Showing posts with label ဆောင်းပါး-burma. Show all posts
Showing posts with label ဆောင်းပါး-burma. Show all posts

Saturday, September 21, 2013

ဆွန်ဇု၏ စစ်ပညာကျမ်း ( ၁ )

စစ်ရေးပမာဏ သုံးသပ်ခြင်း

ဆွန်ဇုက ဤသို့မိန့်ဆို၏ ...
စစ်ရေးသည် တိုင်းပြည်အတွက် အရေးအကြောင်း ကိစ္စရပ်ကြီးဖြစ်သည်။ သေရေးရှင်ရေးအပေါ် အခြေတည်ပြီး တည်တံ့ခိုင်မြဲရေးနှင့် ပျက်သုဉ်းရေး အကြောင်းတရားဖြစ်ပေသည်။ ထို့ကြောင့် မဖြစ်မနေ ဆင်ခြင်ဆန်းစစ် လေ့လာဂရုပြုရမည်။ 
စစ်ရေးအခြေအနေကို ကောင်းစွာသိမြင်နိုင်ရန်အလို့ငှာ ရန်သူနှင့်မိမိဖက်ရှိ အကြောင်းရပ်ကြီးငါးချက်အပေါ် အခြေတည်ပြီး စီမံကြံစည်လှုပ်ရှားမှုများကို နှိုင်းယှဉ်သုံးသပ်တတ်ရမည်။ ယင်းတို့ကား ...
၁။ ကျင့်ဝတ်တရား
၂။ ဥတု အာကာ သဘာဝ
၃။ ပထ၀ီ မြေအနေအထား
၎။ ခေါင်းဆောင်တပ်မှူး
၅။ စည်းကမ်း ဥပဒေ ... တို့ ဖြစ်ကြ၏။

ကျင့်ဝတ်တရားဆိုသည်ကား အုပ်စိုးသူတို့အနေနှင့် ကောင်းမြတ်သောကျင့်ဝတ်တရားများနှင့် ပြည့်စုံညီညွတ်ပြီး ပြည်သူပြည်သားများအား အထက်နှင့်အတူ စိတ်ရင်းသဘောရင်း တစ်သားတည်းကျရောက်နေစေခြင်းကို ဆိုလိုသည်။ ဤသို့အားဖြင့် ပြည်သူတို့ကို အုပ်စိုးသူတို့က စေလိုရာစေစားနိုင်ပြီး သေအတူရှင်မကွာ အခက်အခဲအန္တရာယ်များကို မမှုပဲစွန့်လွှတ်စွန့်စား ရင်ဆိုင်လာကြလိမ့်မည်ဖြစ်သည်။

ဥတု အာကာ သဘာဝဆိုသည်မှာ နေ့နှင့်ည အပါအ၀င် တရုတ်အခေါ် ယင်ဓာတ်(မဓာတ်/သီတ) နှင့် ယန်ဓာတ်(ဖိုဓာတ်/ဥဏှ)၊ အပူအအေး၊ ဥတုရာသီနှင့် အချိန်အခါကာလတို့ကို ခြုံ၍ဆိုလိုခြင်းဖြစ်သည်။

ပထ၀ီမြေအနေအထားဆိုသည်မှာ အနီးအဝေး၊ အန္တရာယ်ကျရောက်နိုင်သော အရေးပါသည့်နေရာနှင့် လုံခြုံလွယ်ကူချောမွေ့သည့်နေရာ၊ မြေပြင်အကျဉ်းအကျယ်၊ သေရေးရှင်ရေးကိန်းဆိုက်ရာ မြေအနေအထားတို့ကို ဆိုလိုသည်။

ခေါင်းဆောင်တပ်မှူး(ခေါ်) စစ်သူကြီးတို့မည်သည်ကား ဥာဏ်ပညာကြီးမှု၊ ကတိသစ္စာရှိမှု၊ မေတ္တာအကြင်နာရှိမှု၊ ရဲစွမ်းသတ္တိရှိမှု၊ တည်ကြည်ပြတ်သား စည်းကမ်းကြီးမှု စသည့်အရည်အချင်းများနှင့် ပြည့်စုံရမည်ဟု ဆိုလိုသည်။

စည်းကမ်းဥပဒေဆိုသည်မှာ တပ်များစနစ်တကျ ဖွဲ့စည်းအုပ်ချုပ်တည်ဆောက်မှု၊ အရာရှိအရာထမ်းများ ခန့်အပ်စီမံမှု၊ စစ်ပစ္စည်းရိက္ခာ ထိန်းသိမ်းခွဲဝေသုံးစွဲမှုတို့ကို ဆိုလိုသည်။

အထက်ပါအချက်ကြီးငါးချက်ကို စစ်သူကြီး (သို့) ခေါင်းဆောင်တပ်မှူးတိုင်း မဖြစ်မနေနားလည် သိရှိထားအပ်ပေသည်။ ၎င်းအကြောင်းအချက်တို့ကို ကောင်းစွာအပြည့်အ၀သိရှိနားလည်ပါက စစ်ပွဲကိုအောင်နိုင်ရာ၏။ မသိနားမလည်သူတို့ကား စစ်ပွဲမအောင်ရာ။ 
ထို့ကြောင့် အချက်ကြီးငါးရပ်နှင့်အညီ နည်းဗျူဟာများကို ရှာကြံချမှတ်ရာမှ အောက်ပါအခြေအနေ အရပ်ရပ်တို့ကို နှိုင်းယှဉ်လေ့လာသုံးသပ် ဆင်ခြင်တတ်ရပေမည် ... .. . 

ယင်းတို့သည်ကား 
- မည်သည့်ဘက်က အုပ်စိုးသူတို့တွင် ကျင့်ဝတ်တရားပြည့်ဝမှန်ကန် ကျင့်ကြံအားထုတ်သနည်း။ မည်သည့်ဘက်က စစ်သူကြီးတို့တွင် လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံထက်မြက်သနည်း။ ဥတုအာကာ သဘာဝ အခြေအနေနှင့် ပထ၀ီမြေအနေအထားများနှင့် ပတ်သက်၍ မည်သည့်ဘက်က အခွင့်အလမ်းသာသနည်း။
- အမိန့်စည်းကမ်း ဥပဒေများကို မည်သူ့ဘက်က တင်းကျပ်စွာ ပြဌာန်းလိုက်နာကျင့်သုံးသနည်း။ မည်သည့်ဘက်က တပ်အင်အားပိုမိုများပြား ကြံ့ခိုင်အားသာသနည်း။ စစ်သည်များကို မည်သည့်ဘက်က ကောင်းစွာစစ်ရေးလေ့ကျင့်ပေးထားသနည်း။ ဆုပေး၊ ဒဏ်ပေးစနစ်ကို မည်သူ့ဘက်က မှန်ကန်တော်လျော်စွာ ကျင့်သုံးသနည်း။ အထက်ပါနှိုင်းယှဉ်လေ့လာချက်များအရ သုံးသပ်စိတ်ဖြာလိုက်လျှင် မည်သူ့ဘက်က နိုင်မည်၊ မည်သူ့ဘက်က ရှုံးမည်ကို ကြိုတင်ခန့်မှန်း သိရှိနိုင်လောက်ပေပြီ။

ကျွန်ုပ်၏အကြံဥာဏ်ကို အရှင်မင်းကြီး လက်ခံအသုံးပြုပါက၊ စစ်ပွဲသေချာအောင်နိုင်မည်ဖြစ်၍ ကျွန်ုပ်လည်းဆက်လက်နေထိုင် ခစားသွားနိုင်မည်။ ကျွန်ုပ်၏အကြံဥာဏ်ကို လက်မခံပဲစစ်တိုက်ပါက ကျိန်းသေရှုံးနိမ့်လိမ့်မည်ကို သိသည်အလျှောက် ကျွန်ုပ်လည်းမနေလိုပဲ ထွက်ခွာသွားမည်သာဖြစ်သည်။ (တစ်နည်းအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ... .. . တပ်မှူးများသည် ကျွန်ုပ်၏ အကြံဥာဏ်အတိုင်း လိုက်နာကျင့်သုံးပါက အောင်ပွဲများ ရယူနိုင်မည်ဖြစ်သည့်အလျောက် ဆက်လက်တာဝန်ထမ်းဆောင်ပါစေ။ ကျွန်ုပ်၏ အကြံဥာဏ်များကို လိုက်နာကျင့်သုံးခြင်းမရှိသော တပ်မှူးများကိုအသုံးချပါက မုချရှုံးပွဲနှင့် ရင်ဆိုင်ရတော့မည်ဖြစ်၍ တာဝန်ပေးခန့်အပ်ခြင်း မပြုပါနှင့်တော့။)

