သမိုင်းဝင်မိုးကောင်းမြီု့အကြောင်းကိုကား အထင်းအရှား မသိရချေ။ သိသူများကလည်း
ဝိုးတ၀ါးမျှသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တွေ့ရတတ်သော
ရှေးဟောင်းမြီု့များကဲ့သို့ အနည်းဆုံး အုတ်မြီု့ရိုးရာမျှမကျန်သဖြင့်
မြီု့ဖြစ်ခဲ့ဖူးသည်ဆိုလျှင်ပင် ယုံကောင်းမှယုံကြမည် ဖြစ်သည်။ မိုးကောင်းမြီု့ဟေယင်းကလည်း
ယနေ့မြီု့သစ်နေရာနှင့် တခြားစီဖြစ်ပေသည်။ ရာဇာဝင်ကျမ်းများတွင် မြီု့၊ ပြ၊
ကျုံးမြောင်းများနှင့် တည်ဆောက်ကြောင်းဆိုသည်။ အုတ်မြီု့ရိုး၊ သစ်မြီု့ရိုးဖြစ်သည်ကို
အပီအသ မဆိုချေ။ မိုးကောင်းသည် သစ်တောထူထပ်သောနေရာတွင် တည်ရှိသဖြင့်
အုတ်မြီု့ရိုးထက် သစ်တပ်မြီု့ရိုးကို အလေးထားတည်ဆောက်ခဲ့သော မြီု့ဖြစ်ခဲ့ဟန်ရှိသည်။
ဘုရင့်နောင်မင်းတရားကြီး တပ်များချီလာစဉ်က လမ်းခုလတ်မှ သစ်တပ်ဖြင့် ခုခံခဲ့ကြောင်း
တွေ့ရသည်။
ရှမ်းတို့ တန်ခိုးအင်အား
မြန်မာ့ သမိုင်းတွင်ရှမ်းတို့တန်ခိုးသြဇာကြီးမားမူနှင့် နိုင်ငံရေးဦးဆောင်နိုင်မူကို မိုးကောင်း၊
မိုးညှင်းတို့မှလွဲ၍ အခြားမည်သည့်ဒေသတွင်မှ မတွေ့ရသေးချေ။ မိုးကောင်း၊
မိုးညှင်းဒေသများသည် ပုဂံလွန်ကာလတွင် ထင်ရှားလာခဲ့သကဲ့သို့ ပင်းယ၊ စစ်ကိုင်းခေတ်တွင်
ဗဟိုမင်းနိုင်ငံ မြီု့တော်ကိုပင် သိမ်းပိုက်ထားနိုင်ခဲ့သည်။ သို့သော်လည်း တိုက်ခိုက်အပြီး
မိုးကောင်း၊ မိုးညှင်းတို့သာ ပြန်သွားခဲ့ကြသဖြင့် မြန်မာနိုင်ငံတွင် ရှမ်းမင်းဆက်ကို အခိုင်အမာ
မတည်ထောင်နိုင် ဖြစ်ခဲ့ရသည်။ ကလေးနှင့်လည်း တိုက်ခိုက်တတ်သဖြင့် အားနည်းခဲ့ရသည်။
ထိုအခွင့်ကောင်းကိုယူလျက် မင်းကြီးစွာစော်ကဲလက်ထက် အ၀က မိုးကောင်း၊ မိုးညှင်းတို့ကို
သိမ်းယူနိုင်ခဲ့သည်။
အ၀ခေတ် နောက်ပိုင်း မိုးကောင်း၊ မိုးညှင်းတို့ပြန်လည်အားကောင်းလာခဲ့ပြီး
သိုငံဘွားမင်းကြီးသည် အ၀ကို တစ်ဖန် လာရောက်သိမ်းပိုက်နိုင်ခဲ့ပြန်သည်။
သိမ်းပိုက်ပြီးနောက် သိုငံဘွားမင်းကြီးက သားတော်သိုဟန်ဘွားကို အ၀တွင်ထားခဲ့ပြီး
