပ်ရှား
စိတ်အား ထက်သန်၊ တက်ကြမာန်သည်
မြို့နယ်အဂ်ါ ညီညွတ်သည်။
ခေတ်မီပညာ၊ တိုးတက်ပါ၏
သည်းချာ ရင်သွေး၊ ပြည့် နောင်ရေးတွက်
မနှေး လက်ကမ်း၊ တာဝန်ထမ်းဖို့
ကြိုးပမ်းဆောင်ရွက်၊ သင်ကြားလျက်တည့်
စာကျက် စာအံ၊ သောသောညံသည်
ကျောင်းတော်ဆီမှ၊ ပြည်သားလှတို့
ထွန်းပ ဂုဏ်ရည် ပေါ်ထွက်သည်။
မြို့တည် မိုးကောင်း၊ သမိုင်းကြောင်းကို
ပြန်ပြောင်းတွေးဆ၊ လွမ်းမောရ၏
အတိတ်မှသည်၊ မျက်မှောက်ဆီသို့
ခိုင်ကျည် နှလုံး၊ တွေးမဆုံးနိုင်
ရွှင်ပြုး လေးမြတ်၊ အနာဂက်အတွက်
ဆွန်းဆက်ကြိုမည်၊ မိုးကောင်းသည်ကား ကမ္ဘာတည်သရွေ့ ခိုင်မြဲမည်။
မြင့်မြင့် နွယ် (မြန်မာစာ)
No comments :
Post a Comment
Note: Only a member of this blog may post a comment.