မိုးကောင်းသို့ အပို့ခံရသော စစ်ရှုံးမင်း
အနောက်ဘက်လွန်မင်းတရားကြီးသည် ၁၂ ဇူလိုင် ၁၆၀၈ ခုနှစ်တွင် ပြည်မြီု့ကို
သိမ်းပိုက်နိုင်ခဲ့သည်။ ပြည်ဘုရင် ရန်နိုင်မင်းကို ခေါ်ဆောင်လာခဲ့ပြီး တဲတော်ဆိပ်တွင်
တဲနှင့်ထားတော်မူခဲ့သည်။ တစ်နေ့တစ်၌ ဆင်တော်အမှုထမ်းများ ဆင်များရေချလာသည်တွင်
ရန်နိုင်မင်းလည်း သူ့ဆင်ကိုမြင်တော်မူသောအခါ '' ငါ့ဆင်ကိုရပါပြီးကား၊ သူ့ဆင် အစီး ၃၀၊
၄၀ ပင် ၀ိုင်းရံသော်လည်း ငါမကြောက် '' ဆိုသည်ကို အစောင့်တို့ကြားသဖြင့်
အနောက်ဘက်လွန်မင်းသို့ လျှောက်ထားသောအခါ '' ရန်နိုင်စားငယ်သည် နှလုံးမချချေသေး၊
မိုးကောင်းသို့ ပို့လေတော့ '' အမိန့်တော်ရှိ၍ မောင်နံနှစ်ပါးကို
အလုပ်အကျွေးနှင့်မိုးကောင်းသို့ ပို့ထားရသည်။ မိုးကောင်းတွင် စံနေရပြီး
ကာလအတော်ကြာမှ ကံကြမ္မာ အလျှောက်နတ်ရွာစံခဲ့သည်။ ထိုမင်းသည် မိုးကောင်းသို့
အပို့ခံရသော အဦးဆုံးရာဇာဝတ်သားပင်ဖြစ်သည်။ ပင်းတလဲမင်းလက်ထက်
ညီတော်မင်းရဲသီဟသူကို အိမ်ရှေ့ပေးခဲ့သည်။ စလင်းမြီု့ကိုလည်း အစားပေးခဲ့သည်။
ထိုအိမ်ရှေ့မင်း နတ်ရွာစံသောအခါ သားတော် ( ပင်းတလဲမင်း တူတော် ) နရာဇေယျကို
အိမ်ရှေ့အိမ်တော်နှင့်ဝေါပလာပေးခဲ့သည်။ စလင်းမြီု့ကိုလည်း ဆက်လက်မြီု့စားပေးခဲ့သည်။
ပြည်မင်း နန်းလုတက်ခဲ့ပြီးနောက် တူတော်စလင်းမင်းသားကို အရာမှရှုပ်ချလျက် မိုးကောင်းသို့
ပို့ခဲ့သည်၊ နောက်ကွပ်မျက်ခဲ့သည်။ မိုးကောင်းသို့ အပို့ခံရသောမင်းမျိုး
ရာဇာဝတ်သားဖြစ်သည်။
ကုန်းဘောင်ခေတ် မိုးကောင်း
ကုန်းဘောင်ခေတ်ဦးတွင် မိုးကောင်းသည် စော်ဘွားအုပ်ချုပ်ရေးရှိနေသေးသည်။
အလောင်းမင်းတရားကြီးမှသည် ဗဒုံမင်းနန်းတက်စ ၁၇၉၂ တိုင်ဖြစ်ပါသည်။ ထိုနှစ်တွင်
မိုးကောင်းစော်ဘွားက မြီု့သစ်ဟော်သစ် ဆောက်လုပ်ခဲ့သည်။ မှတ်တမ်းကိုအောက်တွင်
ဖော်ပြပေးလိုက်ပါသည်။
မိုးကောင်းစစ်တမ်း
