Monday, July 29, 2013
သမိုင်းထဲက မိုးကောင်း ' နန့်ကောင်းမြစ် လွင်ပြင်ဒေသ ' (၁)
  • ကချင်ပြည်နယ် အတွင်းရှိ မိုးကောင်းမြီု့သည် ရှေးဟောင်း မြန်မာ သမိုင်းတွင် 
  • မကြာခဏ တွေ့ရှိရသဖြင့် အရေးပါသော မြီု့တစ်မြီု့ဖြစ်သည်။
  •  မည်သို့အရေးပါခဲ့သနည်း၊ မိုးကောင်းဟုဆိုလျှင် မိုးညှင်းပါ တွဲပါလာတတ်သဖြင့် 
  • ထိုနှစ်မြီု့ကို မြီု့ညီနောင်ဟုပင် သမှတ်နိုင်ပေးသည်။ မိုးကောင်းသည်
  •  နှစ်စဉ်ရွာသွန်းသော မိုးရေကောင်းသဖြင့် ထိုအမည် ဖြစ်ပေါ် လာလေသည်လောဟု 
  • ဗမာ(မြန်မာ) တွေး တွေး၍ ရရှိသော်လည်း ဗမာ ( မြန်မာ) အမည် မဟုတ်ချေ၊
  •  ရှမ်းအမည်ကို ဗမာ ( မြန်မာ) သံထွက်၍ လွယ်သလို့ခေါ်ဆိုထားခြင်းသာ ဖြစ်သည်။
  •  အနီးစပ်ဆုံး အသံထွက်မှာ( မွောင်းကောင်း)- ( Mong Kawng ) ဟူ၍ 
  • အသံဖလှယ်နိုင်သည်။ မြန်မာ အဓိပ္ပယ်မှာ ( စည်မြီု့ ) ဟူ၍ဖြစ်သည်။ ဂီတ ( တူရိယာ )
  •  ပစ္စည်းတစ်မျိုးဖြစ်သော (စည်) သို့မဟုတ် (ဗုံ)ဟု အဓိပ္ပယ် တိုက်ရိုက်မယူပဲ
  •  မြီု့တည်ရာသည် စည်(ဗုံ) မျက်နှာပြင်ကဲ့သို့ ပြန့်ပျုးသောကြောင့် 
  • ထိုအမည်ဖြစ်လာဟန်ရှိကြောင်းလည်း တွေးဆကြည့်မိသည်။
  မိုးကောင်း သမိုင်းကို ရေးသာရာတွင် ဒေသပညာရှင်များ၏ အယူဝါဒ၊ အတွေးအခေါ်နှင်
 ဒေသပညာရှင်များ ရေသား ပြုစုခဲ့သည် မှတ်တမ်းတင်ခဲ့သည်တို့တွင်
၁။ ။ ဟေမာမြိုင် တောကျောင်းဆရာတော် အရှင်ကောဝိဒ၊ ( မိုးကောင်း သမိုင်း အကျဉ်းချုပ် ) ၊
 မြီု့ ၊ ပုံနိပ်တိုက် မပါ၊ ပုံနှိပ်နှစ်မပါ ၊  (၁၉၉၄)
၂။ ။ ဦးဘအေး ( မိုးကောင်းမြီု့ သူကြီးဟောင်း ) မိုးကောင်းမြီု့ သမိုင်း အကျဉ်း၊ မြီု့ ၊ 
ပုံနှိပ်တိုက်မပါ ၊ ပုံနှိပ်နှစ်မပါ ၊
၃။ ။ ဦးသိန်းလွင် ( ပြန် ) မိုးကောင်းမြီု့ ရာဇာဝင် ၊ မန်းလေး ၊ ကျား ပုံနှိပ်တိုက် ၊ ( ၁၉၃၈ ) 
တို့ဖြစ်သည်။
      ထို မိုးကောင်း သမိုင်းစာအုပ်တွင် နောက်ဆုံး စာအုပ်သည်၊ ပုံနှိပ် သမိုင်းနှင့်ပါ အပြည့်အစုံ
 ဖော်ပြထားပြီး ခေတ်ပြိုင် မှတ်တမ်းများကို ထည့်သွင်းနိုင်ခဲ့သဖြင့် သမိုင်းဝင် 
အထောက်အထား 
တစ်ရပ်လည်းဖြစ်ပါသည်။ ထိုစာအုပ်တွင် ခေါင်းစဉ်သုံးမျိုး ပါရှိပြီး အပြည့်အစုံ ဖော်ပြရသော်
     *    ဥဒီဂီရိရတ္ထတိုင်းဟု သမိုင်းတဆောင် ထွန်းလင်းပြောင်ခဲ့သော   *
         ၁။ မိုးကောင်းမြီု့ ရာဇာဝင်
