Monday, July 29, 2013

သမိုင်းထဲက မိုးကောင်း ' နန့်ကောင်းမြစ် လွင်ပြင်ဒေသ ' (၃)

 မိုးကောင်းသို့ အပို့ခံရသော စစ်ရှုံးမင်း 

            အနောက်ဘက်လွန်မင်းတရားကြီးသည် ၁၂ ဇူလိုင် ၁၆၀၈ ခုနှစ်တွင် ပြည်မြီု့ကို 


သိမ်းပိုက်နိုင်ခဲ့သည်။ ပြည်ဘုရင် ရန်နိုင်မင်းကို ခေါ်ဆောင်လာခဲ့ပြီး တဲတော်ဆိပ်တွင်



 တဲနှင့်ထားတော်မူခဲ့သည်။ တစ်နေ့တစ်၌ ဆင်တော်အမှုထမ်းများ ဆင်များရေချလာသည်တွင် 



ရန်နိုင်မင်းလည်း သူ့ဆင်ကိုမြင်တော်မူသောအခါ '' ငါ့ဆင်ကိုရပါပြီးကား၊ သူ့ဆင် အစီး ၃၀၊ 



၄၀ ပင် ၀ိုင်းရံသော်လည်း ငါမကြောက် '' ဆိုသည်ကို အစောင့်တို့ကြားသဖြင့် 



အနောက်ဘက်လွန်မင်းသို့ လျှောက်ထားသောအခါ '' ရန်နိုင်စားငယ်သည် နှလုံးမချချေသေး၊


 မိုးကောင်းသို့ ပို့လေတော့ '' အမိန့်တော်ရှိ၍ မောင်နံနှစ်ပါးကို 


အလုပ်အကျွေးနှင့်မိုးကောင်းသို့ ပို့ထားရသည်။ မိုးကောင်းတွင် စံနေရပြီး 


ကာလအတော်ကြာမှ ကံကြမ္မာ  အလျှောက်နတ်ရွာစံခဲ့သည်။ ထိုမင်းသည် မိုးကောင်းသို့ 


အပို့ခံရသော အဦးဆုံးရာဇာဝတ်သားပင်ဖြစ်သည်။ ပင်းတလဲမင်းလက်ထက်


 ညီတော်မင်းရဲသီဟသူကို အိမ်ရှေ့ပေးခဲ့သည်။ စလင်းမြီု့ကိုလည်း အစားပေးခဲ့သည်။


 ထိုအိမ်ရှေ့မင်း နတ်ရွာစံသောအခါ သားတော် ( ပင်းတလဲမင်း တူတော် ) နရာဇေယျကို


 အိမ်ရှေ့အိမ်တော်နှင့်ဝေါပလာပေးခဲ့သည်။ စလင်းမြီု့ကိုလည်း ဆက်လက်မြီု့စားပေးခဲ့သည်။


 ပြည်မင်း နန်းလုတက်ခဲ့ပြီးနောက် တူတော်စလင်းမင်းသားကို အရာမှရှုပ်ချလျက် မိုးကောင်းသို့


 ပို့ခဲ့သည်၊ နောက်ကွပ်မျက်ခဲ့သည်။ မိုးကောင်းသို့ အပို့ခံရသောမင်းမျိုး 


ရာဇာဝတ်သားဖြစ်သည်။