အကျိုးရှိသော အကြံဥာဏ်ကောင်းများကို လက်ခံကျင့်သုံးနိုင်ခြင်းဖြင့် အနေအထားကောင်းတစ်မျိုးတစ်ဖုံကို ဖန်တီးပေးရာရောက်လေရာ၊ စစ်ရေးလှုပ်ရှားမှုကို တစ်ဖက်တစ်လမ်းကလည်း အထောက်အကူပြုရာရောက်ပေသည်။ ဤမည်သော အနေအထားဆိုသည်ကား မိမိအတွက်အကျိုးရှိသော အခြေအနေပေါ်တည်မှီ၍ စစ်၏လက်ဦးမှုကို အခြေအနေနှင့်လိုက်လျောညီထွေစွာ လိမ္မာပါးနပ်စွာ အမိအရကိုင်တွယ်စီမံနိုင်ရာ၏ဟု ဆိုလိုပေသည်။

စစ်ရေးစစ်ရာဟူသည်ကား ပရိယာယ်လှည့်စားမှုပေါ် အခြေတည်၏။ ထို့ကြောင့် တိုက်နိုင်သည်ကိုလည်း မတိုက်နိုင်ဟန်ဆောင်ပါ၊ စစ်လှုပ်ရှားကစားနေသည်ကိုလည်း မလှုပ်မရှားလေဟန် လှည့်စားပါ။
နီးရာကိုကြံပြီး ဝေးရာကိုမှန်းသယောင် လှုပ်ရှားပါ၊ လှမ်းရာကိုကြံပြီး နီးရာကိုမှန်းသယောင်လှည့်စားပါ။ ရန်သူ့အကြိုက် မက်လုံးပေးမြူဆွယ်ပါ။ ရန်သူ့တပ် ဗရမ်းဗတာဖြစ်လျှင် ၀င်စီးပါ။
ရန်သူအင်အားကြီးလျှင် လုံခြုံအောင် အသင့်ပြင်ထားပါ။ ရန်သူအင်အားတောင့်တင်းလျှင် ရင်ဆိုင်တိုက်ရန် ရှောင်ရှားပါ။ ရန်သူစိတ်ဆတ် စိတ်တိုလွယ်လျှင် ဒေါသူပုန်ထ စိတ်ရှုတ်အောင်ဆွပေးပါ။ ရန်သူ့စိတ်သိမ်ငယ်နေလျှင် အထင်ကြီးစိတ်ဝင်အောင် လုပ်ပါ။ ရန်သူတို့ သက်သာ ဆိတ်ငြိမ်နေပုံရှိလျှင် စိတ်ပန်းလူပန်းဖြစ်အောင်လုပ်ပါ။ ရန်သူ့တပ်တွင်း စည်းစည်းလုံးလုံးရှိလျှင် သွေးခွဲသပ်လျှိုပါ။ ရန်သူ့ဘက်က အသင့်ပြင်ဆင်ထားခြင်းမရှိသောနေရာကို ရွေးတိုက်ပါ။ ရန်သူတို့မျှော်လင့်မထားသော ချိန်ခါနေရာကနေ အလစ်ထွက်တိုက်ပါ။ ဤသည်တို့ကား စစ်ရေးစစ်ရာအောင်နိုင်ရေးအတွက် နည်းပရိယာယ်များတည်း။ စီရင်လှည့်စားမှုကို ကြိုတင်ပုံသေကားကျပြောပြထား၍ မရနိုင်ချေ။

စစ်မတိုက်မီကပင် အောင်ပွဲရနိုင်ကြောင်း ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်းအကြောင်းကား ကြိုတင်တွက်ချက်ပြင်ဆင်မှု စေ့စပ်သေချာပြီးအောင်ပွဲရ အခြေအနေများအပြည့်အ၀ ဖန်တီးထားနိုင်သောကြောင့် ဖြစ်ရာ၏။
စစ်မတိုက်မီကပင် မအောင်နိုင်ကြောင်း ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်းမှာ ကြိုတင်တွက်ချက်ပြင်ဆင်မှုအားနည်းပြီး အောင်ပွဲရအခြေအနေဖန်တီးမှု မလုံလောက်သောကြောင့်ဖြစ်ရာ၏။
ကြိုတင်တွက်ချက်ပြင်ဆင်မှု များများပြည့်စုံလေ၊ အောင်ပွဲရနိုင်လေဖြစ်သည်။ ကြိုတင်တွက်ချက်ပြင်ဆင်မှု နည်းပါးလေ၊ အောင်ပွဲနှင့်ဝေးလေဖြစ်သည်။ ကြိုတင်မတွက်ချက် မပြင်ဆင်သော် အဘယ်သို့သော အောင်ပွဲကိုမျှ ဧကန်မရနိုင်။
အထက်ပါတို့ကို ထောက်ရှုလေ့လာခြင်းအားဖြင့် အရှုံးအနိုင်အခြေအနေကို ပေါ်လွင်ထင်ရှားစွာ ကျွန်ုပ်တို့ သိရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး - လမ်းပြစာတမ်း ( အပိုင်း ၃ )

 မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာအတွေးအမြင်

၃၅။ အတိတ်မှ သိသိသာသာလမ်းခွဲထွက်ခြင်း

ဆင်းရဲနွမ်းပါးမှုသည် နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေးအရ သတိကြီးစွာထား၍ ကိုင်တွယ်ရသည့်ကိစ္စဖြစ်ပါသည်။ မြန်မာပြည်တွင် ဆင်းရဲနွမ်းပါးမှုနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သလောက် လုပ်ဆောင်ခဲ့ခြင်းမျိုးကို မတွေ့ရပါ။ အစိုးရသစ် က ဆင်းရဲနွမ်းပါးမှုပြဿနာကို ပထမဆုံးပြုလုပ်သည့် နိုင်ငံတော်အဆင့်စီးပွားရေးဆွေးနွေးပွဲတွင် ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်း လာခြင်းကပင် အတိတ်ကာလမှ သိသိသာသာလမ်းခွဲထွက်လာကြောင်း ဖော်ပြနေခြင်း ဖြစ်ပါသည်။ ယခုအလုပ်ရုံဆွေးနွေးပွဲ တွင် မူဝါဒချမှတ်သူများ၊ အစိုးရအရာရှိများ၊ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လူထုပြန်ကြားရေးအဖွဲ့အစည်းများ၊ စာနယ်ဇင်းအဖွဲ့ဝင်များ ပါဝင်နေကြောင်း သတိပြုသင့်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးသည် မြန်မာပြည်သူများအတွက် အလေးထားဖြေရှင်းရ မည့် ကိစ္စဖြစ်ပြီး ဤအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သူတို့က ပြန်လည်သုံးသပ်မှုများ၊ အမြင်ချင်းဖလှယ်မှုများ၊ အကြံပြုဆွေးနွေး တင်ပြမှုပြုခြင်းများအားဖြင့် အဖြေရှာဆောင်ရွက်ကြမည် ဖြစ်ပါသည်။ ထိုအနေအထားက နိုင်ငံတော်သည် စီးပွားရေးနှင့် လူမှုရေးပြဿနာများကို ချဉ်းကပ်မှုအသစ်ဖြင့် ဖြေရှင်းရန်ဆန္ဒရှိကြောင်း ဖော်ပြရာရောက်ပါသည်။

၃၆။ အခြေခံမူများ

မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးမဟာဗျူဟာကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ယခုကဲ့သို့ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များမှာ မတ်လ ၃ဝရက်နေ့ ပြည်ထောင်စု လွှတ်တော်ရှိ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ၌ ပြောကြားခဲ့သော မူဝါဒဆိုင်ရာမိန့်ခွန်း၊ မတ်လ ၃၁ရက်နေ့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုအဖွဲ့အစည်းများ၏ အကြီးအကဲများသို့ ပြောကြားသည့် မိန့်ခွန်းနှင့် ဧပြီလ ၆ရက်နေ့ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများအား ပြောကြားသည့် မူဝါဒရေးရာမိန့်ခွန်းများဖြစ်သည်။ ထိုမိန့်ခွန်းများ၌ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု၊ ကောင်းမွန်သောအစိုးရစနစ်၊ တရားဥပဒေစိုးမိုးရေးကိစ္စများကို အလေးပေးပြောကြားခဲ့သည့်အပြင် အဂတိလိုက်စားမှု၊ လူနည်းစုကောင်းစားရေးဝါဒ၊ ဆင်းရဲချမ်းသာကွာဟမှုကိစ္စများအပေါ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေကြောင်းကိုလည်း အလေးအနက်ပြောကြားခဲ့ပါသည်။၁၄ ဤအရေးကိစ္စများသည် မြန်မာနိုင်ငံတွင် မဖြစ်မနေဖြေရှင်းရမည့်ပြဿနာများဖြစ်ပြီး ယင်းတို့ကို စပြီးကိုင်တွယ်ဖြေရှင်းရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခြင်းသည်ပင်လျှင် နိုင်ငံတော်၏အသွင်သစ်တစ်ရပ်ကို ဖော်ပြခဲ့သည်သာမက ဆင်းရဲနွမ်းပါးမှု ပြဿနာလျှော့ချစေရေးနှင့် ဆက်လက်ဆောင်ရွက်မည့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ကောင်းမွန် သောနိဒါန်းလည်း ဖြစ်ပါသည်။

