၁၉၄၈ခုနှစ်၊
ဇန်နဝါရီလ(၄)ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဗြိတိသျှအစိုးရအုပ်ချုပ်ခဲ့
သည့်
လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး နောက်ထပ် ၆ရက်အကြာ
သည့်
လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး နောက်ထပ် ၆ရက်အကြာ
ဇန်နဝါရီလ(၁၀)ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးလိုက်သည်။
ထိုနေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း၌ နံနက် ၈း၀၀နာရီတွင် မြန်မာနိုင်ငံ၏
ပထမဦးဆုံးသော သမ္မတကြီး ဦးစပ်ရွှေသိုက်ကိုယ်တိုင်တက်ရောက်၍ မနော
မဏ္ဍပ်ကြီးဖွင့်လှစ်ကာ ပထမဆုံးသော ကချင်ပြည်နယ်၏ ပြည်နယ်ကောင်စီကို
စတင်ဖွဲ့စည်းခဲ့သည်။
အဆိုပါ ပြည်နယ်ကောင်စီ အစည်းအဝေး၌ ဦးဆမားဒူဝါဆင်ဝါးနောင်အား ကချင်ပြည်နယ်၏
ပထမဆုံးသော ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လျက် နိုင်ငံတော်သမ္မတ၏
ရှေ့မှောက်တွင်ပင် ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏
ဖွဲ့စည်းပုံအခြေခံ ဥပဒေကျမ်းကို ကချင်ပြည်နယ်၏
ဥက္ကဋ္ဌသစ်ဖြစ်သောဦးဆမားဒူဝါဆင်ဝါးနောင်၏ လက်သို့ နိုင်ငံတော် သမ္မတကြီးမှ
အပ်နှံပေးခဲ့သည်။