ပြန်သွားခဲ့သည်။ ယင်းသည် မြန်မာမှူးမတ်များ အကူအညီဖြင့် ကောင်းစွာအုပ်ချုပ်ရမည့်အစား
ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးခဲ့သဖြင့် မြန်မာများ သည်းမခံနိုင်ဖြစ်ကာ မင်းကြီးရန်နောင်
ဦးဆောင်ပြီးလုပ်ကြံသဖြင့် သိုဟန်ဘွား နတ်ရွာစံခဲ့ရသည်။ သို့သော် မြန်မာတို့သည်
မြန်မာမင်းဆက်ကို မထူထောင်ပဲ အုန်းဘောင်စော်ဘွားကိုပင် မြန်မာမင်းအဖြစ် အ၀တွင်
တင်မြှောက်ခဲ့ကြသည်။
ကိုးစော်ဘွားအ၀င် မိုးကောင်း
မိုးကောင်းမြီု့သည် ကိုးစော်ဘွား အ၀င်အပါဖြစ်သည်။ ထိုကိုးစော်ဘွားသည်
မဟာမိတ်အဖွဲ့လည်း မဟုတ်ချေ။ နယ်မြေအားဖြင့် စုရုံးထားခြင်းမျိုးလည်း မဟုတ်ချေ။
ရှမ်းတို့
ကြီးစိုးခဲ့ရာ အရေးပါသော စော်ဘွားကိုးဦး အုပ်ချုပ်ခဲ့သည့် နယ်မြေအဖြစ်သာ
ဆိုလိုခြင်းဖြစ်ပါသည်။
ထိုနေမြေတို့မှာ ( အက္ခရာစဉ် အရ )
ကလေး၊ ညောင်ရွှေ
ဗန်းမော်၊ မိုးကောင်း
မိုးညှင်း၊ မိုးနဲ
မိုးမိတ်၊ သီပေါ၊ သိန္နီ
တို့ဖြစ်သည်။ မြန်မာမင်းတို့က အချို့အချိန်တို့တွင် စော်ဘွားများကို
အဆောင်အယောင်များပေးသောအခါ ထိုကိုးစော်ဘွားကို တွေ့ရတတ်သည်။ ( ကုလား၊ ၂၀၀၆၊
တ၊ ၃၄၀ )
ထို့နောက် မိုးကောင်း ထင်ရှားလာခဲ့ပြန်သည်မှာ ဘုရင့်နောင်လက်ထက်တွင်ဖြစ်သည်။
ထိုအချိန်က မိုးကောင်း၊ မိုးညှင်း စသည့် ရှမ်းစော်ဘွားတို့ အဆင့်အနေအထားကို ဆိုရလျှင်
မိုးကောင်းစော်ဘွားသည် ထီးဆယ်စင်းဆောင်းအဆင့်
ကလေးစော်ဘွားသည် ထီးကိုးစင်းဆောင်းအဆင့်
မိုးညှင်းစော်ဘွားသည် ထီးငါးစင်ဆောင်းအဆင့်
ဝန်သိုစော်ဘွားသည် ထီးငါးစင်းဆောင်းအဆင့်
- အသီးသီးရှိကြသည်။ ( ဥသာရော၊ ၂၀၀၆၊ မျက် ၄၇ )
- ဘုရင့်နောင် မင်းတရားကြီး ကြွချီလာသောအခါ မိုးကောင်း၊ မိုးညှင်းတို့သည် တောတွင်းပြေးဝင်ပုန်းလျှိုး နေခဲ့ကြသော်လည်း နောက်ပိုင်းတွင် သမီးကညာ ဆင်ကြီးမြင်းကြီး ကန်တော့လက်ဆောင်ဖြင့် ထီးမကျိုးလှံမရှ ၀င်ရောက်လာခဲ့ကြသည်။ မိုးကောင်းက တစ်နှစ်သုံးကြိမ် ပယင်းခဲများကို