၃၇။ နိုင်ငံတော်သမ္မတကြီးက ထိုသို့သောအပြုသဘောဆောင်သည့် မူဝါဒရေးရာကြေညာချက်သည်ပင် မျှော်လင့်အားတက် စရာလည်းဖြစ်လာစေပါသည်။ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အပြုသဘောရှုမြင်သော် လည်း နိုင်ငံရေးဆန္ဒနှင့် လုပ်နိုင်စွမ်းတို့အပေါ် သံသယရှိနေသောကြောင့် ထိုသံသယများ၊ စိုးရိမ်ပူပန်မှုများကို ပပျောက်စေ ရန်မှာ လက်တွေ့ကျသည့်လုပ်ဆောင်မှုများ ဆောင်ရွက်ပြရန် လိုအပ်ပါမည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးသည် ဤစိန်ခေါ်မှု များကိုရင်ဆိုင်ရန် အလားအလာကောင်းသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ နိုင်ငံတွင်းရှိ ဆင်းရဲနွမ်းပါးသူများ လက်တွေ့ ခံစားနေရသော ဒုက္ခများအပေါ် လက်ခံအသိအမှတ်ပြုမှုများ ပိုမိုကျယ်ပြန့်လာနေပါသည်။ ယင်းတို့နှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများအနေဖြင့် လုပ်ဆောင်ပေးရန်ဆန္ဒ မြင့်မားလာပါသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အရင်းအမြစ်ြ<ွကယ်ဝသည့်နိုင်ငံဖြစ်နေပြီး နိုင်ငံ၏ စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ ရေလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းကဏ္ဍများသည်လည်း အလားအလာကောင်းများဖြစ်ထွန်းနေသကဲ့သို့ ဆင်းရဲသူများ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အနေအထားများလည်း ရှိနှင့်ပြီးဖြစ်ပါသည်။ ဤအချက်များသည်ပင် ဆင်းရဲမှုလျော့ကျရေးမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲ၍ အကောင်အထည်ဖော်ရန် အခြေခံကောင်းများဖြစ်ပါသည်။



၃၈။ ပို၍ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမဟာဗျူဟာမှ ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေးသာမက စီးပွားရေးပြုပြင်ပြောင်းလဲ မှုကိုပါ ဖော်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုသည် အလွန်အရေးကြီးပါသည်။ ထိုကိစ္စများမှာ စီးပွားရေး အကြံပေးပုဂ္ဂိုလ်တွေနှင့် ပိုမို၍သက်ဆိုင်မည်ဟုလည်း ထင်ပါသည်။

၃၉။ အတိတ်ကာလက ပညာရှင်နှင့် သုတေသီတို့သည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးပြဿနာများအပေါ် လေ့လာမှုများ ပြင်ဆင်တင်ပြ၍ အမြင်သုံးသပ်ချက်များပေးရာတွင် မိမိဘာသာ ဆင်ဆာဖြတ်တောက်တင်ပြသည့်အလေ့အထရှိခဲ့ကြပါသည်။ ယခုအခါတွင် သမ္မတကြီး၏ မူဝါဒမိန့်ခွန်းများကြောင့် ပိုမိုပွင့်လင်း၍ ထင်သာမြင်သာရှိရေးနှင့်စပ်လျဉ်း၍ အလားအလာ ကောင်းများကို ပို၍ရှုမြင်ရမည်ဟု ယုံကြည်ပါသည်။ ပိုမိုပွင့်လင်းထင်သာမြင်သာရှိမှုကြောင့် ပညာရှင်တို့အနေဖြင့်လည်း သူတို့၏ရှုမြင်သုံးသပ်ချက်များ ပို၍ရိုးသားစွာတင်ပြလာကြမည်ဟု ယူဆရပါသည်။ ရိုးသားမှုနှင့်ပွင့်လင်းမြင်သာမှုသည် ပြည်သူ လူထုတို့၏ ယုံကြည်မှုရရှိလာရေးတွင် အလွန်အရေးပါသည့်ကိစ္စလည်း ဖြစ်ပါသည်။ ပြည်သူလူထု၏ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုရရှိမှသာလျှင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသာမက စီးပွားရေးပြုပြင် ပြောင်းလဲမှုကိစ္စကိုပါ ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၎ဝ။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို ချဉ်းကပ်ရာတွင် ပွင့်လင်းမှုနှင့် ထင်သာမြင်သာရှိမှုတို့ အရေးပါပုံကို အမေရိကန် ပြည်ထောင်စုအား နမူနာအဖြစ် ကြည့်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး၊ စီးပွားရေးအင်အားအကောင်းဆုံး၊ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံတွင်ပါဝင်သော အမေရိကန်ပြည်ထောင်စုကပင်လျှင် သူတို့နိုင်ငံတွင် မိမိတို့သတ်မှတ်ထားသော ဆင်းရဲမှုမျဉ်းအရ ၄၃သန်းသောပြည်သူများမှာ ဆင်းရဲနွမ်းပါးနေကြပြီး တိုင်းပြည်ဝင်ငွေ၏ လေးပုံ တစ်ပုံကို ထိပ်ဆုံး တစ်ရာခိုင်နှုန်းကသာ ရယူခံစားနေကြသည်ဟု ထုတ်ဖော်ပြောဆိုလာမှုများရှိပါသည်။၁၅ ထိုရှုထောင့်မှကြည့်လျှင် မြန်မာ နိုင်ငံတွင်လည်း ဆင်းရဲနွမ်းပါးသူများရှိနေပြီး ယင်းတို့၏ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရမည်ဟု ထုတ်ဖော်ပြောဆိုဖို့အရေး ဝန်လေးရန်မသင့်ပါ။


၄၁။ အားလုံးပါဝင်သည့်ချဉ်းကပ်မှု

မြန်မာနိုင်ငံ၌ ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှုအများဆုံးရှိနေရာ လူဆင်းရဲများ၏ပြဿနာကိုဖြေရှင်းရန် စိုက်ပျိုး ရေးဖွံ့ဖြိုးတိုးတက်မှုသည် အတော်ပင်အထောက်အပံ့ပြုနိုင်မည် ဖြစ်ပါသည်။ သို့သော် ကျေးလက်ဒေသတွင် မနေထိုင်ကြသော လူဆင်းရဲများလည်း နိုင်ငံတိုင်းတွင်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် မြို့ပြနေဆင်းရဲသူများအပြင် ပထဝီအနေအထားအားနည်းမှု ကြောင့် ဆင်းရဲသူများ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဆက်နွှယ်ဆင်းရဲသူများ၊ နယ်စပ်ဒေသများကဲ့သို့ တည်ငြိမ်မှုအားနည်း သည့်နေရာများတွင် နေထိုင်ကြသော ဒုက္ခရောက်နေသည့် လူ့အဖွဲ့အစည်းများလည်းရှိနေကြပါသည်။ ထိုသူများ၏ လိုအပ် ချက်များကို ဖြည့်ဆည်းနိုင်မည့်အကူအညီများနှင့် အထူးအစီအစဉ်များသည် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးမဟာဗျူဟာတွင် ပါဝင်ရန် အလွန်လိုအပ်ပါသည်။

၄၂။ ယင်းအချက်နှင့်ပတ်သက်၍ မြို့ပြနေဆင်းရဲသားများ၏အခန်းကဏ္ဍကိုလည်း သတိပြုသင့်ပါသည်။ မြို့ပြဆင်းရဲသား အများစုသည် ကျေးလက်မှ မြို့ပေါ်တက်၍ စားဝတ်နေရေးအတွက် လာရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ကျေးလက် နှင့် အဆက်အသွယ်အမြဲရှိနေကြပါသည်။ ရရှိသောဝင်ငွေမှ တတ်အားသမျှ ကျေးလက်ရှိမိသားစုများထံ ပြန်လည်ထောက်ပံ့ ကြသူများလည်း ဖြစ်ကြပါသည်။ ထို့ကြောင့် မြို့ပြနေဆင်းရဲသားများအတွက် အလုပ်အကိုင်နှင့်အခွင့်အလမ်းကောင်းများ ဖန်တီးပေးခြင်းသည် ကျေးလက်ဆင်းရဲသားများကို ကူညီရာလည်း ရောက်ပါသည်။

