Thursday, August 1, 2013

ဧရာဝတီမြစ်ဝှမ်း နှင့် ချင်းတွင်းမြစ်ဝှမ်း သျှမ်းလူမျိုးစုများ



ဧရာဝတီမြစ်ကို သျှမ်းတို့က နမ့်ကျိုဟူခေါ်သည်။ ချင်းတွင်းမြစ်ကိုတော့ သျှမ်းတို့က နမ့်တာလုံး ဟုခေါ် ဆိုသည်။ ယင်း နမ့်ကျိုနှင့် နမ့်တာလုံး တလျှောက်နှင့်  မြေလတ်တွင်နေထိုင်ကြသော သျှမ်းလူမျိုး အုပ်စုကြီး ကို တိုင်းလျှဲန် သို့မဟုတ် သျှမ်းနီလူမျိုးအုပ်စုဟုခေါ်သည်။

သျှမ်းတို့ဆင်းတက်လာပုံ 

မွန်ဂိုလွိုက် အနွယ်ဖြစ်သော တိုင်း(ခေါ်) သျှမ်းမျိုးနွယ်စုကြီးသည် အာရှတိုက်အနောက် အလယ်ပိုင်းတွင်   ပေါက်ဖွားပြီး BC- ၁၁ မှ ၂၂ , ၂၂၂ ထိ ယခု တရုတ်ပြည် ပြည်မ တွင်းသို့ ၀င်ရောက်ကာ အခြေချနေ ထိုင်ခဲ့ကြသည်။ ထိုမှ အာရှတိုက် အရှေ့တောင်ဒေသအနှံ့အပြားသို့ ပျံ့နှံ့လာခဲ့သည်။

တရုတ်တို့၏ (TS’U) ဇူလက်နက်   နိုင်ငံတော်နှင့် (TS’-in) ဇင်ခေတ်လောက် ကပင် တရုတ်ပြည် အနှံ့အပြား၌ တိုင်း (ခေါ်) ရှမ်းမျိုးနွယ်စုများ   နေထိုင်ခဲ့ကြပြီးဖြစ်သည်။


ထိုခေတ်က ဇူတို့ပြောဆိုသော ဘာသာစကားသည် တိုင်း (ခေါ်) သျှမ်းတို့၏ ပြောဆိုသော ဘာသာစကား   နှင့် အတူတူပင်ဖြစ်ခဲ့သည်။

ခရစ်မပေါ်မီကာလကပင် တရုတ်နှင့် တိုင်း(ခေါ်) သျှမ်းတို့သည် တန်ခိုး အာဏာ ပြိုင်ဆိုင်မှု စစ်ပွဲကြီးများ အဆက်မပြတ် ဆင်နွဲခဲ့ကြသည်။ ဦးစွာရောက်နှင့် ပြီးဖြစ်သော တိုင်း (ခေါ်)သျှမ်းတို့၏ အခြေချရာ နယ်မြေအတွင်း တရုတ်တို့ ၀င်ရောက်လာခြင်းကြောင့် ဖြစ်သည်။    နောက်ဆုံးတွင် တိုင်း(ခေါ်) သျှမ်းတို့သည် တရုတ်ပြည်မတွင်း၌ ဇူဝ်၊ ပံ့၊ ပါ၊ လန့်၊ နန်ချောင်၊ မိုင်းမော၊ စယ်လန့်၊ ဆင်းန်ဝီ စသော လက်နက်နိုင်ငံများ ထူထောင်ခဲ့ကြသည်။

 မြန်မာနိုင်ငံထဲကိုတော့ ရှေးခေတ် ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟု ခေါ်သော မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၁၄၈ (ခရစ်သက္ကရာဇ် မတိုင်မီ ၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယ ဥက္ကဌ (၂) နိုင်ငံခြား ဘာသာ သိပ္ပံကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဒေါက်တာ စိုင်းအောင်ထွန်း ရေးသားပြုစုသော တိုင်းလူမျိုးစုများ ပြန့်နှံနေထိုင်ပုံ သမိုင်း စာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။

ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးနေသော ရွှေမြို့တော် *"۩"*

သျှမ်းနီလူမျိုးတို့၏ အိုးစည်နိုင်ငံတော်   *"۩"*

ခန္တီးလုံဒေသ သျှမ်းမျိုးနွယ်စုများ *"۩"*

ဥရုမြစ်ဝှမ်းနှင့် သျှမ်းလူမျိုးနွယ်စုများ  *"۩"*

ဟူးကောင်းလွင်ပြင်နှင့် သျှမ်းမျိုးနွယ်စုများ  *"۩"* 

သမိုင်းထဲက သောင်သွပ်   *"۩"*

တိုင်းအာဟုမ်ခေါ် အာသံသျှမ်းမျိုးနွယ်စုများ  *"۩"*


သမိုင်းထဲက ပိန္နဲရိပ်မြို့    *"۩"*




သမိုင်းထဲက ပိန္နဲရိပ်မြို့


သမိုင်း အထင်ကရ သျှမ်းနီမြို့တော်များနှင့် သူရဲကောင်းများ


ဝမ်းဆေမြို့ခေါ် ၀န်းသိုမြို့  *"۩"*

မိန်းကောင်းမြို့ခေါ် မိုးကောင်းမြို့  *"۩"*

သမိုင်းအထင်က သူရဲကောင်းများ  အပိုင်း(၁) *"۩"*

သမိုင်းအထင်က သူရဲကောင်းများ  အပိုင်း(၂) *"۩"*

တချိန်က သမိုင်းအထင်ကရ  *"۩"*

သန်းထွန်းရဲ့ မြန်မာပြည်ထဲက သျှမ်းမြို့များ  *"۩"*

သမိုင်း အထင်ကရ သျှမ်းနီ ဘုရင်များနှင့် စော်ဘွာကြီးများ

မိန်းကောင်း စောဝ်ဖှခေါ် မိုးကောင်ဘုရင် စေ၀်ဆမ်လုံ

ကိုးသိန်းသခင်နဲ့ ငါးစီးရှင် *"۩"*
အ၀နန်းရှင်း ဆေခန်ဖှခေါ် သိုဟန်ဘွား

ဒုတိယ မိုးကောင်းမြို့တည်မင်း

တတိယ မိုးကောင်းမြို့တည်မင်း

စတုတ္ထမြို့တည် စေ၀်ကမ်းဆိုင် 

မိုးကောင်းမြို့ဝန် စေ၀်ဖိုးစော်ခေါ် ဗိုလ်ဖိုးစော်

ဝန်းသိုစော်ဘွားကြီး စောဝ်အောင်မြတ် *"۩"*

ရဲဘော်သုံးကျိပ်ဝင် သျှမ်းအမျိုးသားများ *"۩"*

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"
 

No comments :

Post a Comment

Note: Only a member of this blog may post a comment.