ဗဒုံမင်းလက်ထက် မြန်မာတစ်နိုင်ငံလုံး စစ်တမ်းများကောက်ခံခဲ့သည်။ ထိုသို
့ စစ်တမ်းများကောက်ခံရာတွင် ရှမ်းနယ်များမပါကြောင်း အဆိုအပြောရှိသည်။ သို့သော်
ရှမ်းပြည်နယ် မြီု့ရွာများမှ အချို့မြီု့ရွာများသို့ စစ်တမ်းများတွေ့ရှိရသောအခါ အထက်ပါ
အဆိုအပြောမှားသည်ဟု သိရှိလာခဲ့ရပါသည်။ ယခု မိုးကောင်းမြီု့စစ်တမ်းကိုလည်း
တင်ပြလိုက်ပါသည်။ မြေပြန့်တွင် တွေ့ရသောစစ်တမ်းပုံစံနှင့် သဘောသဘာဝ
တူသော်လည်း
ဖတ်ရှုရသောအခါ ပိုမိုအသေးစိတ်ဖော်ပြသဖြင့် စိတ်ဝင်စားစရာကောင်းပါသည်။
စစ်တမ်းဆိုသည်ထက်၊ မြီု့တည်စာတမ်းဟူ၍လည်း ခေါ်၍ရနိုင်ပါသည်။ ရေးသားပုံ
ဟန်မတူသည်ကိုလည်း တွေ့ရှိရပါသည်။ သို့သော် စစ်တမ်းပေးသူ အမည်မပါရှိသဖြင့်
မပြည်စုံသကဲ့သို့ ရှိချေသည်။ ထိုကြောင်း ခေါင်းစဉ်ကို မိုးကောင်းမြီု့တည် စာတမ်းဟုပင်
ရေးထိုးလိုက်ပါသည်။
မိုးကောင်းမြီု့တည်စာတမ်း
သက္ကရာဇ် (၁၁၅၃ )ခု။ ဒီဃ( ၃၅၅ ) ရဿ။ သူရိယ မာသ။ ဝေါဟာရ၊ နတ်တော် လဆန်း
(၁၀ ) ရက်၊ အင်္ဂါ၊ နေ့အ၀င်ညဥ့် (၃) ချက်တီးကျော် ရောင်နီလာသောအခါ ပြိစ္ဆာရာသီ၊
မိန်စန်း၊ တူလက်၊ ရာဟုတြင်း၊ ရာဟု န၀င်၊ ယှဉ်လျက် သွာတိနက္ခတ် (၁၅)လုံး၊ (၂) ပဒ်၊ (၁၀)
ထဋ္ဋီ၊ အနု ခဋ္ဋီ၊ (၃၉) ခဋ္ဋီ၊ ထက် လက်စီးလျက်၊ ကောင်းမြတ်သော အခါမင်္ဂလာတွင်
မိုးကောင်းမြီု့ အရှေ့ နောင်ခမ်းအင်း အထိ၊ အနောက် နန်းရင်းချောင်း အထိ၊ မြောက်
နန့်ကောင်းချောင်း အထိ၊ တောင်ကို လယ်ပြင် အထိ၊ ၎င်း နယ်ပယ်စပ်လျက်၊
ထိုလေးရပ်အတွင်း အရှေ့အနောက် မြင့်မိုရ်တောင်ဖြင့် နှစ်ထောင်၊ ခြောက်တောင်နှင့်မြောက်
နှစ်ထောင်၊ခြောက်တောင် နှစ်မိုက်၊ တိုင်းထွားပြီးလျှင် မြီု့ပန္နက်သဲချ၍
တည်ထောင်ပြုလုပ်သည်ကာလ။
သက္ကရာဇ် (၁၁၅၄)ခု၊ ဒီဃ (၃၅၆) ရဿ။ သူရိယမာသ၊ ဝေါဟာရ၊ နယုန်လပြည့်ကျော်
(၉)ရက် ဗုဒ္ဓဟူးနေ့၊ နေ့တစ်ချက်တီးကျော် မေဓုံရာသီ၊ မိန်စန်း၊ သိရ်လက်၊