၄၃။ လက်တွေ့ကျကျလုပ်ဆောင်ရေး

ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးမဟာဗျူဟာတွင် လက်တွေ့ကျကျလုပ်ဆောင်ရန် နည်းလမ်းများကို အဆိုပြုပါသည်။ လက်တွေ့ကျသောနည်းမှာ ဘာပြဿနာရှိရှိ ဖြေရှင်းပေးမည်။ ပြဿနာကို အလုပ်ဖြစ်သောနည်းဖြင့် ဖြေရှင်းမည်ဖြစ်သည်။ ပြည်သူ့အကျိုးအတွက် မည်မျှကြိုးကြိုးစားစားလုပ်ဆောင်နေသည်က အရေးမကြီးပေ။ ပြည်သူ့အကျိုးအတွက် ဘာတွေ လက်တွေ့ဆောင်ရွက်ခဲ့သလဲဆိုသောအချက်က အရေးကြီးပါသည်။

၄၄။ လက်တွေ့ကျသောနည်းနှင့်ပတ်သက်၍ တရုတ်ပြည်မှ နမူနာကိုကြည့်နိုင်ပါသည်။ စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲ ရေးတွင် ပုဂ္ဂလိကလယ်ကွက်များ သတ်မှတ်ခြင်းနှင့် ထွက်ကုန်များကို ဈေးကွက်သို့သွားရောက်ရောင်းချကြခြင်းကို လယ်သမား များကိုယ်တိုင် စတင်လုပ်ဆောင်ခဲ့ကြသည်။ ယင်းပြုပြင်ပြောင်းလဲမှုများကို တရုတ်ပြည်စီးပွားရေး၏ ဗိသုကာတိန့်ရှောင်ဖိန် (Deng Hiaoping) သည် တရားဝင်အတည်ပြုပေးခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ အလားတူ ကျေးလက် နွမ်းပါးမှုတိုက်ဖျက်ရေးအတွက် အဓိကကျသောကျေးလက်လုပ်ငန်းများ Town and Village Enterprises (TVEs)ထူထောင်ပေးသည်။ ယင်းဆောင်ရွက်ချက်သည် လယ်ယာမလုပ်သော်လည်း ကျေးရွာတွင် အခြေချနေထိုင်လုပ်ကိုင်စေသည့် လုပ်ငန်းမျိုး ထူထောင်ပေးခြင်းဖြစ်သည်။ ထိုသို့သောလုပ်ငန်းများ ထောင်ပေါင်းများစွာကို ထူထောင်ပေးခဲ့သည်။ ၁၉၇၉ခုနှစ် တွင် စတင်ခဲ့သော ထိုစနစ်ကြောင့် ၁၉၈၆ခုနှစ်အရောက်တွင် TVEs များမှနေ၍ ကျေးလက်ဒေသ၏ ၂၁ရာခိုင်နှုန်းလုပ်အား ကို အသုံးပြုနိုင်ခဲ့ပြီး ကျေးလက်ထွက်ကုန်၏ တစ်ဝက်ကျော်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

၄၅။ TVEs များ၏စွမ်းဆောင်မှုကို တိန့်ရှောင်ဖိန် အံ့သြခဲ့ရသည်။ TVEs များက ယခုကဲ့သို့လုပ်ဆောင်နိုင်စွမ်းရှိမည်ဟု မထင်ခဲ့ကြောင်း သူက ဝန်ခံခဲ့သည်။ ထိုမှရရှိသောသင်ခန်းစာမှာ ပြည်သူလူထုအား အထင်မသေးသင့်ကြောင်း၊ ဘာတွေလုပ် ကြဟု သူတို့အား ပြောဆိုနေမည့်အစား သူတို့အကျိုးရှိမည့်အလုပ်ကို သူတို့ကိုယ်တိုင်သိကြသောကြောင့် သူတို့၏ဆန္ဒနှင့် လုပ်ဆောင်မှုများကို ကူညီပံ့ပိုးပေးရန်သာသင့်ကြောင်း ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမဟာဗျူဟာတွင် ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်ပါသည်။


မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး - လမ်းပြစာတမ်း (ပြုစုသူ - ဦးမြင့်)>>> ( အပိုင်း ၃ ) ပြီးပါပြီ။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး - လမ်းပြစာတမ်း ( အပိုင်း ၂ )


(ခ) ဆင်းရဲမှုကို တိုင်းတာခြင်း


၁၃။ ဆင်းရဲမှုအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ညွှန်းကိန်းများကို သတ်မှတ်ပြီးသည့်အခါ ယင်းတို့ကိုအခြေခံ၍ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရန် လိုအပ်ပါသည်။ ယင်းသို့ပြုလုပ်ရာတွင် အဆင့်သုံးဆင့်ရှိပါသည်။

၁၄။ ပထမအဆင့်မှာ အိမ်ထောင်စု စစ်တမ်းကောက်ယူခြင်းဖြစ်ပါသည်။ ဆင်းရဲမှုနှင့်ပတ်သက်၍ တိုင်းတာမှုအားလုံးသည် ၄င်းစစ်တမ်းကောက်ယူမှုအပေါ် မူတည်ပါသည်။ စစ်တမ်းကောက်ယူရာတွင် သင့်လျော်သောစာရင်းအင်းနည်းပညာကို ရွေးချယ်အသုံးပြုသည့်အပြင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသော ကမ္ဘာ့ဘဏ်၏ လူနေမှုအဆင့်အတန်း တိုင်းတာမှုစစ်တမ်း Living Standards Measurement Survey (LSMS) နည်းလမ်းကို ရွေးချယ်အသုံးပြုလေ့ရှိပါသည်။ ထိုနည်းလမ်းတွင် အပိုင်းသုံးပိုင်းရှိပါသည်။ အိမ်ထောင်စုစစ်တမ်းမေးခွန်းလွှာ (Household Questionnaire) တွင် အိမ်ထောင်စုဖွဲ့စည်း ထားပုံ၊ စားသုံးမှုပုံစံ၊ ပစ္စည်းပိုင်ဆိုင်မှု၊ မြေပိုင်ဆိုင်မှု၊ ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးအခြေအနေ စသည်တို့နှင့် ပတ်သက်သည့် စစ်တမ်းမေးခွန်းလွှာထုတ်ခြင်းမျိုးဖြစ်သည်။ ရပ်ရွာမေးခွန်းလွှာ (Community Questionnaire) တွင် ရပ်ရွာခေါင်းဆောင်များ (ကျေးရွာရှိ ရှေးမီနောက်မီ လူကြီးများ၊ အရာရှိများ၊ ဆရာများ၊ ကျန်းမာရေးလုပ်သားများ)အား ရပ်ရွာတစ်ခုလုံးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မေးမြန်းခြင်းမျိုးဖြစ်သည်။ ဥပမာအားဖြင့် ကျန်းမာရေး ဆေးခန်းအရေအတွက်၊ ကျောင်းတက်နိုင်မှု၊ အခွန်ကောက်ခံမှုနှင့် စိုက်ပျိုးရေးပုံစံ စသည့်အချက်အလက်များ ဖြစ်ပါသည်။ နောက်ဆုံးအချက်အနေဖြင့် ကုန်ဈေးနှုန်းဆိုင်ရာမေးခွန်းလွှာ (Price Questionnaire) အားဖြင့် သက်ဆိုင်ရာကုန်စည်နှင့် ဝန်ဆောင်မှုများ၏ဈေးနှုန်းကို မေးမြန်းခြင်းဖြစ်ပါသည်။

၁၅။ အိမ်ထောင်စုစစ်တမ်းကောက်ပြီးပါက နောက်အဆင့်မှာ ဆင်းရဲမှုမျဉ်း (Poverty Line)သတ်မှတ်ရန်ပင် ဖြစ်ပါ သည်။ ဆင်းရဲမှုမျဉ်းကို အခြေခံလိုအင် (Basic Needs) ဖြည့်ဆည်းရန်အတွက် လိုအပ်သည်ဟု ထည့်သွင်းစဉ်းစားထား သောအစားအစာနှင့် အစားအစာမဟုတ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဖော်ထုတ်ရာမှ ရရှိမည်ဖြစ်သည်။ ထိုကုန် ပစ္စည်းနှင့်ဝန်ဆောင်မှုတို့၏တန်ဖိုးကို ခန့်မှန်းတွက်ချက်ခြင်းဖြင့် ဆင်းရဲမှုမျဉ်းကို ရရှိပါမည်။

