အလောင်းဘုရား (၁၇၅၂ - ၁၇၆၀) က ၁၇၅၂ ခုနှစ်တွင် ရွှေဘိုကို အခြေခံ၍ ကုန်းဘောင်
မင်းဆက်ကို တည်ထောင်ခဲ့သည်။ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင်
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့်
တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ
အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်း
လက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို
အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ
အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅)
လက်ထက်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ
အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့
ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား
အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း
အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ်
ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင်
ထင်ရှားလှသည့် ပတ္တမြား ငမောက်လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင်
ရောက်ရှိနေမှန်း မသိရပေ။
ရှေးရာဇဝင်လာ မြန်မာတိုင်းကြီး ၃-ရပ်မြန်မာ့ရာဇဝင်ကျမ်းများ၌ ထင်ရှားသော တိုင်းကြီး ၃-
တိုင်းကို ပိုင်းခြား ရေတွက် ဖော်ပြခဲ့ဖူးသည်။ ယင်းတို့မှာ
(၁) သုနာပရန္တတိုင်း - ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊
တစ်နည်း - စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်
အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊
(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊
တစ်နည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏
အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊
(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တစ်နည်း- ရှမ်းနယ်များကို
ခေါ်ဆိုသည်။
ရာမညတိုင်းကို မွန်သုံးရပ်ဟုဆိုကာ အနောက်ဖက် ပုသိမ်(ကုသိမ်) ၃၂ မြို့ ၊
ဟံသာဝတီ(ပဲခူး)
၃၂ မြို့ နှင့် မုတ္တမ ၃၂ မြို့ ဟုခွဲခြားသတ်မှတ်သည်။
လယ်တွင်း ကိုးခရိုင်စပါးများစွာ ထွက်၍ ရှေးခေတ် မြန်မာရာဇဝင်၌ ထင်ရှားသော
ခရိုင်နယ်များ၊ ပန်းလောင်းမြစ်၏ မှီရာ (၁) စောလှမြို့နယ်၊ (၂) ပင်လယ်နယ်၊ (၃)
မြစ်သားနယ်၊ (၄) ပျဉ်းမနားနယ်တို့ဖြစ်၍၊ ဇော်ဂျီမြစ်၏ မှီရာ၊ (၅) မြောင်လှနယ်၊ (၆)
မြင်းခုံတိုင်နယ်၊ (၇) မက္ခရာနယ်၊ (၈) ပနံနယ်၊ (၉) မြင်စိုင်းမြို့နယ် ခရိုင်တို့ ဖြစ်လေသည်။
ဗြိတိသျှကိုလိုနီခေတ်(၁၈၈၆-၁၉၄၈)
မြန်မာနိုင်ငံသည် အင်္ဂလိပ်မြန်မာ စစ်ပွဲ သုံးကြိမ် အပြီး၁၈၈၆တွင် ဗြိတိသျှအင်ပါယာ
အတွင်း
သွတ်သွင်းခံခဲ့ ရပြီး၊ ဗြိတိသျှပိုင်အိန္ဒိယ၏ ပြည်နယ်ကြီးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
၁၉၃၇ခုနှစ် အရောက်တွင် ဗြိတိသျှအိန္ဒိယမှ ခွဲထုတ်ခါ သီးခြားကိုလိုနီ အဖြစ်
ထပ်မံသတ်မှတ် ခံရသည်။ ဗြိတိသျှတို့သည် လယ်ယာစိုက်ပျိုးရေး၊
ကူးသန်းရောင်းဝယ်ရေးနှင့် အခြား လုပ်ငန်းများ တိုးတက်စေရန် အိန္ဒိယ နှင့် တရုတ် လူမျိုး
အများအပြား ခေါ်သွင်းလာခဲ့ရာ မကြာမီပင် မြို့ပြဒေသ များ၌ မြန်မာများအစား ၄င်းတို့က
နေရာဝင်ယူလာကြသည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ရထားလမ်းများ၊ ကျောင်းများ
အများအပြား ဆောက်လုပ်ခဲ့သည်သာမက နာမည်ဆိုးနှင့် ကျော်ကြားသော အင်းစိန်ထောင်
အပါအဝင် ထောင်များစွာတို့ကိုလည်း ဆောက်လုပ်ခဲ့သည်။ ၁၉၃၀ခုနှစ် များတစ်လျှောက်