ကြာသပတေးတြင်း၊ ကြာသပတေးန၀င်းနှင့်ယှဉ်လျက် ပြုပ္ပပရ ဂုန္နီနက္ခတ် (၁၁)လုံး၊ (၂)ပါတ်၊
မွန်းတည့်မတ်လျှင်၊ ဟော်တော်ကို တက်သိမ်းတော်မူ၍ ။
၎င်း သက္ကရာဇ် (၁၁၅၄)ခု၊ ၀ါဆိုလဆန်း (၂)ရက် ဗုဒ္ဒဟူးနေ့ နေတက်ရှစ်ဘ၀ါး
အခါပုဏ္ဏဖုသျှနက္ခတ် ကြဋ္ဋ်ဂ်၊ ပြိဿစန်းမြတ်သို့ရောက်လျှင် မိုးကောင်းမြီု့တွင်
အရှင်စော်ဘွားကြီး စောဆိုဆိုင်ခက်ဘွ၊ စောငန်း မှိုင်းလုံ၊ နံတော်မှ စနေသား
သက်တော်(၄၇)နှစ်၊ သခင်မ မိဖုရားကြီး၊ နံတော်မှ ကြာသပတေး သမီး၊
အသက်တော်မှာ(၃၇)နှစ်၊ ဘွဲ့တော်ကား နန်းရွတ်တွန် ဆိုင်းမိုင်း၊ဤ သို့သော အမည်တော်ခံ၍
မြီု့တော်အမည်ကား ခဲခက်အမော် စည်ဆိုင်ဆာ တောင်ခန်းဟူ၍ အမည်ရှိသော ဘွဲ့တော်ကို
သိမ်းအုပ်တော်မူသည်တွင် ဘွဲ့အမည်အရည်တို့ကို ခန့်တော်မူသည်မှာ>>>
အမတ်ကြီး(၄)ပါး၊
အမတ်ထောက်(၄)ပါး၊
အတွင်းဝန်(၄)ပါး၊ မြီု့စာရေး(၄)ယောက် ။
အမတ်ကြီး (၄)ပါး ဘွဲ့အမည်
(၁) ။ သိန်လွန်လှန်း
(၂) ။ သိန်လှန်ပေါမိုင်
(၃) ။ သိန်ငါးမိုင်
(၄) ။ သိန်းမိုင်းဆိုင် ။
အတွင်းဝန် (၄)ပါး ဘွဲ့အမည်
(၁) ။ သိန်ကဟန်
(၂) ။ သိန်ခွန်မိုင်း
(၃) ။ သိန်ခွန်နော
(၄) ။ သိန်ခန်နော ။
ထမုန်ပေါမိုင်း အမည်
(၁) ။ ကန်မိုင်း
(၂) ။ ထင်မိုင်း
(၃) ။ ရွက်မိုင်း
မြီု့စာရေး အမည်ကား
(၁) ။ ဟိုမိုင်းဆိုင်
(၂) ။ ဟိုဖိုင်ကယ်
(၃) ။ ဟိုမိုင်းမာ
၎င်း သုံးရောက်မှာ အတွင်းအပြင်ရေးရသည်။ စာရေးအကြီးဆုံးဘွဲ့အမည်ကား
ဟိုမိုင်းဆိုင်ဘွဲ့ ခန့်တော်မူ၍ မိုးကောင်းမြီု့နယ် လေးရပ်၊ ရှစ်ရပ်၊ သတ်မှတ်သည့်
အတွင်းနေထိုင်ကြသည့် အစည်ကျေးရွာတို့ကို စီရင်စေသည်။ ၎င်း ဘွဲ့မှတ်တော်မူသည်
ဆင်တော်ဆင်ပေါက် အမည်ပေးတော်မူသည်ကား၊ ခင်မိုင်ကွန် ဆင်တော်၊ ဆင်မ-
မိုင်ဆိုင်ကော်ကဲ ဟူ၍ ဘွဲ့မှတ်တော်မူသည်။
ဆက်လက်ဖော်ပြပါမည် အပိုင်း ၃>>>၄ သို့
စောမင်းဖြူ
No comments :
Post a Comment
Note: Only a member of this blog may post a comment.