၁၆။ ဆင်းရဲမှုမျဉ်းအမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာအားဖြင့် မြို့ပြများတွင်နေထိုင်သူတို့၏ကုန်ကျစရိတ်သည် ကျေးလက်ဒေသ တွင်နေထိုင်သူတို့၏ကုန်ကျစရိတ်ထက် ပိုမိုများပြားမည်ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံအသီးသီး၌ မြို့ပြနှင့် ကျေးလက်တို့အတွက် ဆင်းရဲမှုမျဉ်းကို ခွဲခြားသတ်မှတ်ထားလေ့ရှိသည်။ အစားအသောက်သည် ဆင်းရဲနွမ်းပါးသူတို့အတွက် အဓိကလိုအပ်ချက်ဖြစ်၍ အစားအသောက်ဆင်းရဲမှုမျဉ်း (Food Poverty Line) ကို အစားအစာနှင့် အစားအစာမဟုတ်သောကုန်စည်နှင့် ဝန်ဆောင်မှုများပါဝင်သည့် အထွေထွေဆင်းရဲမှုမျဉ်းတို့ကို ခွဲခြားသတ်မှတ်လေ့ရှိပါသည်။ အချိန်ကာလအလျောက် ဆင်းရဲမှု မျဉ်းကို ပြင်ဆင်မှုပြုရပါသည်။ ငွေကြေးဖောင်းပွမှုသည် အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ နောက်တစ်ချက်မှာ နိုင်ငံတစ်နိုင်ငံ သည် ဖွံ့ဖြိုးတိုးတက်လာပါက သာမန်လူတို့၏ ပျမ်းမျှလူနေမှုအဆင့်လည်း မြင့်တက်လာမည်ဖြစ်ပြီး ထိုပြောင်းလဲမှုနှင့်အညီ ဆင်းရဲမှုမျဉ်းကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါမည်။

၁၇။ ဆင်းရဲမှုမျဉ်းကို သတ်မှတ်ပြီးသည့်အခါ နိုင်ငံအတွင်း ဆင်းရဲမှုအတိုင်းအဆပမာဏကိုသိရှိနိုင်ပါသည်။ ဝင်ငွေအရ သို့မဟုတ် စားသုံးမှုစရိတ်များအရ ဆင်းရဲမှုမျဉ်းအောက်တွင်ရှိနေသော လူဦးရေရာခိုင်နှုန်းကို တွက်ချက်သိရှိနိုင်ပါမည်။ ၄င်းကို လူဦးရေဆင်းရဲမှုညွှန်းကိန်း (Headcount Poverty Index) သို့မဟုတ် လူဦးရေအရ ဆင်းရဲမှုနှုန်း(Poverty Rate)ဟု ခေါ်ဆိုပြီး ထိုအညွှန်းကိန်းမှာ တွက်ချက်ရလွယ်ကူ၍ နားလည်ရန်လည်း လွယ်ကူသည့်အတွက် အသုံးများပါသည်။ ထိုသို့သောနည်းလမ်း အားဖြင့် တိုင်းတာ၍ရသောရလဒ်ကို နိုင်ငံ၏ Absolute Poverty Index ဟု ခေါ်ပါသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး - လမ်းပြစာတမ်း


အမျိုးသားအဆင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) နေပြည်တော်
မေလ-၂ဝ-၂၂ရက်၊ ၂၀၁၁ခုနှစ်




နိဒါန်း

၁။ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးအတွက် အောက်ဖော်ပြပါကိစ္စငါးရပ်ကို ထည့်သွင်းစဉ်းစားမည်။

၂။ ပထမဦးစွာ ရှေ့ဆက်ဆင်းရဲနွမ်းပါးမှုလျော့ကျရေးဆောင်ရွက်ရန် မိမိတို့၏ လက်ရှိအခြေအနေကို သိထားရမည်။ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူတို့၏ဘဝကို မြှင့်တင်ပေးနိုင်ရေးအတွက် ဆင်းရဲသူတို့နှင့် ပတ်သက်သည့် လက်ရှိအခြေအနေ၊ လိုအပ်ချက်နှင့် မိမိတို့၏လိုအင်ဆန္ဒများကို သိထားရန် လိုအပ်ပါသည်။ သူတို့၏လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေ ရေးအတွက် အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရအရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင် အတတ်ပညာရှင်များ၏ နိုင်ငံတွင်းရှိ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အတွေ့အကြုံများ၊ သင်ခန်းစာများကို ထုတ်နုတ်ရယူရန် လိုအပ်မည်ဖြစ်ပါသည်။ အထူးသဖြင့် ကျေးလက်နှင့် နယ်စပ်ဒေသတို့တွင် တာဝန်ယူဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတို့၏ အတွေ့အကြုံများသည်လည်း အရေးပါပါသည်။ ဖွံ့ဖြိုးမှုအခွင့်အလမ်း နည်းပါးသည့် တိုင်းရင်းသားလူမျိုးစုနှင့် နယ်စပ်ဒေသတွင် လူမှုဒုက္ခကြုံတွေ့နေရသည့် လူမှုအဖွဲ့အစည်းများ၏ အထူးလိုအပ်ချက် များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်။

၃။ ဒုတိယအချက်မှာ မိမိသွားလိုရာပန်းတိုင်ကိုသိရှိပြီး ပန်းတိုင်သို့ရောက်အောင် သွားရန်နည်းလမ်းကို တွေးတောကြံဆ ရပါမည်။ တစ်နည်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို စနစ်တကျနှင့် ထိရောက်စွာ လျော့ကျနိုင်စေရေးအတွက် မဟာဗျူဟာ တစ်ရပ်ရှိရမည် ဖြစ်ပါသည်။ မဟာဗျူဟာချမှတ်ဆောင်ရွက်ရာတွင် ကာယကံရှင် ဆင်းရဲနွမ်းပါးသူတို့၏ ပြောကြားချက်များ၊ လက်တွေ့ဆောင်ရွက်နေကြသူတို့၏ Óဏ်ပညာများအပေါ်တွင် အခြေခံရမည်။ အလားတူပင် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့မှ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ပတ်သက်၍ စီမံဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ ကောင်းများမှတစ်ဆင့် သင်ခန်းစာယူရမည်လည်းဖြစ်ပါသည်။ ထိုနည်းတူစွာပင် ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ပြုစုရေးသားထားကြသော သုတေသနစာတမ်းများကလည်း များစွာအထောက်အကူပြုနိုင်ပါမည်။ ယခုအခါ ကုလသမဂ္ဂက ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက် Millennium Development Goals (MDGs)2ကို ဆင်းရဲမှုလျော့ပါးစေရေး အတွက် ကြိုးပမ်းချမှတ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ယခုကြိုးပမ်းအားထုတ်နေသော ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာသစ်သည် အခွင့်အလမ်းသစ်များ ရယူနိုင်မည်ဖြစ်သကဲ့သို့ မြန်မာနှင့်ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုအသစ်များကိုလည်း တုံ့ပြန်ဖြေရှင်းနိုင်ဖွယ်ရာရှိပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးမဟာဗျူဟာသစ်ကြောင့် နိုင်ငံအတွင်းရှိ ဆင်းရဲနိမ့်ကျနေသော ပြည်သူလူထု၏ လူနေမှုဘဝမြင့်မားစေရေးကို အထောက်အကူပြုလာမည်ဖြစ်ပါသည်။

