Monday, August 5, 2013

ငါတို့ရဲ့ အိမ်


ခေါင်မလုံ အမိုးကစုတ်

ဒုက္ခတွေဖျန်းဖျန်းပြေး

သောကတွေထန်တဲ့

ငါတို့ရဲ့ အိမ်။

ကောက်ကျစ်မှုတွေအားပြိုင်

နိုင်ရာစားဝါဒီတွေကြီးစိုး

ခေါင်းပြတ်တွေဖန်ဆင်းတဲ့

ငါတို့ရဲ့ အိမ်။

အမှန်တရားတွေလမ်းပျောက်

မီးထွန်းရှာရမဲ့သစ္စာ

ကိုယ်ကျင့်သိက္ခာက ခြကိုက်

အနင်းခံကြမ်းတွေ

မျက်ရည်နဲ့တသားတည်းဖြစ်နေတဲ့

ငါတို့ရဲ့ အိမ်။

အတိတ်မှာအိမ်မက်ဆိုး

ပစ္စုပ္ပန်ကအကျည်းတန်

အနာဂတ်စောက်ထိုးဖြစ်နေတဲ့

ငါတို့ရဲ့ အိမ်။

ပတ်ဝန်းကျင်ကောင်း ငတ်မွတ်

ဆာလောင်မှုတွေအမောဖြေ

မှိန်ပြပြနံနက်ခင်းမှာ

ဂုတ်သွေးစုတ်ဘီလူးတချို့ရဲ့

ချောင်းမြောင်းခြင်းခံနေရတဲ့

ငါတို့ရဲ့ အိမ်။   ။



MSMA ကျောင်းသား 

No comments :

Post a Comment

Note: Only a member of this blog may post a comment.