          မိုးကောင်း ( စည်မြီု့ ) နှင့် မိုးညှင်း ( ဗျိုင်း ) မြီု့တို့သည် ရှမ်းတို့ ကြီးစိုးခဲ့ရာ
 ဒေသဖြစ်သည်။ မောရှမ်းဒေသမှ ရှမ်းနွယ်များ ဖြစ်သောကြောင့် ယင်းတို့ကိုလည်း မောရှမ်း၊
 အုပ်စိုးသူကိုလည်း မောမင်းကြီးဟု ပုဂံလွန်ကျောက်စာများတွင်
 ရေးသား မှတ်တမ်းတင်ခဲ့ကြသည်။ အာသံ၊ မဏိပူရ တို့နှင့်လည်း ဆက်သွယ်မူများ
 ရှိခဲ့ကြသည်။ အထူးသဖြင့် အဟုန်းမင်းနိုင်ငံ ခေတ်ကဖြစ်သည်။ ထိုကြောင်း အနောက်ဘက်
 အာသံ၊ မဏိပူရသားတို့က မိုးကောင်းကို ပုံ ( ဗုံ ) နိုင်ငံ ( Pong Kingdom ) ဟု
 ခေါ်ခဲ့ကြသည်။ စည် ကို ဗမာ ( မြန်မာ ) တို့ ဗုံ ဟူ၍ ခေါ်ခဲ့သောကြောင့် ဖြစ်ဟန်တူပါသည်။
         မောချိုင့်ဝှမ်းဘက်မှ ၀င်လာသော ရှမ်းတို့သည် ပထမ မိုးညှင်း ( ဗျိုင်း ) မြီု့ကို
 တည်ထောင်ချရပ် နေထိုင်ခဲ့ကြသည်။ နောက် အထက်သို့တက်၍ မိုးကောင်းကို 
တည်ထောင်ခဲ့ကြဟန်ရှိသည်။ မိုးကောင်းမြီု့သည် ချင်းတွင်းမြစ် အထက်ပိုင်းက မိုင်းခိုင်းနှင့်
 လည်း ဆက်သွယ်မူ ရှိခဲ့သည်။ ရှမ်းတို့ ထိုအရပ်သို့ မည်သည့်အချိန်က အခြေချလာခဲ့သည်ကို
 သမိုင်းထင်းရှား မသိသေးချေ။ ပုဂံပျက်ချိန်တွင် မိုးကောင်း၊ မိုးညှင်းတို့သည် ရှိနေပြီး
 ဖြစ်ကြောင်းသာ အခိုင်အမာ သိရသည်။ တရုတ်တပ်များ မြင်းစိုင်းသို့ ရောက်လာပြီး
 ပြန်သောနှစ် ( ၁၃၀၃ ) တွင် မြောက်ဘက် တစ်လွှားရှိ မိုးကောင်း၊ မိုးညှင်း ၊ ကာလေ ၊
 မိုင်းညောင်း တို့ ပုန်းကန်းခဲ့ကြောင်းဆိုသဖြင့် ပုဂံခေတ်ကတည်း ထိုဒေသသည် ပုဂံသြဇာ၊
အာဏာအောက်တွင် ရှိနေကြောင်း သိသာထင်ရှားသည်။ ( ကုလား၊ ပ ၊ ၁၉၆၀ ၊ မျက် ၃၁၅ )
       ပဒေသရာဇ်ခေတ်တွင် ဗဟိုအင်အားနည်းလာသောအခါ နယ်ပယ်ဒေသတို့သည်
 မိမိတို့လုံခြုံမူကိုရှာကြရင်း ဆက်စပ်နယ်များနှင့် တိုက်ကြခိုက်ကြ လုပ်လာတတ်ကြသည်။ 
သြဇာ နယ်မြေ ချဲ့ထွင်း ထူထောင်ကြခြင်းဖြစ်သည်။ သို့ဖြင့် မိုးညှင်း၊ မိုးကောင်းဒေသသည်
 နောက်တည်ထောင်လာခဲ့ကြသော ပင်းယ၊ စစ်ကိုင်းတို့နှင့် ခေတ်ပြိုင်
 အင်အားကောင်းလာခဲ့သည်။ ပင်းယ၊ စစ်ကိုင်းတွင် အုပ်စိုးကြသူများလည်း
 ရှမ်းမင်းများပင်ဖြစ်သည်။ သို့ဖြင့် ပုဂံပျက်ပြီးနောက်တွင် မြန်မာနိုင်ငံ၌ အဓိကအင်အားစုကြီး
 နှစ်ရပ်မှာ မွန်နှင့်ရှမ်း တို့သာဖြစ်ပေသည်။ ရှမ်းတွင် သုံးစုကွဲနေသည်ဟု ဆိုနိုင်သည်။ ယနေ့