၎။ တတိယအချက်မှာ မဟာဗျူဟာရှာဖွေဖော်ထုတ်ပြီးသည့်နောက်တွင် နောက်တစ်ဆင့်၌ မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ရပါမည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးမဟာဗျူဟာကို လက်တွေ့လုပ်ငန်းအစီအစဉ် (Action Programme) ရေးဆွဲရန် ဖြစ်ပါသည်။ လက်တွေ့လုပ်ငန်းအစီအစဉ်တွင် မဟာဗျူဟာ၌ ချမှတ်ထားသော အထူးကိစ္စများ၊ အကြံပြုချက်များနှင့် ဆက်စပ်သည့်လုပ်ငန်းစီမံကိန်းများ ပါဝင်ပါမည်။ လုပ်ငန်းစီမံကိန်းများသည် ရည်မှန်းချက်များ၊ လျာထား ချက်များကို သတ်မှတ်ထားပြီး အချိန်ကာလတစ်ခုအတွင်း တိကျစွာအကောင်အထည်ဖော်ရပါမည်။ စီမံချက်များမှ ရလဒ်များ ထွက်ပေါ်လာပြီး ထွက်ပေါ်လာသောရလဒ်များကို တိုင်းတာပြနိုင်ရမည်။ ဆင်းရဲနွမ်းပါးသူတို့၏ ဘဝအခြေအနေ တိုးတက် ကောင်းမွန်လာကြောင်း ပြနိုင်ရမည်။ အချိန်ကာလအတိုင်းအတာဆိုသည်မှာ သတ်မှတ်ကာလအတွင်း လျာထားချက်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရေးဖြစ်သည်။ ဥပမာ-ကျေးလက်ဒေသရှိ ကျောင်းနေအရွယ် ကျောင်းမနေနိုင်သော ကလေးအရေအတွက် သုံးနှစ်အတွင်း ထက်ဝက်လျှော့ချနိုင်ရေး လျာထားချက်မျိုး ဖြစ်ပါသည်။

Wednesday, August 7, 2013

Burmese Historical Maps

Burmese Historical Maps

 ဒေါက်တာရီရီ၊ အကြီးတန်းသုတေသနမှူး ( ကုန်းဘောင်ခေတ် ) ရေးသားပြုစုထားတဲ့ မြန်မာ့သမိုင်းအထောက်ထားများ ၁၁၄၃-၈၁ စာတမ်းမှာ ဒီလိုရေးထားတာမှတ်သားရဖူးတယ်။

 ဒေါက်တာသန်းထွန်းရဲ့စာတမ်းနှင့် ကွဲလွဲမှုတချို့တွေ့ရပါတယ်။

 သုနာပရန္တတိုင်း - စကုမြို့ ၊ စလင်းမြို့၊ ဖောင်းလင်းမြို့ နှင့် လယ်ကိုင်းမြို့

 တပ္ပဒီပတိုင်း - ပေါက္ကံမြို့၊ မြင်စိုင်းမြို့၊ စကိုင်းမြို့၊ အင်းဝမြို့ နှင့် ပင်းယ

 ရာမညတိုင်း - ပုသိမ်မြို့ ၊ ဒလမြို့၊ မြောင်းမြမြို့ နှင့် မုတ္တမမြို့

 ဟရိပုဉ္စနတိုင်း - ဇင်းမယ်မြို့ နှင့် လပုံးမြို့

 ဒူရကတိုင်း - ထားဝယ်မြို့၊ မြိတ်မြို့ ၊ တနင်္လာရီမြို့ နှင့် ရေးမြို့

 ကမ္ဗောဇတိုင်း - မိုးမိတ်မြို့ ၊ မိုးနဲမြို့ နှင့် ညောင်ရွှေမြို့

 သရေခေတ္တရာတိုင်း - ပြည်မြို့၊ ဥဒရာဇ်မြို့ နှင့် ပန်တောင်းမြို့

 နာဂလျှတိုင်း - ကသည်းမြို့ နှင့် ခွေးရှည်မြို့

 ဇေယဝဍ္ဎနတိုင်း - ကေတုမတီမြို့ နှင့် ဇေယဝတီမြို့

 ခေမာရဋ္ဌတိုင်း - ကျိုင်းတောင်းမြို့၊ ကျိုင်းတုံမြို့ နှင့် ကျိုးချိုင်မြို့

 စိန့်တိုင်း - မိုးကောင်းမြို့၊ မိုးညှင်းမြို့၊ ဗန်းမော်မြို့၊ ခွေးလုံးမြို့ နှင့် စန္ဒားမြို့

 ဇောတိရဋ္ဌတိုင်း - ကျိုင်းရုံးမြို့ နှင့် မိုင်းအုံမြို့



Monday, August 5, 2013

အိပ်မက်ဆိုးမှ နိုးထစေသော်

ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်သည် ခေတ်အဆက်ဆက် နိုင်ငံ၏အထွေထွေကဏ္ဍတို့၌ အရေးပါသော လူငယ်သူရဲကောင်းတို့ကို အစဉ်မွေးထုတ်ပေးခဲ့သည်။ နိုင်ငံရှိလျှင် ကျောင်းရှိရမည်။ ကျောင်းရှိလျှင် ကျောင်းသားရှိရမည် ဖြစ်သည်။ မြန်မာ့နိုင်ငံရေးလောကတွင် ကိုလိုနီခေတ်၊ လွတ်လပ်ရေးကြိုးပမ်းခေတ်၊  လွတ်လပ်ပြီးခေတ်၊   ပြည်တွင်းစစ်ခေတ်၊   တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တ- နအဖခေတ်နှင့် မျက်မှောက်ခတ် တည်းဟူသော ခေတ်အဆက်ဆက်၏ လှိုင်းတံပိုးကြားတွင် ရန်ကုန်တက္ကသိုလ်အပါအ၀င် နိုင်ငံ၏ကျောင်းသားလူငယ်တို့သည် အုပ်ချုပ်သူ လူတန်းစားတို့၏ မျက်ကွယ်ပြုမှု၊ ဖိနှိပ်မှုအမျိုးမျိုးတို့ကို ခံခဲ့ရသည်။ ယခုချိန်ထိလည်း မျက်ကွယ်ပြုခံနေရဆဲ ဖြစ်သည်။ ဇူလိုင် ၇- ရက်နေ့သည် ကိုအောင်ကျော်၊ ကိုဗဟိန်းစသော ကျောင်းသားအသီးသီးတို့၏   သွေးမြေကို   မြေခ ကြွေကျခဲ့သည့်နေ့၊ ယင်းတို့ကို ကျောင်းသားတိုင်း ကျောင်းသားဖြစ်ခဲ့ဖူးသူတိုင်း ဂုဏ်ပြုအောက်မေ့နေရမည် ဖြစ်သည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များသည်လည်း မြန်မာနိုင်ငံတွင်းက တက္ကသိုလ်ကျောင်းသားများ၊ အခြေခံကျောင်းသားများအားလုံးနှင့် ထပ်တူ ဇူလိုင် ၇-ရက်နေ့ကို အမှတ်ရ ဂုဏ်ပြုနေမည် ဖြစ်ပါသည်။ သို့သဖြင့် ကိုကျော်ဆန်းမင်း၊ ကိုဉာဏ်မျိုးအောင်တို့၏ ဆောင်းပါးကိုလည်း တစ်ဆင့်ပြန်လည်  တင်ပြအပ်ပါသည်။ 



အိပ်မက်ဆိုးမှ နိုးထစေသော်

၁၉၆၂ ဇူလိုင်လ ၈ ရက် နံနက် ၆နာရီ ဝန်းကျင်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားအပြီး နာရီပိုင်းအကြာ ရန်ကုန်မြို့တော်တစ်ဝန်း သတင်းပျံ့လာသည်က ‘ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ မိုင်းခွဲခံလိုက်ရပြီ’ ဆိုသည့်သတင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ ဆိုသည်က နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး သမိုင်းမှတ်တိုင်ကြီးလည်း ဖြစ်သည်။ ယင်းသမိုင်းမှတ်တိုင်ကြီး မည်သည့်အတွက် ဖြိုချခံလိုက်ရသနည်း။




 တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှ အဓိပတိလမ်းအတိုင်း ငြိမ်းချမ်းစွာ ချီတက်လာခဲ့ကြပုံ


၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုကို အကြောင်းပြုပြီး အာဏာသိမ်းပြီးစ ဦးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီက ဖြိုချလိုက်ခြင်း ဖြစ်သည်။


