ဧရာဝတီမြစ်ကို သျှမ်းတို့က နမ့်ကျိုဟူခေါ်သည်။ ချင်းတွင်းမြစ်ကိုတော့ သျှမ်းတို့က နမ့်တာလုံး ဟုခေါ် ဆိုသည်။ ယင်း နမ့်ကျိုနှင့် နမ့်တာလုံး တလျှောက်နှင့် မြေလတ်တွင်နေထိုင်ကြသော သျှမ်းလူမျိုး အုပ်စုကြီး ကို တိုင်းလျှဲန် သို့မဟုတ် သျှမ်းနီလူမျိုးအုပ်စုဟုခေါ်သည်။
သျှမ်းတို့ဆင်းတက်လာပုံ
မွန်ဂိုလွိုက် အနွယ်ဖြစ်သော တိုင်း(ခေါ်) သျှမ်းမျိုးနွယ်စုကြီးသည် အာရှတိုက်အနောက် အလယ်ပိုင်းတွင် ပေါက်ဖွားပြီး BC- ၁၁ မှ ၂၂ , ၂၂၂ ထိ ယခု တရုတ်ပြည် ပြည်မ တွင်းသို့ ၀င်ရောက်ကာ အခြေချနေ ထိုင်ခဲ့ကြသည်။ ထိုမှ အာရှတိုက် အရှေ့တောင်ဒေသအနှံ့အပြားသို့ ပျံ့နှံ့လာခဲ့သည်။ တရုတ်တို့၏ (TS’U) ဇူလက်နက် နိုင်ငံတော်နှင့် (TS’-in) ဇင်ခေတ်လောက် ကပင် တရုတ်ပြည် အနှံ့အပြား၌ တိုင်း (ခေါ်) ရှမ်းမျိုးနွယ်စုများ နေထိုင်ခဲ့ကြပြီးဖြစ်သည်။