 ရှမ်းပြည်နယ်ဒေသရှိ ရှမ်းများတစ်စု၊ ပင်းယ၊ စစ်ကိုင်းတို့တွင် အုပ်ချုပ်နေသော
 ဗမာဖြစ်ရှမ်းများကတစ်စုနှင့် မိုးကောင်း၊ မိုးညှင်းရှမ်းများ ဟူ၍ တစ်စုတွေ့ရသည်။ မိုးကောင်း၊
 မိုးညှင်းနေ မောမင်းကြီး သိုချည်ဘွားက ( ၁၃၆၄ ) တွင် ပင်းယနှင့် စစ်ကိုင်းကို
 သိမ်းပိုက်နိုင်ခဲ့သဖြင့် မြန်မာမင်းနိုင်ငံသည် မောမင်းကြီးနိုင်ငံအဖြစ်
 ခေတ္တကျရောက်သွားခဲ့ရသည်။ သို့သော် ယင်းတို့သည် ပင်းယ၊ စစ်ကိုင်းတို့တွင်
 မနေပဲပြန်သွားသောကြောင့် ချင်းတွင်းမြစ်ကမ်းမှ ကြခတ်ဝရာတွင် ရှိနေသော 
သတိုးမင်းဖျားက ပင်းယသို့ ၀င်ကာသိမ်းပိုက်ပြီး အ၀မြီု့ကို တည်ထောင်၍ ပြန်လည်း 
စည်းရုံးခဲ့သည်။
      ထို့ကြောင့် ပုဂံခေတ်လယ်လောက်တွင် မိုးကောင်း၊ မိုးညှင်းတို့ ကြီးပွားစပြုနေပြီ
 ဖြစ်ပါသည်။ သို့သော် မိုးညှင်းက အရင်ကြီးပွားခဲ့ပြီး မိုးကောင်းက နောက်မှ
 ကြီးပွားလာပါသည်။ အ၀ခေတ် မင်းကြီးစွာလက်ထက် ကလေးနှင့် မိုးညှင်းရန်စစ်ဖြစ်ကြသည်။
 နှစ်ဘက်စလုံးမှ မင်းကြီးစွာကို စစ်ကူတောင်းကြသည်။ အ၀က မည်သည်ဘက်မှ မပေးဘဲ
 ယာညက်ကြက်ပန်းမှ နှစ်ပြည်ထောင်စလုံးကို သိမ်းပိုက်ခဲ့သည်။ နောက်ပိုင်းတွင် မိုးကောင်းက
 ပိုမိုသြဇာအာဏာ ကြီးမားလာခဲ့ပါသည်။
      မိုးညှင်းရှမ်းစလုံသည် အ၀ကိုသိမ်းပြီးနောက် သိုဟန်ဘွားကို လွှဲထားခဲ့သည်။
 သိုဟန်ဘွားကို မင်းကြီးရန်နောင် လုပ်ကြံပြီးနောက် အုန်းဘောင်ခုံမှိုင်း ပြန်လည်၍ 
အ၀ထီးနန်းကို အပ်ခဲ့သည်။ ထိုမင်းလက်ထက် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ရန်
 ရှမ်းစော်ဘွားခုနှစ်ဦးကို မဟာမိတ်ပြုခဲ့သည်။ ယင်းတို့မှာ အ၀ဘုရင် ခုံမှိုင်း၊
 ညောင်ရွှေစော်ဘွား၊ ဗန်းမော်စော်ဘွား၊ မိုးကောင်းစော်ဘွား၊( မိုးညှင်းစော်ဘွား )၊
 မိုးမိတ်စော်ဘွားနှင့် အုံးဘောင်စော်ဘွား အုပ်စုတို့ပဲဖြစ်သည်။ ၎င်းတို့က ပြည်ကို
 လုပ်ကြံပြီးနောက် တောင်ငူနှင့်ဟံသာဝတီတို့ကို လုပ်ကြံ တိုက်ခိုက်ရန် အစီအမံဖြစ်သည်။ 
သို့သော် မင်းတရား ရွှေထီးတပ်များကို မယှဉ်နိုင်ဘဲ မိုးကောင်း၊ မိုးညှင်းစော်ဘွားများ 
အားလုံးပင် မင်းတရားရွှေထီးနှင့် ဘုရင့်နောင်တို့တပ်များ၏ ချေမှုန်းခြင်းကို ခံခဲ့ကြရသည်။
  ဆက်လက်ဖော်ပြပါမည် အပိုင်း ၁>>>၂ သို့
        စောမင်းဖြူ
No comments :
Post a Comment
Note: Only a member of this blog may post a comment.