Monday, July 29, 2013

ယဉ်ကျေးမှုနှင့်ဘာသာစကား

ဒီဘက်ခေတ်မှာတိုင်းရင်းသားဘာသာစကားတွေ၊ ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးတမ်းအစဉ်လာလေးတွေတဖြည်းဖြည်းမှေးမိန်လာနေတာကိုတွေ့ရပါတယ်။ ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုတာ လူမျိုးတစ်ခုရဲ့ အမှတ်သင်္ကေတ Identity ဖြစ်တာမို့ ခုလိုမှေးမိန်လာခြင်းဟာ လူမျိုးစုရှင်သန်မှုအားနည်းလာ တာကိုပြနေပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ဘာသာစကားတွေထဲက ၁၄ ရက်ပြည့်တိုင်း (နှစ်ပတ်)ပြည့်တိုင်း ဘာသာစကားတစ်ခုဟာ အမြဲပျောက်ဆုံးနေတယ်လို့သုတေသီတွေရဲ့အစီရင်ခံစာအရသိရပါတယ်။ လူသားတွေရဲ့ရပ်တည်မှုနှင့် သဘာဝစနစ်ကြီးတစ်ခုလုံးကို အပြည့်အ၀နားမလည်နိုင်သေးခင်မှာ အကူအညီမဲ့နေတဲ့ယဉ်ကျေးမှုနှင့်ဘာ သာစကားတွေဆုံးရှံးပျောက်ကွယ်နေတာဟာ လူသား ထုတစ်ရပ် လုံးအတွက်ဆုံးရှံးမှုတစ်ရပ်ပဲဖြစ်တာမို့ ၀မ်းနည်းစရာကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူတိုင်းလူတိုင်း နိုင်ငံတော်ဘာသာစကားကိုပြောနိုင်ရေးနိုင်ရင် တခြားစကားနှင့်စာပေ တွေပျောက်ဆုံးသွားလည်း ဘာဖြစ်လဲဆိုပြီးတိုင်းရင်းသားတွေရဲ့ဘာသာစကား နဲ့ပတ်သက်ပြီး လူတချို့ပြောတာကိုကြားဖူးပါတယ်။ ဒါကြောင့်၊ ဘာသာစကားတစ်ခုကိုထိန်းသိမ်းမှုဟာ ဘယ်လောက်၊ ဘာကြောင့်အရေးကြီးတယ်ဆိုတာကို ရှင်းဖို့လိုလာပါပြီ။ ကမ္ဘာပေါ်ဘာသာစကားတစ်မျိုးတည်း ပြောရင်ကောင်း တယ်လို့ကျနော်မယုံကြည်ပါဘူး။ လောကဂေဟစနစ်နှင့်လူသားသမိုင်းကိုနားလည်နိုင်ဖို့ဆိုရင် မတူညီတဲ့စံနှုန်းတွေ၊ ရှုထောင့်တွေ ဘက်ကေ နသုံးသပ်နိုင်မယ့် ကွဲပြားတဲ့တန်ဘိုးတွေရှိနေသင့်တယ် လို့ယုံကြည်လို့ပါ။

ကဘော်ချိုမ့်ဝှမ်းနှင့်သမိုင်းမှတ်တမ်း

ဒီဘက်ခေတ်မှာတိုင်းရင်းသားဘာသာစကားတွေ၊ ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးတမ်းအစဉ်လာလေးတွေတဖြည်းဖြည်းမှေးမိန်လာနေတာကိုတွေ့ရပါတယ်။ ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုတာ လူမျိုးတစ်ခုရဲ့ အမှတ်သင်္ကေတ Identity ဖြစ်တာမို့ ခုလိုမှေးမိန်လာခြင်းဟာ လူမျိုးစုရှင်သန်မှုအားနည်းလာ တာကိုပြနေပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ဘာသာစကားတွေထဲက ၁၄ ရက်ပြည့်တိုင်း (နှစ်ပတ်)ပြည့်တိုင်း ဘာသာစကားတစ်ခုဟာ အမြဲပျောက်ဆုံးနေတယ်လို့သုတေသီတွေရဲ့အစီရင်ခံစာအရသိရပါတယ်။ လူသားတွေရဲ့ရပ်တည်မှုနှင့် သဘာဝစနစ်ကြီးတစ်ခုလုံးကို အပြည့်အ၀နားမလည်နိုင်သေးခင်မှာ အကူအညီမဲ့နေတဲ့ယဉ်ကျေးမှုနှင့်ဘာ သာစကားတွေဆုံးရှံးပျောက်ကွယ်နေတာဟာ လူသား ထုတစ်ရပ် လုံးအတွက်ဆုံးရှံးမှုတစ်ရပ်ပဲဖြစ်တာမို့ ၀မ်းနည်းစရာကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူတိုင်းလူတိုင်း နိုင်ငံတော်ဘာသာစကားကိုပြောနိုင်ရေးနိုင်ရင် တခြားစကားနှင့်စာပေ တွေပျောက်ဆုံးသွားလည်း ဘာဖြစ်လဲဆိုပြီးတိုင်းရင်းသားတွေရဲ့ဘာသာစကား နဲ့ပတ်သက်ပြီး လူတချို့ပြောတာကိုကြားဖူးပါတယ်။ ဒါကြောင့်၊ ဘာသာစကားတစ်ခုကိုထိန်းသိမ်းမှုဟာ ဘယ်လောက်၊ ဘာကြောင့်အရေးကြီးတယ်ဆိုတာကို ရှင်းဖို့လိုလာပါပြီ။ ကမ္ဘာပေါ်ဘာသာစကားတစ်မျိုးတည်း ပြောရင်ကောင်း တယ်လို့ကျနော်မယုံကြည်ပါဘူး။ လောကဂေဟစနစ်နှင့်လူသားသမိုင်းကိုနားလည်နိုင်ဖို့ဆိုရင် မတူညီတဲ့စံနှုန်းတွေ၊ ရှုထောင့်တွေ ဘက်ကေ နသုံးသပ်နိုင်မယ့် ကွဲပြားတဲ့တန်ဘိုးတွေရှိနေသင့်တယ် လို့ယုံကြည်လို့ပါ။

ယောမင်းကြီး ဦးဖိုးလှိုင်

"မရတော့ဘူးမောင်ကောင်း...ဟိုကောင်ကင်မှာကြည့်လိုက်စမ်းဟသာင်္တာရာညာမျက်

လုံးညှိးနေပြီ
..
အဲတာမြန်မာပြည်အကျိုးနည်းမဲ့အဖြစ်မြန်မာပြည်သူ့ကျွန်ဖြစ်မယ့်နိမိတ်...ကယ်လို့မရေ

တာ့ဘူးမောင်ကောင်း...

.ငါကတော့ယောပြန်ပြီးမြေဆုပ်အိုးလုပ်စားတော့မယ်"'ဒီစကားတွေကတော့ရွှေပြည်ဝ

န်(ခ)ယောအတွင်းဝန်ဦးဘိုလိုင်ပြောခဲ့တဲ့စကားတွေပါ

ဦးဖိုးလိုင်ဟာငယ်စဉ်ပညာသင်ကြားရာမှာလဲကျောင်းထိုင်ဆရာတော်ဘုရားမှနောက်ေ

ပြာင်ကျီစယ်လိုသောသဘောဖြင့်

မောင်လိုင်မင်းတွက်ထားတဲ့သချာင်္အဖြေကမှားနေတယ်ပြောလိုက်ရာတွက်တာမှားရပါ

မလားဆိုပြီးကိုယ့်လက်ကိုယ်ဖြတ်မယ်လုပ်ခဲ့တဲ့

အဖြစ်အပျက်လေးကိုထောက်ရူ့ကြည့်မယ်ဆိုရင်ဦးဘိုးလိုင်စိတ်ဓါတ်ကိုအားလုံးခန့်မှန်း

လို့ရမယ်ထင်ပါတယ်



မြန်မာ့သမိုင်းတွင်ထင်ရှားကျော်ကြားလှသော သမိုင်းဝင်ပညာရှင်ကြီး ဦးဖိုးလှိုင်၏

 အဖိုးမှာစာရေးတော်ကြီးဦးတော ဖြစ်သည်။ ဦးတောသည် ယင်းတောရွာမှ ဖြစ်ကာ

 ဥာဏ်ပညာထက်မြက်သူတစ်ယောက်လည်းဖြစ်သည်။ သူသည်

 အမရပူရမင်းနေပြည်သို့ သွားရောက်ကာ မိမိ၏ ကြီးပွားရေးလမ်းစကိုရှာဖွေရာ

 ဥာဏ်ပညာထက်မြက်သောကြောင့် ရွှေပြည်ဝန်လက်ဝဲ၀င်းတော်မှုး 

၏သမီးနှင့်ထိမ်းမြားနိုင်ခွင့်ရလေသည်။ (အကြောင်းပါခဲ့သည်)။ ရွှေပြည်ဝန်က 

ဦးတော၏ပညာဥာဏ်ကို သဘောကျသဖြင့် နန်းတွင်းတွင်

 အမှုထမ်းဆောင်ခွင့်ရအောင် စီမံပေးသောကြောင့် မင်းနေပြည်တော်တွင်

 စာရေးတော်ကြီး အဖြစ် အမှုထမ်းခွင့်ရခဲ့သည်။ စာရေးတော်ကြီးဦးတောနှင့်

 ရွှေပြည်ဝန်သမီးနှင့်တို့မှ သားတစ်ယောက်ထွန်းကားလေရာ ထိုသူငယ်ကို 

ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းသောကြောင့် မောင်တုတ်ကြီးဟုခေါ်ဆိုကြသည်။

