* ကေအိုင်အေ၏ စစ်ရေးနှင့် စီးပွားရေး အနေအထား *
ကေအိုင်အေ (Kachin Independence Army) သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နိုင်ငံမြောက်ပိုင်းရှိ မြေရှားသတ္ထုတွင်းများ ထွက်ရှိရာ ဒေသများကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုဒေသများသည် ကမ္ဘာ့မြေရှားသတ္ထုများ၏ တစ်ဝက်ကျော် ထွက်ရှိနေသည့် နေရာများဖြစ်သောကြောင့် ကေအိုင်အေသည် မြေရှားသတ္ထုထုတ်လုပ်မှုကို လိုသလို တိုး၊ လျှော့ လုပ်နိုင်သည့် အနေအထားကို ပိုင်ဆိုင်သွားခဲ့သည်။
မြေရှားသတ္ထုများသည် ကေအိုင်အေအတွက် ဘဏ္ဍာရေးအရ အသက်သွေးကြောကြီး ဖြစ်လာခဲ့သည်။
Global Witness ၏ စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်အတွင်း ကုန်သွယ်ရေး ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရှိခဲ့သည်ဟု သိရသည်။
ကေအိုင်အေသည် ၎င်းတို့ နယ်မြေများအတွင်း မြေရှားသတ္ထုများ လာရောက် ထုတ်ယူနေသည့် တရုတ်ကုမ္ပဏီများကို ကြီးလေးစွာ အခွန်အခများ သတ်မှတ်ကောက်ခံနေပြီဖြစ်သည်။
လက်ရှိတွင် ကေအိုင်အေမှ အခွန်ကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံလာခဲ့ရာ ပြည်တွင်းကုမ္ပဏီများအဖို့ တွက်ခြေမကိုက် ဖြစ်လာရသည်။
ကေအိုင်အေသည် လက်ရှိ ထုတ်လုပ်ပြီးသား မြေရှားသတ္ထု လက်ကျန်များကို တရုတ်ပြည်သို့ တင်ခွင့် ပြုလိုက်ကြောင်း ရိုက်တာသတင်းတွင် ပါရှိသည်။
* တရုတ်နိုင်ငံအပေါ် သက်ရောက်မှုများ *
ကေအိုင်အေ၏ မြေရှားသတ္ထုတွင်းများ သိမ်းပိုက်မှုသည် စစ်အုပ်စုထက်ပင် * တရုတ်နိုင်ငံကို ပို၍ အထိနာသွားစေခဲ့သည်။ *
၎င်းမှာ တရုတ်တို့က ထိုဒေသတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် ဖြစ်သည်။
ဖေဖော်ဝါရီလတွင် တရုတ်တို့ ထုတ်ယူသွားနိုင်မည်ဟု ခန့်မှန်းရသည့် ပမာဏသည် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ၃၁၁ မက်ထရစ် တန်အထိ ကျဆင်းသွားသည်။
ကချင်ပြည်နယ်တွင် အများဆုံး စုဝေးနေသည့် တာဘီယမ်အောက်ဆိုဒ် (terbium oxide) ၏ တရုတ်နိုင်ငံ ဈေးကွက်ပေါက်ဈေးသည် စက်တင်ဘာလနှောင်းပိုင်းမှ မတ်လ ၂၄ ရက်နေ့အထိ တစ်ကီလိုဂရမ်ကို ယွမ် ၆,၅၅၀ အထိ ရောက်ရှိခဲ့ပြီး ၂၁.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
တရုတ်ကုမ္ပဏီများသည် ၂၀၁၀ ပြည့်နှစ်၊ ဘီဂျင်းမှ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် စည်းမျဉ်းများ တင်းကျပ်လာသည့်နောက်ပိုင်းတွင် မြန်မာဘက်သို့ စုပြုံရောက်ရှိလာခဲ့ကြသည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်တွင်မူ တရုတ်ကုမ္ပဏီများသည် မသိချင်ယောင် ဆောင်ကာ ဒလကြမ်း ထုတ်လုပ်လာခဲ့ကြသည်။