လက်ဆောင်တော် ဆက်သရသည်။ ကလေး၊ မိုးညှင်း၊ သီပေါတို့ကလည်း ထို့အတူ ကတိုး အောင်သား၊ တရုတ်ပုဆိုး စသည်တို့ကို တစ်နှစ်သုံးကြိမ် လက်ဆောင်တော် ဆက်သကြရသည်။ မင်းတရားကြီး ချီရာသို့လည်း သောင်းတပ်တစ်တပ်ဖြင့် လိုက်ပါအမှုထမ်းရသည်။ ဘုရင့်နောင်မင်းတရားကြီးသည် မိုးကောင်းစော်ဘွားသားတော် ကလေးငယ်ကိုယူလာခဲ့၍ ကိုယ်တော်တိုင် ပြုစုစောင့်ရှောက် ကျွေးမွေးပြုစုခဲ့သည်။ သားတော်ရင်းကဲ့သို့လည်း ချစ်တော်မူသည်။ ကိုယ်တော်နှင့်အတူ ရွှေဖလား၌ စားတော်ခေါ်ခဲ့သည်။ ၀တ်စရာ အ၀တ်အင်္ကျီတို့ကို ကိုယ်တော်တိုင်တိုင်းတာ၍ ချုပ်လုပ်တတ်သူက ချုပ်ပေးစေခဲ့သည်။ ပညာကိုလည်း ကောင်းစွာသင်ကြားပေးခဲ့သည်။ အဘစော်ဘွားအရာကိုလည်း ကိုယ်တော်တိုင် ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့မျှ မိုးကောင်းစော်ဘွားကို ချစ်တော်မူခဲ့သည်။ သို့သော် မိုးကောင်းစော်ဘွားသည် မင်းတရားကြီးကို ပုန်ကန်ခဲ့သည်။ ပုန်ကန်ရခြင်းအကြောင်းမှာ မင်းကြီးချီလေသမျှစစ်မြေပြင်သို့ သောင်းတပ်တစ်တပ်ဖြင့် လိုက်ပါရသောကြောင့် စစ်မြေပြင်တွင်း ကျဆုံးသေကြေမည်အစား မိမိအရပ်မှာပင်သေတော့မည်စိတ်ကူးဖြင့် ပုန်ကန်ခဲ့ခြင်းဖြစ်သည်။ မင်းကြီးချီလာသောအခါ တောတွင်းထွက်ပြေး ပုန်းအောင်းနေခဲ့သည်။ ထိုအဖြစ်အပျက်တွင် မိုးကောင်းစောင်ဘွား၊ ယင်း၏အမတ် ပေါလသိုင်းစားနှင့် ဘုရင့်နောင်မင်းတရားကြီးတို့၏ သုံးပွင့်ဆိုင် ဆက်ဆံမှုသမိုင်းသည် အလွန်စိတ်ဝင်စားစရာကောင်းလှပေသည်။ မှတ်ချက်။ ( ပြန်လည်းရေးသားမျှဝေရန် စာမျက်နှာများမည်ဖြစ်သောကြောင့် ရာဇာဝင်သမိုင်းကျမ်းကိုသာ လေ့လာကြည့်ပါဟု တိုက်တွန်းလိုပါသည်။) အချုပ်မှာ မိုးကောင်းစော်ဘွားကိုမိခဲ့သော်လည်း သံယောဇဉ်ကြီးမားလှသော မင်းကြီးသည် အသက်မှလွှတ်ခဲ့လေသည်။ ဖမ်းမိလာသော မိုးကောင်းစားကို မင်းကြီးသည် ဗိုလ်ပုံအလယ်တွင်း အောက်ပါအတိုင်း ၀မ်းပန်းတနည်း ပြောခဲ့သည်။
နေ့ညဥ့်မြဲစေသည်၊ စာပေလည်း ငါသင်တော်မူသည်၊ ငါစားတော်ခေါ်လျှင် ရွှေခွက်နှင့်