 မောင်တုတ်ကြီးမှာ ငယ်စဉ်ကပင် ဓါးခုတ်၊ လှံထိုး ကျွမ်းကျွင်လှသည်။ အဖမှာလည်း

 နန်းတွင်းမှ ဖြစ်သောကြောင့် ဓားရေးလှံရေးကို စနစ်တကျ သင်ကြားခွင့်ရသည်။

 မောင်တုတ်ကြီးအရွယ်ရောက်လာသောအခါ သူ၏ဖခင် ဦးတောက

 စစ်ဘက်တွင်အမှုထမ်းရန်လမ်းညွှန်တိုက်တွန်းသောကြောင့် စစ်ဘက်တွင် 

အမှုထမ်းခဲ့ပြီး ရဲစွမ်းရှိသောကြောင့် မကြာမီပင်

 စစ်သူကြီးအဆင့်ရောက်ရှိလာလေသည်။ ထိုအခါသူ့အားလေးစားသမှုဖြင့်

 ဦးရွှေတုတ်ဟု ခေါ်ဆိုကြလေသည်။ ဦးရွှေတုတ်သည် ယောမင်းကြီးဦးဖိုးလှိုင်၏ 

အဖပင်ဖြစ်လေသည်။

သင်္ကြန် သမိုင်းကြောင်း

သင်္ကြန် သမိုင်း …. ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ

 ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန်

 မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ 

ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။



သိကြားမင်း -ဗြဟ္မာမင်း




တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် 


သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့

 ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့

 သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ 

ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။

ကနောင်မင်းသား

                  
                                         


                                              ကနောင်မင်းပုံတော်





ကနောင်မင်းကို ကနောင်မင်းသား(သို့) ကနောင်မင်းသားကြီးဟု ခေါ်ဝေါ်သုံးနှုန်းကြသည်က 


များသည်။ စင်စစ်အားဖြင့် မြန်မာ့နန်းတွင်းအခေါ်အဝေါ်အရဆိုလျှင် အိမ်ရှေ့မင်းဖြစ်သော


 ကနောင်ကို ကနောင်မင်းဟုသာ ခေါ်ရမည်ဖြစ်သည်။ မင်းသား (သို့)မင်းသားကြီး ဆိုသည်မှာ


 အိမ်ရှေ့မင်းထက် အဆင့်နိမ့်သည်။



ကနောင်မင်းသား(မြန်မာ ၁၁၈၁-၁၂၈၁) သည်မြန်မာနိုင်ငံ



 ကိုယ့်မင်းကိုယ်ချင်းဘ၀နှင့်နေစဉ်ကပင် နိုင်ငံတော်ကို ခေတ်သစ်နိုင်ငံတခု


 ဖြစ်မြောက်အောင်ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့သည့် မြန်မာမင်းသားကြီး တစ်ပါး


 ဖြစ်သည်။ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစံနစ် ပြောင်းလဲခြင်းကို အကြောင်းပြု၍


 လူ့သမိုင်းတွင် ခေတ်တစ်ခေတ်မှ အခြားခေတ်တစ်ခေတ်သို့ ပြောင်းလဲလာခဲ့ရသည်ဖြစ်ရာ


 မြန်မာနိုင်ငံတွင်လည်း ၁၉ ရာစု နှစ်များ အလယ်လောက်က ခေတ်ပြောင်းလဲခြင်းကို


 ဖန်တီးပေးသည့် အဖြစ် အပျက်များပေါ်ပေါက်ခဲ့လေသည်။

လက်နက် နိုင်ငံတော်မရှိတဲ့ ဧကရာဇ် (၁၅၅၇)

(ထီးပေါင်းကားစာအုပ်တိုက်ကထုတ်၊ ဒေါက်တာသန်းထွန်း၏ "ဂံ-ဂိုး-၀" စာအုပ်၊ ၂၀၀၅၊ 


ဒီဇင်ဘာ၊ ပထမအကြိမ်မှ)


ရှင်းလင်းပြောပြစရာ အများကြီးနော်။ အချိန်ကာလတိုတိုမှာ နောင်အကြာကြီး အကျိုး 



အပြစ်ခံရမယ့် အကြောင်းအရာတွေကတော့ အစုလိုက်အပြုံလိုက် တိုးနေတယ်။ မြန်မာအများ


 က ဗုဒ္ဓသာသနာဟာ အနှစ်ငါးထောင်တည်မယ်လို့ ယုံတယ်။ ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ။


 သာသနာ အဓွန့်ရှည်အောင်လုပ်ဖို့ လူအား ငွေအား အများကြီးလိုတယ်။ ဒါပေမယ့် 


ဘာပဲပြောပြော တခုခုကို တကယ်ယုံကြည်ပြီး လုပ်ချင်ကြပြီဆိုရင် ဟိုလိုတမျိုးလုပ်၊ ဒီလိုတမျိုး


 လုပ်နဲ့ ပန်းတိုင်ကို ဆိုက်သွားတာပါပဲ။ အဲဒီအားကို ငါက အသုံးချရမှာလို့ ငါယူဆပြီးသား၊


 လူစွမ်းကောင်းဆိုရင် အပြောမပိုင်ဘူး။ ဒါပေမယ့် သူက အစွမ်းထက်တဲ့ ဧရာမပုဂ္ဂိုလ်ကြီး


 ဖြစ်လာတတ်ပါတယ်။ ငါ့ကိုယ်ငါ သီရိပရ၀မမဟာရာဇာဓိရာဇ (ဘုန်းကျက်သရေကြီးတဲ့


 တရားစောင့်တဲ့ မင်းတကာ့မင်း) လို့ ဆိုတယ်။

ဘုရင့်နောင် (၁)

ဘုရင့်နောင်(အေဒီ ၁၅၁၅-၁၅၈၁)ကို ဟံသာဝတီဆင်ဖြူများရှင် အဖြစ်လည်း 


အသိများပါသည်။ တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိတ


ပြည်ထောင်စုမြန်မာနိုင်ငံကြီး တည်ထောင်ရေးကို အဆုံးတိုင် အောင်မြင်စေခဲ့သည် သာမက 

ပတ်ဝန်းကျင်ရှိ တိုင်းပြည်များကိုပါ ရိုသေခံ့ညားအောင် ဘုန်းတန်ခိုးကြီးသည့် ဘုရင်

 ဧကရာဇ်တစ်ပါး ဖြစ်သည်။ ဦးကုလား၊ မှန်နန်းရာဇ၀င် အစရှိသည့်

 ရာဇ၀င်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းမျိုးမှန်သူဟု ဆွေမျိုးစဉ်ဆက်

 ပြဆိုကြသော်လည်း မွန်၊ ရခိုင်နှင့် ယိုးဒယား တို့မှ ရာဇ၀င်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှ

 ဆင်းသက်သူဟုသာ ပြဆိုကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ဘုရင့်နောင်ဟု

 ဆိုလိုက်လျှင် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် ကြီးမားသော အပြောင်းအလဲကို

 ဖြစ်စေသည့် ဘုရင်အဖြစ် အများက နားလည်ကြပေမည်သာ ဖြစ်သည်။ 

(*ဘုရင့်နောင်လက်ထက်တွင် မွန်ဝန်ကြီးဗညားဒလ မှာ ထင်ရှားသည့် 

အမတ်ကြီးတစ်ပါးဖြစ်သည်။)

ဘုရင့်နောင် (၂)

အင်းဝ



ထိုသို့ပြည်ကိုသိမ်းပိုက်ပြီးလျှင် သာယာဝတီစားနှင့် ဓနုဖြူစားတို့လည်း

 နောက်ပါအင်အားများနှင့်တကွခိုဝင်လာကြသည်။၁၀ ရက်ကြာပြီးလျှင် ပြည်မှ စလေ၊ပခန်း

ငယ် နှင့် ပုဂံထိ ချီတက်ရာ ပခန်းငယ်စား၊စလေစားတို့လည်းကြောက်ရွံသည်ဖြစ်သောကြောင့် 

တပ်မချခင်တွင်ပင် လာရောက်ခစားကြသည်။ပုဂံစားမှာမူတပ်ဦးရောက်သည်နှင့်

 လာရောက်တိုက်ခိုက်လေသည်။ဘုရင့်နောင်လည်း ကြည်းရေ နှစ်ဖက် အပြင်းတိုက်မှ 

ပုဂံစားက အသက်ချမ်းသာရန် လျှောက်ထားအညံ့ခံလာသည်။သို့သော်ရာထူးမှ နုတ်ပြီး

 ဦးရီးတော် မင်းစည်သူအားပုဂံကိုပေးသည်။