သံလွင်မြစ်ကို သျှမ်းတို့က နမ့်ခုံးဟုခေါ်သည်။ ယင်းနမ့်ခုံးသည် တရုတ်ပြည်တွင် မြစ်ဖျားခံ၍ မြန်မာပြည်တွင်း ဖြတ်ဆင်းကာ ပယ်လယ်ဝသို့ဆီးဝင်သည်။ အထူးသဖြင့် နမ့်ခုံးမြစ် ရှေ့ခြမ်းနှင့် အနောက်ခြမ်း ဟူ၍ သျှမ်းနှစ်မျိုးရှိသည် အနောက်ခြမ်းတွင်နေထိုင်ကြသော သျှမ်းများကို တိုင်လုံတို့ဟုတ် သျှမ်းကြီး ရှေ့ခြမ်းတွင် နေထိုင်ကြသော သျှမ်းလူမျိုးများကို တိုင်းလိ သို့မဟုတ် ဆစ်ဆောင်ပါးနား သျှမ်းနှင့် တိုင်းခိင် သို့မဟုတ် ဂုံသျှမ်းလူမျိုး ဟုခေါ်ဆိုကြသည်။
သျှမ်းတို့ဆင်းတက်လာပုံ
ထိုခေတ်က ဇူတို့ပြောဆိုသော ဘာသာစကားသည် တိုင်း (ခေါ်) သျှမ်းတို့၏ ပြောဆိုသော ဘာသာစကား နှင့် အတူတူပင်ဖြစ်ခဲ့သည်။ ခရစ်မပေါ်မီကာလကပင် တရုတ်နှင့် တိုင်း(ခေါ်) သျှမ်းတို့သည် တန်ခိုး အာဏာ ပြိုင်ဆိုင်မှု စစ်ပွဲကြီးများ အဆက်မပြတ် ဆင်နွဲခဲ့ကြသည်။ ဦးစွာရောက်နှင့် ပြီးဖြစ်သော တိုင်း (ခေါ်)သျှမ်းတို့၏ အခြေချရာ နယ်မြေအတွင်း တရုတ်တို့ ၀င်ရောက်လာခြင်းကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် တိုင်း(ခေါ်) သျှမ်းတို့သည် တရုတ်ပြည်မတွင်း၌ ဇူဝ်၊ ပံ့၊ ပါ၊ လန့်၊ နန်ချောင်၊ မိုင်းမော၊ စယ်လန့်၊ ဆင်းန်ဝီ စသော လက်နက်နိုင်ငံများ ထူထောင်ခဲ့ကြသည်။
မြန်မာနိုင်ငံထဲကိုတော့ ရှေးခေတ် ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟု ခေါ်သော မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၁၄၈ (ခရစ်သက္ကရာဇ် မတိုင်မီ ၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယ ဥက္ကဌ (၂) နိုင်ငံခြား ဘာသာ သိပ္ပံကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဒေါက်တာ စိုင်းအောင်ထွန်း ရေးသားပြုစုသော တိုင်းလူမျိုးစုများ ပြန့်နှံနေထိုင်ပုံ သမိုင်း စာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။
တိုင်းလုံခေါ်သျှမ်းကြီး လူမျိုး *"۩"*
တိုင်းခိင်ခေါ် ဂုံသျှမ်း လူမျိုး *"۩"*
တိုင်းလိခေါ် ဆစ်ဆောင်ပါးနား လူမျိုး *"۩"*
ရာဇာဝင်ထဲက သတို့သမီး *"۩"*
ခေမရဋ်တိုင်းက ဗုဒ္ဓမြတ်ဆံတော် *"۩"*
ခေမာဝရတိုင်းရဲ့ တော်ဝင်ပန်းတပွင့် *"۩"*

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်
No comments :
Post a Comment
Note: Only a member of this blog may post a comment.