ထိုသို့ အဆမတန် ထုတ်လုပ်မှုကြောင့် ကချင်ပြည်နယ်အတွင်း ကျောက်ပေါက်မာများ၊ တောင်ကုန်းများ၊ အဆိပ်အတောက်များ စိမ့်ထွက်နေသည့် ရေအိုင်များဖြင့် ပွန်းပဲ့ပျက်စီးနေသည့် ဆိုးကျိုးများ ပေးဆပ်ခဲ့ရသည်။
ထုတ်လုပ်မှုများ အပြည့်အဝ ပြန်လည် စတင်နိုင်ရန်အတွက် နည်းပညာနှင့် ကျွမ်းကျင်လုပ်သား ထောင်ပေါင်းများစွာရှိသည့် တရုတ်နိုင်ငံနှင့် သဘောတူညီမှု ရယူရန် လိုအပ်နေသည်။
* ကေအိုင်အေ၏ နိုင်ငံရေး ရည်မှန်းချက်များ *
ကေအိုင်အေသည် တရုတ်နှင့် စစ်အုပ်စုအကြား သပ်လျိုနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ရှေ့လျောက် ဆွေးနွေးပွဲများတွင် အပေါ်စီးနေရာယူနိုင်သွားပြီဟု ကချင်လူမှုနိုင်ငံရေး ပြဿနာကို လေ့လာသူ ဒန်ဆိုင်းလွန်းက ပြောသည်။
ကေအိုင်အေသည် ၎င်းတို့အပေါ် စစ်အုပ်စုနှင့် ဆွေးနွေးရန် တရုတ်ဘက်မှ ဖိအားပေးနေမှုများ ရပ်တန့်စေလိုပြီး * နယ်ခြားဒေသအား ၎င်းတို့ အပြည့်အဝ ထိန်းချုပ်ထားမှုများကို အသိအမှတ်ပြုစေလိုသည် ။ *
* ဒန်ဆိုင်းလွန်း၏ ပြောကြားချက်အရ ပြီးခဲ့သည့်လများအတွင်း ကေအိုင်အေနှင့် တရုတ်တို့သည် တစ်လလျှင် နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့သည်။
* ဘီဂျင်းသည် ပြောင်းလဲလာနေသည့် အာဏာချိန်ခွင်လျှာကို အသိအမှတ်မပြုပါက KIA အနေဖြင့် အခြားရွေးချယ်စရာ လမ်းကြောင်းများကို ရှာဖွေရလိမ့်မည်ဟု ဒန်ဆိုင်းလွန်းက ပြောသည်။
* အိန္ဒိယနိုင်ငံ၏ ပါဝင်လာမှု *
*အိန္ဒိယဘက်ကလည်း မြေရှားသတ္ထုများ ရရှိရန် လိုအပ်နေသောကြောင့် ကချင်တွင် နက်နက်ရှိုင်းရှိုင်း ဩဇာသက်ရောက်မှု ရရှိရန် ကြိုးစားလာသည်။
*ကချင်သည် တရုတ်နှင့် မပတ်သက်ချင်သောကြောင့် အိန္ဒိယနှင့် ကေအိုင်အေတို့ ဆွေးနွေးရန် ဖြစ်လာရခြင်းဖြစ်သည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ဆိုသည်။
အိန္ဒိယဘက်ကလည်း တရုတ်ထက် ဈေးပိုပေးရန် ဆန္ဒရှိနေသည်ဟု ဒန်ဆိုင်းလွန်းက ပြောသည်။
သို့သော် လက်နက်ကိုင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ လှုပ်ရှားနေသည့် ဒေသများတွင် လုပ်ကိုင်ဆောင်ရွက်ရန်နှင့် ပတ်သက်၍ အိန္ဒိယအာဏာပိုင်များအကြား သဘောထား ကွဲလွဲမှုများ ရှိနေသည်။
#NawTuAwng
26 , 10 , 2025
No comments :
Post a Comment
Note: Only a member of this blog may post a comment.