ငါလက်တော်ထည်၍့ စားစေသည်၊ အ၀တ်ကိုလည်း ငါ့လက်တော်နှင့်
လျာထား၍ ၀တ်စေသည်၊ အင်္ကျီလည်း ငါ့လက်တော်နှင့် လျာထားပြီးလျှင် သူတခြားကို
ချည်စေ၍ ၀တ်ရသည်၊ ဤကဲ့သို့ ငါသနားတော်မူသည်နှင့်အညီ ရွှေနန်းရိပ်တွင်ကြီးသည်၊
သင့်ဘ မိုးကောင်းစော်ဘွားမရှိလျှင် သင့်ဘထွေးတို့လည်း လုပ်ရည်ကြံရည်နှင့်တကွ
အမှုတော်ကို ထမ်းပေးသည်ဖြစ်၍ မိုးကောင်းနှင့်ထိုက်လျှောက်သသူကြီးဖြစ်ပေးသည်။
ယင်းသို့ဖြစ်လျက် သင့်ဘထွေးတို့ကို ပေးတော်မမူ၊ သင့်ကိုလည်း
ငါ့သနားတော်မူသောကြောင့် မင်းမြှောက်တန်ဆာငါးပါးနှင့်တကွ ငါသူကောင်းပြုတော်မူသည်။
ထိုသို့သော ကျေးဇူးတော်ကို အောက်မေ့သဖြင့် သားတော်အစဉ်၊
မြေးတော်အဆက်တိုင်းအောင် မသင့်မတင့်သော အကြံအစည်ကို မကြံစည်အပ်၊ ထိုသို
့ မကြံအပ်သော အကြံအစည်ကို ကြံမိလေသောကြောင့် ဆင်မြင်းဗိုလ်ပါ မှူးကြီးမတ်ခိုင်တို့
ဆုံးပါးလေသည်။ ငါသားတော် အိမ်ရှေ့မင်းစသော မှူးတော်မတ်တော် အပေါင်းတို့သည်
ပင်ပန်းနွမ်းရိစွာချည်း လိုက်ရလေသည်။ ငါလည်းတောကြိုတောကြား ဆီးနှင်းခံ၍ ရှိရချေသည်။
ငါဘုန်းတော်ကြောင့် အမျိုးအဆွေနှင့်တကွ ရတော်မူသည်။ တစ်ပါးသော
မင်းဧကရာဇ်ဖြစ်သော် မျက်နှာကိုမျှမြင်ရမည် မဟုတ်ပေ၊ အထူးထူးသော ဘေးဘယတို့
ရောက်လေတော့မည် '' ဟူ၍မိန့်တော်မူသည်။
ထိုအမိန့်တော်ကို မိုးကောင်းစော်ဘွားကြားလျှင် ဦးသုံးကြိမ်ချ၍ ဤသို့
နားတော်လျှောက်သည်။
'' ကျွန်တော်သည်သို့ သည်အကြံအစည်ကို ကြံမိသည်၊ ယခုတစ်စုံတစ်ခုသော
ဘေးဘယဖြင့် ကွပ်မျက်တော်မူတော်လည်း မကောင်းမှုရှိတော်မမူပြီး၊ ထိုသို့
မှားသောအယူရှိသောသူကို မဟာကရုဏာတော်ဖြင့် မိန့်တော်မူသော
အမိန့်တော်ခွန်းကိုကြားရလျှင် ကျွန်တော့် ဦးခေါင်း၌ ခုနှစ်ချက်သော မိုးကြိုးတို့သည်
တစ်ပြိုင်နက်ကျဘိသကဲ့သို့ထင်သည်၊ ကျွန်တော်ကို ကွပ်မျက်သဖြင့် သေရသော်လည်း
အပ္ပါယ်လေးပါး၌ ခံရမည်အကြောင်းဖြစ်တော့သည်။'' ဆင်ဖြူရှင်မင်းတရားကြီးသည်
