Monday, July 29, 2013
သမိုင်းထဲက မိုးကောင်း ' နန့်ကောင်းမြစ် လွင်ပြင်ဒေသ ' (၂)
ယနေ့မိုးကောင်းကို ကျောက်စိမ်းမြီု့တော်အဖြစ် ကောင်းစွာသိကြသော်လည်း ရှေးက
 သမိုင်းဝင်မိုးကောင်းမြီု့အကြောင်းကိုကား အထင်းအရှား မသိရချေ။ သိသူများကလည်း
 ရှေးဟောင်းမြီု့များကဲ့သို့ အနည်းဆုံး အုတ်မြီု့ရိုးရာမျှမကျန်သဖြင့်
 မြီု့ဖြစ်ခဲ့ဖူးသည်ဆိုလျှင်ပင် ယုံကောင်းမှယုံကြမည် ဖြစ်သည်။ မိုးကောင်းမြီု့ဟေယင်းကလည်း
 ယနေ့မြီု့သစ်နေရာနှင့် တခြားစီဖြစ်ပေသည်။ ရာဇာဝင်ကျမ်းများတွင် မြီု့၊ ပြ၊
 ကျုံးမြောင်းများနှင့် တည်ဆောက်ကြောင်းဆိုသည်။ အုတ်မြီု့ရိုး၊ သစ်မြီု့ရိုးဖြစ်သည်ကို 
အပီအသ မဆိုချေ။ မိုးကောင်းသည် သစ်တောထူထပ်သောနေရာတွင် တည်ရှိသဖြင့် 
အုတ်မြီု့ရိုးထက် သစ်တပ်မြီု့ရိုးကို အလေးထားတည်ဆောက်ခဲ့သော မြီု့ဖြစ်ခဲ့ဟန်ရှိသည်။ 
ဘုရင့်နောင်မင်းတရားကြီး  တပ်များချီလာစဉ်က လမ်းခုလတ်မှ သစ်တပ်ဖြင့် ခုခံခဲ့ကြောင်း
 တွေ့ရသည်။