မြန်မာနိုင်ငံတွင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး လှုပ်ရှားမှုများ အများအပြား
ပေါ်ပေါက်ခဲ့ပြီး မကြာခဏ အကြမ်းဖက် နှိမ်နင်းခံရလေ့ ရှိသည်။ ဗြိတိသျှတို့၏
မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓ ဘာသာ အပေါ် မထီမဲ့မြင် ပြုမှုများသည် နယ်ချဲ့ဆန့်ကျင်ရေး
စိတ်ဓာတ်များ မြစ်ဖျားခံရာ ဖြစ်လာသည်။
၁၉၃၇ခုနှစ် ဧပြီ၁ရက်နေ့တွင် မြန်မာနိုင်ငံအား ဗြိတိသျှ-အိန္ဒိယမှ တရားဝင်ခွဲထုတ်ခဲ့သည်။
အဆိုပါ ခွဲရေး-တွဲရေး ကိစ္စသည် မြန်မာလူမျိုးများ အကြား စိတ်ဝမ်းကွဲ စေခဲ့ပြီး
လွတ်လပ်ရေးရပြီးကာလ လက်နက်ကိုင်တောခို မှုများပေါ်ပေါက်စေရသည့်
အခြေခံအကြောင်းရင်းများတွင် ပါဝင်သည်ဟုဆိုကြသည်။ ၁၉၄၀ခုနှစ်များတွင်
သခင်အောင်ဆန်း နှင့်ရဲဘော်သုံးကျိပ်တို့ ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားကာ
ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ) ကိုဖွဲ့စည်းခဲ့သည်။ ဒုတိယကမ္ဘာစစ်
အတွင်းတွင် ဂျပန်နှင့် ဘီအိုင်အေ တပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ဗြိတိသျှတို့ အိန္ဒိယသို့
ဆုတ်ခွါခဲ့ရသည်။ ထိုစဉ်က မြန်မာအများစုမှာ ဂျပန်တို့နှင့် ပူးပေါင်းခဲ့ကြသော်လည်း ချင်း၊
ကချင်စသည့် တိုင်းရင်းသားအချို့မှာ ဗြိတိသျှ-ဘားမား စစ်တပ်တွင် ဝင်ရောက်
အမှုထမ်းခဲ့ကြသည်။ ဗြိတိသျှတို့ မြန်မာ့မြေပေါ် မှဆုတ်ခွါအပြီးတွင် ဘားမားရိုင်ဖယ်
တပ်ရင်းမှာ ချင်းဒစ် အထူးတပ်ဖွဲ့တွင် ပါဝင်လာကာ အမေရိကန်-ကချင်ရိန်းဂျား တပ်ရင်း
မှာလည်း ဂျပန် တို့အား တန်ပြန် ထိုးစစ်ဆင်နေ ခဲ့ကြသည်။ ၁၉၄၂မှ
၁၉၄၄ထိ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဘီအိုင်အေ နှင့် ရခိုင်အမျိုးသားတပ်မတော်
တို့ ဂျပန်တို့နှင့် ပူးပေါင်း တိုက်ပွဲဝင် ခဲ့သော်လည်း ၁၉၄၅ခုနှစ်တွင် မဟာမိတ်တပ်များနှင့်
ပူးပေါင်းကာ ဂျပန်တို့အား ပြန်လည်တော်လှန်ခဲ့ကြသည်။ ၁၉၄၇ခုနှစ် အရောက်တွင်
ဗိုလ်ချုပ်အောင်ဆန်းသည် ကြားဖြတ်အစိုးရ အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး
ဇူလိုင်၁၉ရက်နေ့တွင် သူ၏ဝန်ကြီးများနှင့်အတူ နယ်ချဲ့လက်ပါးစေ တို့၏ လုပ်ကြံခြင်း
ခံခဲ့ရသည်။
တိုင်းကြီးကိုးတိုင်း (ဖ.ဆ.ပ.လ ခေတ်)နိုင်ငံတော် အုပ်ချုပ်ရေး လွယ်ကူစေရန်
လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် တိုင်းကြီး ၉-တိုင်း၊ ၉-ဌာနခွဲကာ တိုင်းမင်းကြီးများကို
ခန့်ထားလေသည်။ ယင်းတို့မှာ -
(၁) ချင်းဝိသေသတိုင်း- ချင်းတောင်, ရခိုင်တောင်တန်းနယ်များ ပါဝင်၍ ဖါလံမြို့တွင်ရုံး
စိုက်သည်၊
(၂) ကော်သူလေး အထူးတိုင်း-သံလွင်ခရိုင် အပါအဝင် ဖါပွန်မြို့၌ ရုံးစိုက်သည်၊
(၃) တနင်္သာရီတိုင်း- တောင်ငူ, သထုံ, မော်လမြိုင်,ထားဝယ်, မြိတ်ခရိုင်တို့ပါဝင်သည်၊
(၄) ဧရာဝတီတိုင်း-ပုသိမ်,ဟင်္သတ,မြောင်းမြ,မအူပင်,ဖျာပုံခရိုင်တို့ပါဝင်သည်၊
(၆) ပဲခူးတိုင်း-ပဲခူး,အင်းစိန်,သာယာဝတီ,ပြည်,ရန်ကုန်ခရိုင်တို့ပါဝင်သည်၊
(၇) မကွေးတိုင်း-မကွေး,သရက်,မင်းဘူး,ပခုက္ကူ,ကန်ပလက်ခရိုင်တို့ ပါဝင်သည်၊
(၈) မန္တလေးတိုင်း-မန္တလေး, ကျောက်ဆည်, ရမည်းသင်း, မိတ္ထိလာ, မြင်းခြံခရိုင်တို
့ ပါဝင်သည်
(၉) စစ်ကိုင်းတိုင်း-စစ်ကိုင်း,ရွှေဘို,ကသာ,မော်လိုက်,မုံရွာ, ခရိုင်တို့ ပါဝင်သည်။
(လွတ်လပ်ရေး ဖ-ဆ-ပ-လ ခေတ်မှ)
တိုင်းနှင့် ပြည်နယ် ၁၄-ခု(မ.ဆ.လ ခေတ်(၁၉၇၄)မှ ၂၀၁၀ ထိ)
စောမင်းဖြူ
|
No comments :
Post a Comment
Note: Only a member of this blog may post a comment.