နောက်ဆုံး၌ မိုးကောင်းစော်ဘွားကို အသက်မှ လွှတ်ပေးတော်မူခဲ့သည်။ တိုင်ပင်ရာပါသူ၊
တစ်စိတ်တစ်ဝမ်းရှိသူ မှူးမတ်ငယ် တစ်ရာလောက်ကိုမူကာ အသက်မှလွှတ်ခဲ့သော်လည်း
နိုင်ငံတော်တွင် မထားပဲ အိန္ဒယသို့ တင်ပို့ရောင်းရသည်။ ထိုအဖြစ်အပျက်တွင် မင်းကြီးသည်
မိုးကောင်းစော်ဘွားအပေါ် မည်မျှချစ်ခဲ့ကြောင်း သာဓကဖြစ်သည်။
မိုးကောင်း အစုအမှုထမ်း
ညောင်ရမ်းမင်းဆက်ကို ထူထောင်ခဲ့သော မင်းရဲနန္ဒာမိတ်သည် အ၀ကိုသိမ်းပိုက်
ပြန်လည်တည်ထောင်ပြီးနောက် စည်းရုံးရေးများလုပ်ဆောင်ရာတွင် မိုးကောင်း၊ မိုးညှင်းတို့ကို
သိမ်းသွင်းစည်းရုံးနိုင်ခဲ့သည်။ ထိုမင်းသည် ရှမ်းပြည်နယ်ဒေသအနှံတို့မှ
ခေါ်ဆောင်လာခဲ့သူများကို အစုအ၀န်းများ ဖွဲ့ချခဲ့သည်။ သို့သော် မိုးကောင်းပါသူများကို
အနောက်ဘက်လွန်မင်း လက်ထက်တွင်မှ ဖွဲ့ချနိုင်ခဲ့သည်။ မိုးကောင်းပါ ကျေးစားရွားစားတို့၊
သားမြေးအရည်တူလူတို့ကို မြင်းစုဖွဲ့ခဲ့သည်။ ခေါင်းမှာ တုရင်သိင်္ခသူ ဖြစ်သည်။
ထို့နောက်မိုးကောင်းပါ၊ အိမ်ရှေ့နောက်တော်ပါ ကျေးစားတို့ သားမြေး အရည်တူကို
လက်ပန်စားကို ခေါင်းခန့်၍ မြင်းစုဖွဲ့ခဲ့သည်။ ယင်းသို့ အားလုံးသည်
လက်ဝဲတော်ဆင်ကပ်မှနေ၍ ခစားကြရသည်။ မျဉ်းနက်၊ မှောက်တိုနက် ( အမှတ်မရှိ )
ဝတ်ဆင်ကြရသည်။
စော်ဘွား သို့မဟုတ် ပပ္ပတရာဇာ၏
မင်းတရားရွှေထီး မိုးကောင်း၊ မိုးညှင်းတို့ချီတော်မူစဉ်က မိုးကောင်းစော်ဘွားသည်
တောင် ၄၅ လုံးအရှင်ဖြစ်သည်။ မိုးညှင်းစော်ဘွားက ၃၅ လုံးမှိုင်းကို
အစိုးရအကြောင်းသိရသဖြင့် မိုးကောင်းက သာလွန်ကြီးကဲသော
စော်ဘွားဖြစ်ကြောင်းသိရသည်။ ( ကုလား၊ ၂၀၀၆၊ ဒု၊ ၂၃၈ ) ညောင်ရမ်းခေတ်တွင်
မိုးကောင်းစော်ဘွားကို ၉၅ လုံးမှိုင်းရှင်စော်ဘွား အဖြစ်တွေ့ရှိရသည်။ ဆိုချင်သည်က
မိုးကောင်းစော်ဘွား အုပ်ချုပ်မူအောက်တွင် တောင် ၉၅ လုံးပါဝင်သည်ဟူ၍ ဖြစ်ပါသည်။
( ကုလား၊ တ၊ မျက် ၁၂၂-၂၃ ) မိုးညှင်းလည်း မိုးကောင်းအောက် ရောက်ရှိသွားပြီး
သဘောတွက်ဆရပါသည်။ အနောက်ဘက်လွန်မင်း လက်ထက် ရှမ်းစော်ဘွားတို
