Wednesday, March 24, 2021

အသံမဲ့သပိတ် ( တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ် )

The whole country protested in silence.  Every town and village is silent in protest of the Burmese military coup၊
#Mogaung

ကချင်ပြည်နယ် မိုးကောင်းမြို့

       * သုံးမျိုးစားသပိတ် *

မိုးကောင်းမြို့ ( ၂၄ / ၃ / ၂၀၂၁ )
မနက်လင်းအား ထွက်မီ လူငယ်တစ်ချို့ စုရုံး ရောက်ရှိနေခဲ့ကြတဲ့ နေရာက အိုးတန်းရပ်ကွက်နှင့် နန့်ရင်းရပ်ကွက် ကြားက နေ တစ်ဖြည်းဖြည်း မီးသတ်စင် ဟောင်းဘက်ထိ စုလာခဲ့ကြပြီး၊ မိုးမလင်းခင် အာရုဏ်ဦး ဆန္ဒထုတ်ဖာ်ခြင်းကို စတင်ခဲ့ကြပါသည်။ ၎င်းတို့ စီစဉ်ထားပုံအရ ( အပြော ) မနက် ၇ နာရီ မထိုးခင် ဆန္ဒပြသပိတ်ကြာင်းကို နားပြီး၊ တစ်မြို့လုံး ၊ လုံးဝ အငြိမ် စနစ်နှင့် တိတ်ဆိတ်နေကြမည်ဖြစ်ပါသည်။ ယမန်နေ့က ကြားထား သော သတင်းအရ ဈေးသူ/ သားများကလဲ ဈေးပိတ်ပြီး ပါဝင်ကြမည်ဟု သိထားကြ၍ အာရုဏ်ဦးသပိတ်ကို စောစာသိမ်းပြီး အပြန် ၊ မုန့်စားသူစားနှင့် တစ်ခဏ အကြာမှာ မိုးကောင်းရဲစခန်းမှ ဈေးအား လာရာက်၍ စစ်ဆးနေဟုကြားသိရ၍ မြို့နေ လူထူ မှ တစ်ဘက်မှ လူစုပြီး ဆန္ဒထွက်ပြကြရာမှာ မြို့ကို တစ်ပတ်နီးနီးပတ်ပြီးချိန် ၊ ရဲများမှ နောက်က လိုက်၍ ဖိအားပး လူစုခွဲခဲ့၍ တစ်ရက်တာကို အံကြိတ် ဖြတ်သန်းဖို့ဖြစ်လာ၊ သတင်းတစ်ခု ချက်ချင်းရလိုက်လို့ မြို့ကို ပတ်ကြည့်် ၊ တစ်မြို့လုံး စားသာက်ဆိုင်၊ ရွှေဆိုင်၊ အထည်ဆိုင်၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ လူသုံးကုန်၊ အလှကုန် ၊ မြို့မဈေးနှင့် ဆိုင်တွ့ ပိတ်ပြီး အသံမဲ့ သပိတ် တိတ်ဆိတ်ခြင်း သပိတ်ကို စတင်နေကြပြီးဆိုတာ ဝမ်းသာဖွယ် တွေ့မြင်ခဲ့ကြရပါသည်။ ဒါ ကြောင်း ယနေ့ မိုးကောင်းမြို့ သပိတ်ကို * သုံးမျိုးစား သပိတ် * ဟုခေါ်တွင်ရခြင်းပါ။အရေးတော် ပုံအောင်ရမည်။ စစ်အာဏာရှင်စနစ် အလိုမရှိ၊ မိုးကောင်းမြို့သူ/သားများအား လေးစားလျက်ပါ။ ညီညီညွတ်ညွတ်နဲ့ သည်းခံစိတ်ထားပြီး တော်လှန်းကြပါ။ အရေးတော်ပုံ အောင်ရမည်။
#မိုးကောင်းမြို့
#ကချင်ပြည်နယ်
The whole country protested in silence.  Every town and village is silent in protest of the Burmese military coup၊
#SaveMyanmar

                  အာရုဏ်ဦးသပိတ်စတင်
    

          အာရုဏ်ဦးသပိတ်ပြီး တော့ 
မိုးကောင်းမြို့မဈေးအား ရဲများလာရာက်စစ်ဆေးစဉ်
          မိုးကောင်းရဲစခန်းမှရာက်ရှိလာ
           မိုးကောင်းပြည်သူလူထူမှ                         သတင်းရ၍ လူစုပြီး ထွက်
ရဲတပ်ဖွဲ့မှ ဆန္ဒပြပြည်သူနောက်မှ ဖိအားပေး ဖြိုခွဲဖို့ လုပ်ဆောင်ခဲ့
 

No comments :

Post a Comment

Note: Only a member of this blog may post a comment.