့ သမီးတော်များကို ဟံသာဝတီတို့ ခေါ်ယူသောအခါ မိုးကောင်းစော်ဘွားသမီးတော်လည်း
ပါရှိသည်။ ထိုအချိန်က မိုးကောင်းစော်ဘွားသည် မင်းတရားကြီး ဘုရားရှိရာ ဟံသာဝတီတွင်
ခစားနေသည်၊ မိုးကောင်းတွင် မရှိချေ။ စော်ဘွားမှာ စ၀်ဆိုင်လုံ ဖြစ်သည်။ သို့သော်
မင်းရဲဒီဗ္စအမူတွင် ပါဝင်ခဲ့၍ ကွပ်မျက်ခြင်းခံခဲ့ရသည်။ နောက်ပိုင်းတွင် တောင်ပိုင်းများမှ
ကချင်များလည်း ပါလာခဲ့သည်ကိုလည်းတွေ့ရသည်။ မိုးကောင်း ၀န်းကျင်က ကချင်တို့သည်
ရံခါ မိုးကောင်းမြီု့ကို လာရောက်တိုက်ခိုက်တတ်သဖြင့် မိုးကောင်းစော်ဘွားကို သိမ်းသွင်းရန်
နေပြည်တော်မှ မှာကြားသော အမိန့်တော်ကို ဗဒုံမင်းက ထုတ်ပြန်ခဲ့ဖူးသည်။
မင်းတုန်းမင်းလက်ထက်တွင် ကချင်တောင်စားတို့သည် ( တောင်ကိုအပိုင်စားရ )
နေပြည်တော်တို့ဆင်းလာခဲ့ကြပြီး ဒေသထွက်လက်ဆောင်တော်များ ဆက်ခဲ့သည်ကို
တွေ့ရသည်။ ၁၈၆၃ မိုးကောင်းမြီု့နယ်ပါ လဆန်းတောင်စား စောပိနှင့်
ထုံးသာနောင်တောင်စား၊ နောင်ကြာတောင်စား၊ လဘော်တောင်စား၊
လ၀ထူးတောင်စားငါးဦးတို့သည် နေပြည်တော်တို့ ရောက်ရှိလာခဲ့ကြပြီး ကတိုးခွာ၊ ဆင်စွယ်၊
ပယင်း နားထောင်း၊ အောင်းလှံများ ဆက်သခဲ့ကြသည်။ မင်းတုန်းမင်းတရားကြီးကလည်း
အပြန်အလှန်အားဖြင့် ငွေဒင်္ဂါးနှင့် အထည်အလိပ်များ ဆုပေးတော်မူခဲ့သည်။
ဦးဆောင်လာခဲ့သူ လဆန်းတောင်စား စောပိကို လဆန်းစော်ဘွားအဖြစ် တိုးမြှင့်ခန့်ပေးခဲ့ပြီး
' မဟာသီရိစောပိရာဇာ' ဘွဲ့ကိုပေးအပ် ချီးမြှင့်ခဲ့ပါသည်။ (ကဘဆ၊ ၂၀၀၄၊ တ၊ ၂၁၈ )
အခြားသော စော်ဘွားများကဲ့သို့ အစီးအနင်း အဆောင်အရွက်များလည်း ပေးခဲ့သည်။
ပါလာသူတိုကိုလည်း ဘွဲ့အမည်အရည်နှင့် အထည်အလိပ်များ ပေးသနားခဲ့သည်။ ကချင်ဗမာ
ချစ်ကြည်ရေး မှတ်တိုင်ပင်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည် အပိုင်း ၂ >>> ၃ သို့
စောမင်းဖြူ
No comments :
Post a Comment
Note: Only a member of this blog may post a comment.